Subscribe to our RSS Feed

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

From : သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသာအေးနှင့် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ကြရာ ယနေ့နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလယ်ကျေးရွာသို့ ရောက်ရှိကြသည်။

ထို့နောက် ဒုတိယသမ္မကငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ပျက်စီဆုံးရှုံးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ငလျင်ဒဏ်သင့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ အဆောက်အအုံများ ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်သင့် ပြည်သူများအား အားပေးကူညီရန် လာရောက်ခြင်းဖြစ်ကြောင်း၊ သဘာဝလေးအန္တရာယ်များဖြစ်သည့် ရေကြီးရေလျှံခြင်း၊ မီးလောင်ခြင်း၊ မုန်တိုင်းကျရောက်ခြင်းနှင့် ငလျင်လှုပ်ခြင်းတို့သည် ကြိုတင်ခန့်မှန်း ၍ မရနိုင်ပါကြောင်း၊ ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက သဘာဝဘေးဒဏ်သင့် ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီး အစိုးရနှင့် ဒေသခံပြည်သူများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြလျှင် အမြန်ဆုံးပြီးမြောက် အောင်မြင်စေမှာ ဖြစ်ကြောင်းလမ်းညွှန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးဘုန်းဆွေက သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ သိရှိရန်နှင့် လိုက်နာဆောင်ရွက်ရန် တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေမှုနှင့် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပါက လိုက်နာဆောင်ရွက်ရန် တို့ကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရပ်မိ၊ ရပ်ဖများနှင့် ဒေသခံပြည်သူများက ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့မှုများအပေါ် ပြန်လည် ဆောင်ရွက်ပေးရန်နှင့် ဒေသဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် ဒုတိယသမ္မတကရပ်မိ၊ ရပ်ဖများနှင့် ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် ပြန်လည်ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မလယ်ကျေးရွာဘုန်းတော်ကြီးကျောင်းဝင်း၌ တပ်မတော်သား ဆေးတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများအား ဆေးဝါးကုသပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်