Subscribe to our RSS Feed

နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံရေးပါတီ ၁၄ခု တွေ့ဆုံမည်


From : .The Voice

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ၁၄ပါတီမှ ခေါင်းဆောင်များနှင့် သြဂုတ်လ ၄ ရက်နေ့တွင် နေပြည်တော်ရှိ လယ်တောရိပ်သာ ရှင်းလင်းဆောင်၌ တွေ့ဆုံမည် ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။

အဆိုပါ ပါတီ များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ၊ မွန်ဒီမိုကရေစီ ပါတီ၊ ဇိုမီး အမျိုးသားကွန်ရက် ၊အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့၊ ခေတ်သစ် ပြည်သူ့ ပါတီ၊ မြန်မာလူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် စသည့် ပါတီများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်း သိရှိရသည်။

“ကျွန်တော်တို့ပါတီ ၊နိုင်ငံရေးပါတီ တွေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဆက်ဆံရေး၊ အမြဲအပြန်အလှန် ဆက်သွယ်ရရှိရေး၊ မြေယာနဲ့ ပတ်သတ်တာတွေ ဆွေးနွေးသွားမယ်" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကပြောကြားသည်။

အဆိုပါ နိုင်ငံရေးပါတီ ၁၄ ခုသည် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ကြိုတင် ညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ဇွန်လ ၁၈ ရက်နေ့က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီ၏ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်