Subscribe to our RSS Feed

မြန်မာပြည်သူလူထု အပေါ် ပိတ်ဆို့မှု သတ်တမ်းတိုးခြင်း အား အမေရိကန်ရောက် မြန်မာများ ဝမ်းသာအားရ ကြိုဆို


မြန်မာ့သွင်းကုန် ပိတ်ပင်တားမြစ်မှု အပါအဝင် အခြား အရေးယူ ပိတ်ဆို့မှုများကို သုံးနှစ် ထပ်မံ သက်တမ်းတိုးရန် အမေရိကန် အောက်လွှတ်တော်က ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ခဲ့သည့်အပေါ် အမေရိကန်ရောက် မြန်မာများ ဝမ်းသာအားရ ကြိုဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စီးပွားလာလုပ်မည့် လုပ်ငန်းရှင်များကို ကန့်သတ်ထားပြီး မြန်မာပို့ကုန်ပစ္စည်းများကို လက်မခံသေးဘူး ဖြစ်ပါတယ်။ ၎င်း ပိတ်ဆို့မှုကြောင့် မြန်မာပြည်သူ အများအပြား ထိခိုက်မှု ရှိတဲ့ အပြင် မြန်မာ့စီးပွားရေး တိုးတက်မှုကို အနှောက်အယှက်ဖြစ်စေတာကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဌ ကိုယ်တိုင်က လူထုအကျိုးရှေ့ရှုကာ မေတ္တာရပ်ခံ ခဲ့သလို သမ္မတကြီးကလည်း တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများကတော့ လူထုအကျိုး တစုံတရာ ခုချိန်ထိ ဘာမှ မလုပ်ပေးခဲ့ဖူးသူများဖြစ်ပြီး ၎င်းတို့ရဲ့ ထောက်ပံ့ကြေးမှာ ပြတ်တောက်မှာကို ဆိုးရိမ်မှုကြောင့် လူထုရဲ့ တိုင်းပြည်၏ စီးပွားကို စတေး ခဲ့တာဖြစ်ပါတယ်။

လက်တလော ကာလမှာ ပြည်သူ့အကျိုး လုပ်နေပါတယ်လို့ ကိုယ့်ကိုယ်ကို ပြောဆိုနေကြတဲ့ ပြည်တွင်းမီဒီယာ သမားများ ဆူညံဆူညံလုပ်နေချိန်ဖြစ်သော်လည်း ပြည်သူလူထုကို ထိခိုက်စေတဲ့ စီးပွားပိတ်ဆို့မှု နဲ့ပတ်သက်ပြီး အမေရိကန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများရဲ့ ကြိုဆိုမှုကိုတော့ ဘယ်ဂျာနယ်ကမှ အပြစ်တင်ဝေဖန်ပြီး မရေးကြတာကို ထူးဆန်းစွာ တွေ့ရပါတယ်။

Myanmar Express

3 comments:

ရောမမြို့ကြီးမီးလောင်နေတာကိုနီရိုးဘုရင်ကတယောထိုး
နေတယ်လို့ကြားဘူးတယ်။မြန်မာပြည်မှာလည်းနီရိုးတွေ
အများကြီးဘဲကိုး။ဒါကြောင့်လည်းအင်္ဂလိပ်လက်အောက်
နှစ် ၁၀၀ လောက်ကျွန်သက်ရှည်ခဲ့တာဘဲ။အသားထဲက
လောက်ထွက်တယ်ဆိုတာဒါကိုပြောတာနေမှာ

Hay sein yedinn
we are not slave.we are master.u know.
Violin ...i dont know

ခင်ဗျားပြောတာမှန်ပါတယ်။ကျွန်တော်ပြောတာကိုယ့်
နိုင်ံငရဲ့အကျိုးစီးပွားကိုထိခိုက်နစ်နာမယ့်ကိစ္စကိုဝမ်းသာ
အားရထောက်ခံကြတယ်ဆိုလို့အံ့သြလွန်းလို့ပါ။အမြင်
ခြင်းမတူဘူးဆိုရင်တော့လွတ်လပ်စွာသဘောကွဲလွဲနိုင်
ပါတယ်ခင်ဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်