Subscribe to our RSS Feed

မြန်မာနိုင်ငံ ဘတ်စကားလောကသို့ ဂျာမနီနည်းပညာဖြင့် တည်ဆောက်ထားသော ယာဉ်များဖေဖော်ဝါရီလအတွင်း စတင်ရောက်ရှိမည်

From : SMG


မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလအတွင်း ဂျာမနီနိုင်ငံ၏ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီဖြစ်သော Man SE၏ ကုမ္ပဏီခွဲ Nepplan bus ၏နည်းပညာဖြင့် တည်ဆောက်ထားသော ဥရောပစံချိန်မီ Young Man Busများစတင်ဝင်ရောက်လာ မည်ဖြစ်ကြောင်း Young Man Myanmar Groupမှ ၂၆-၁-၂ဝ၁၂ ရက်က သိရသည်။အဆိုပါ ဘတ်စ်များ၏ တည်ဆောက်ထားပုံ နည်းပညာမှာ မိုနီကုတ်ပ်ဟုခေါ်သော လှောင်အိမ်သဏ္ဌာန်ကဲ့သို့ တစုတစည်းတည်း ဖွဲ့စည်းထားသော ကိုယ်ထည်ရှိပြီး ၎င်းယာဉ်၏ကိုယ်ထည်ကို သံမဏိပိုက်လုံးများဖြင့် လှောင်အိမ်သဏ္ဌာန် တည်ဆောက်ထားသော နည်းပညာကြောင့် ခရီးသည်များကို ပိုမိုလုံခြုံမှုပေးနိုင်သည့်အပြင် ယာဉ်ပိုင်ရှင်များအတွက် လောင်စာဆီနှင့် တာယာပါးနှုန်း ပို၍သက်သာစေရန် တည်ဆောက်ထားခြင်း ဖြစ်ကြောင်းသိရသည်။

''မိုနိုကုတ်ပ် နည်းပညာကို ဘတ်စကားတွေတင် မဟုတ်ဘူး။ လေယာဉ်ကိုယ်ထည် တည်ဆောက်တဲ့ နေရာတွေလည်း သုံးတယ်။ အခုမြန်မာပြည် ဈေးကွက်အတွင်းက ယာဉ်အများစုရဲ့ ဖွဲ့စည်းပုံက အောက်ပိုင်း ဖရိန်နဲ့သံကိုယ်ထည်ကို မူလီဆွဲထားတဲ့စနစ်၊ ဒီအားနည်းချက်တွေက ဖရိန်အလေးချိန်များလို့ ဆီစားတယ်၊ တာယာစားတာတွေဖြစ်လာတာ။Young Man Busတွေရဲ့ အားသာချက်က သီးခြားရှေ့ဝင်ရိုးကို အသုံးပြုထားလို့ မြေပြင်မညီညာရင်တောင် ခရီးသည်များ၏ ငြိမ့်ညောင်းမှုကို လျော့ပါးခြင်းမရှိဘူး'' ဟု Young Man Myanmar Groupမှ တာဝန်ရှိသူတစ်ဦးက ပြည်မြန်မာဂျာနယ်သို့ ပြောကြားသည်။

Myanmar Express


1 comments:

ဒီလို ခေတ်မှီတဲ့ ကားမျိုးမြန်မာနိုင်ငံကို တင်သွင်းလာမယ် ဆိုလို့  အလွန်ပဲဝမ်းမြောက် မိပါတယ်။သို့ ပေမဲ့ မက္ကင်းနစ် ပိုင်းတွေ ကိုလည်းထည့်စဉ်းစား ဖို့ လိုမယ်ထင်တယ်။ အရင်က ကြားဖူးတာပါ တပ်မတော် လေတပ်မှာ အနောက်နိုင်ငံကနေ တိုက်လေယဉ်တွေ ၀ယ် ဥပမာ 3 စီးကိုတပ်မှာထား တယ်ဆိုပါတော့ 2စီးလောက်ပဲ အဆင့်သင့်ရယ်ဒီ တိုက်ပွဲ ၀င်နိုင်ပြီး ကျန်တဲ့ လေယဉ်ကနေ စက်ပစ္စည်းတွေကို ဖြုတ်တပ်ပြီးသုးံတာ ရှိခဲ့ပါတယ် နည်းပညာ မြင့်တော့ ပြည်တွင်း မက္ကင်းနစ် တွေ က မလိုက်နိုင်တဲ့ သာဓက ရှိခဲ့တာ ကို ပြောတာပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်