Subscribe to our RSS Feed

ABSDF- ကျောင်းသူ ရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်းခရီး(၁၃)

From : May Thingyan Hein on Wednesday, 5 December 2012 at 18:44 ·

မေသင်္ကြန်ဟိန်(မြစ်မခ)
ဒီဇင်ဘာ ၅၊ ရန်ကုန်မြို့။

စကားနိဒါန်း
(အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့မှာ ကျင်းပတဲ့ mdlf media forum 2012 ကို နိုဝင်ဘာလ ၃၀ ကနေ ဒီဇင်ဘာ ၄ ရက်နေ့ထိ သွားရောက်နေခဲ့တဲ့အတွက် ABSDF ကျောင်းသူရဲမေဟောင်း မနန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၁၃) ကို ကျမ ရက်အတော်ကြာအောင် မရေးနိုင်ခဲ့ပါဘူး၊ အဲဒီအတွက် ဒီ့ပို့စ် စောင့်ဖတ်သူ၊ စိတ်ဝင်စားသူများအားလုံးကို တောင်းပန်ပါတယ်၊ ဂျကာတာမှာ ကျမ နှစ်ကြိမ်တိုင်တိုင်ရေးဖို့ ကြိုစားခဲ့ပါသေးတယ်၊ ဘယ်လိုမှ အဆင်မပြေတဲ့အတွက် မရေးဖြစ်ခဲ့တာပါ၊ အချိန်ရခဲ့တာလည်း ပါပါတယ်)

အပိုင်း(၁၃)


အဲလို ကိုကျော်ဝေကို ခေါင်းဖြတ်သတ်ပြီး၊ ကိုချိုကြီးကို လက်ဖြတ်ပြီးတော့အဲဒီရက်တွေမှာ ကိုထွန်းအောင်ကျော်က သူနဲ့ နီးစပ်တဲ့ သူတိုင်းကို သူက လိုက်မှာတယ်။ သူက မသေဘူး၊ အသတ်မခံနိုင်ဘူး လို့ ထင်တဲ့ သူတွေကို လိုက်မှာနေတာဖြစ်မယ်။ အဓိက ကတော့သမိုင်းကို ပြောပေးဖို့နဲ့ အမှန်တရားကို ဖော်ထုတ်ကြဖို့နဲ့ သူတို့ အသတ်ခံရရင် အဲဒီအကြောင်းတွေကို ပြောပေးဖို့ပါ။  ဘယ်သူက ကိုယ့်သမိုင်းစစ်စစ်ကို အဖျက်ခံရတာကျေနပ်နိုင်မှာလဲ။

တကယ်တော့ အဲဒီအချိန်တုန်းက မျိုးဝင်း၊ သံချောင်း တို့ဦးဆောင်ပြီး လုပ်နေတာက ရော်နယ်အောင်နိုင်လည်း ရှိတယ်။ ရော်နယ်အောင်နိုင်က ကိုထွန်းအောင်ကျော်ရဲ့ ရင်ဘတ်ကို ခြေထောက်တွေနဲ့ပိတ်ကန်တဲ့ ထဲမှာ ပါခဲ့တယ်။ သူတို့တွေ စိတ်ကူးပေါက်သလိုကို နှိပ်စက်ခဲ့ကြတာကိုး၊ နှိပ်စက်နည်းတွေကလည်း တော်တော်စုံပါတယ်။

စစ်ကြောရေးပြီးလို့ ဆက်ဖမ်းထားတဲ့ ကာလတွေက အရှည်ကြီး နေ့စဉ် ကျော်ဖြတ်ရတာ သိပ်ပင်ပန်းတယ်၊ သိပ်ပြီးတော့လည်း ကြောက်ဖို့ ကောင်းတယ်။ သူတို့ လုပ်ချင်တိုင်း လုပ်တယ်၊ လုပ်ချင်သလို လုပ်တယ်။ သူတို့ ဒီလို စိတ်ကူးပေါက်တိုင်း လုပ်နေကြတာကို ဘယ်သူကမှလည်း ၀င်မပြောကြဘူး၊ ကျမ ကြားဖြတ်ပြောမယ်။


ဒါက စစ်ကြော ရေးမှာမဟုတ်ဘူး။ အဖမ်းခံထားရတဲ့ သူတွေကိုမထင်ရင်မထင်သလို အ၇က်ကလေး သောက်ပြီးတိုင်း လာနှိပ်စက်ကြတဲ့အကြောင်းတွေထဲ က ကျမအတွက် မှတ်မှတ်ရရ ညတည အကြောင်း လေ။ အရင် ကျမပြောခဲ့တယ်နော် ။ ကျမတို့တတွေကို ယမ်းချည်ပြီးလက်ခြေဖြတ်တယ်ဆိုတာ
လေ။ နောက် KIA က ဒူကမ္ဘာ့ ပန်းအောင်လာတားသွားလို့ လက်ခြေ မဖြတ်တော့ဘူး ။ နောက်တော့ ထောင်နေရာကို အလံတိုင်ကုန်း အနောက်ဘက်ရွှေ့လိုက်တယ် ။ဟုတ်တယ်။

ကျမတို့ကိုအဲ့ဒီ အလံတိုင်ကုန်းအနောက်လည်းေ၇ွှ့ပြီးရော သူတို့ အခေါ် ထောင်ကုန်းပေါ့။ သိပ်မကြာပါဘူး .ဒီ ..ကိုကျော်ဝေကို ခေါင်းဖြတ်မသတ်ခင်ပေါ့ နော .။


ည ..အဲ့ဒီည .ကျမတို့တွေ အားလုံး ကို အိပ်ထားခိုင်းတဲ့ အချိန်ပေါ့ .. လူသံတွေ ဆူဆူညံညံ
ကြားပြီး တယောက်က ညစ်ညစ်ညမ်းညမ်းဆဲပြီး အားလုံးကို ထ ထ ဆိုပြီးအော်တာ . သိလိုက်ကြ ပါပြီ . အဆော်ခံ အထုခံ ထိကြတော့မယ်ဆိုတာ သိလိုက်ပြီ။ ဒါကတော့ ထုံးစံဖြစ်နေပြီကိုး။
 တကယ်ဘဲ  ထင်တဲ့အတိုင်း ၀င်ရိုက်ကြပြီ  ။ရိုက်သံ နှက်သံတွေ ကြားရတာ။ ကျမတို့ ထောင်ကျနေတဲ့သူတတွေအားလုံးကို မျက်လုံးတွေကိုစည်းထားတော့ဘယ်မြင်ရမှ
လဲ။  ဆိုတော့ ..ဘယ်သူ တွေက ဘယ်သူ့ကို ထုထောင်းနေပြီးဘယ်သူတွေ ဘယ်လောက်ခံစားနေရလည်း ကျမတို့
မမြင်နိုင်ကြဘူး။ အသံက အောင်သန်းခေါ် ဘဂျမ်းပေါ့ နော.။ တပ်ရင်းမှူးရာထူးပေးထားတယ်လေ။ တကယ်တော့ သူ့ရဲ့ ပညာအရည်အချင်း ၄ တန်းရှိတယ်။ ဒါပေမဲ့ သူ့ကို တပ်ရင်းမှူး၇ာထူးပေးထားတယ် ဆိုတော့ စဉ်းစားသာကြည့်တော့ ပညာမတတ်ဘူး ။ လုပ်သင့် မလုပ်သင့် မစဉ်းစားနိုင်ဘူးလေ။

အဲ့ဒီလူဟာ ရက်စက်ကြမ်းကြုတ်တဲ့နေရာမှာ တအားဘဲ ။ သူ့ရဲ့အော်ဟစ်ပြီး အသကုန်ထုရိုက်နေသံတွေ ။ ငြီးတွားနေသံတွေ ထောင်တခုလုံးပွက်လောရိုက်နေတာ။ ထောင်တခုလုံး ငရဲဘဲ .. အော်ဟစ်ညီးတွားသံတွေ နဲ့..။ ဘာတွေ ဘယ်လိုလုပ်ကြသလဲဆိုကျမ မသိဘူး ဒါပေမဲ့ ရက်ရက်စက်စက်တွေ လုပ်နေပြီ ဆိုတာကိုတော့ အသံတွေကြားနေရလို့ သိလိုက်ပြီ။

ကျမတို့လည်း ဘယ်အချိန်ငါတို့ ကလှည့်လည်းပေါ့နော ..ခေါင်းငုံ့ပြီးစောင့်နေကြ၇တယ် ..တကယ့်ကို ခေါင်းလေးတွေငုံ့ပြီး ငုတ်တုတ်။

သူတို့တွေလေ ..အဲ့ဒီနေ့က သိုက်ထွန်းဦးတို့ ဒီ ဘဂျမ်း (အောင်သန်း) တို့အရက်တွေ သောက်ပြီး မူးပြီးလာကြတယ်။
ဘဂျမ်းက ထောင်ကုန်းပေးတက်လာပြီး လာထုထောင်းတာ။

 ခဏနေတော့ .သိလား ။ပြေးလာတဲ့ အသံနဲ့ သူက ကျမနားကို ရောက်လာတယ်။ သူက `မင်းက ဒီထဲမှာတောင် မညှိုးပန်းလုပ်နေတုန်းပဲ` လို့ ပြောပြော ဆိုဆိုနဲ့ ကျမ မျက်နှာပူကနဲ ဖြစ်သွားတယ်။

ဟာ ...အဲဒါ မီး...မီးလို့ သိလိုက်ရတော့။ မီးလေ .. မီး ။ မီး စနဲ့ ထိုးလိုက်တာ ကျမ မျက်နှာကို မီးနဲ့ထိုးလိုက်တာ။

မျက်နှာတခုလုံး နက်နက်ရှိုင်းရှိုင်း ပူလောင်သွားတာ။ကျမ ခေါင်းအနောက်ကို လန်သွားတဲ့အချိန် နောက်ထပ်တခေါက် ထပ်ထိုးပြန်တယ်။ပူလိုက်တာ....

အဖြစ်အပျက်ကသိပ်မြန်တယ်..သိလား။အဲံဒီအချိန်မှာ တယောက်ယောက်က ဟာမလုပ်နဲ့ မလုပ်နဲ့ ဆိုပြီး ၀င်တားတဲ့ အသံကြားလိုက်ရတယ်။

ဒါပေမဲ့ သိပ်နောက်ကျသွားပြီ ။
နောက်တချက် အဲ့ဒီ မီးစွဲ နေတဲ့ ထင်းတုံးနဲ့ဘဲ ကျမ မျက်နှာကို လွှဲ ရိုက်လိုက်တာ. မျက်စိစည်းထားတဲ့ အဝတ် တောင် ပြေကျသွားတယ်။

အပူဒဏ်နဲ့ အတူ ကျမ ကမန်းကတန်း ခေါင်းငုံ့နေလိုက်တယ်။ ခုလို ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ကြားထဲ နောက်တခါထပ် မီးစနဲ့ထိုးရင် မျက်လုံးထဲမီးစ ဝင်သွားမှာစိုးလို့မျက်လုံးအစုံကို တအားပိတ်မှိတ်ထားမိတယ်။


 နှာခေါင်းထဲမှာ တစ်စို့ လာတာ .. တမျိုးဖြစ်လာတာ ..ကျမမျက်စိစည်းထားတာလဲ အဲဒီမှာ ပြေသွားတယ်။ ကျမ မြင်လိုက်ရတာက  သွေးတွေ... သွေးတွေ ကျမဆီကနေ ကျလာတဲ့ သွေးတွေ ။

ကျမ ကပျာကယာဘဲ လက်ခုံ တဘက်နဲ့ နှာခေါင်းထဲကသွေးကျလာတာကို ခံထားလိုက်တယ်။ မရတော့ဘူး။ သွေး ကျတာ တအားများ
တော့ လက်နောက်တဘက်နဲ့ အတင်း မ၇မက သွေးခံထားလိုက်တယ်။ လက်ခုံ ၂ဘက်စလုံးသွေး ကပြည့်ပြီး လျှံကျလာတယ်။


စောင်ပေါ်ကို သွေးစက်တွေ ဆက်တိုက်ဘဲ။ မျက်နှာကိုထင်းမီးစနဲ့ ထိုးထားတဲ့ ဒဏ်ရယ် ၊ ထင်းတုံးနဲ့လွှဲရိုက်တဲ့ ဒဏ်ရယ် ၊ သွေး ရယ် .. ကျမ တသက်နဲ့ တကိုယ်လေ .. ကျမခန္ဒာကိုယ်က သွေး ဒီလောက်ထွက်တာ ကျမမမြင်ဖူးဘူး။ ကျမ လက်ခုံ ၂ ဘက်ကနေ လျှံ့ကြနေတဲ့သွေးတွေ .. စောင်ပေါ်မှာ..အများကြီးပဲ အများကြီးပါပဲ။

အဲဒီအချိန်မှာ  မျိုးဝင်း အသံကြားရတယ် ။ပြီးတော့ မျိုးဝင်းက  ထောင်ထဲကို အပြေးအလွှားလာကြည့်တယ်။
အော်ဟစ်ကြိမ်းမောင်းတယ်။ ကျမတို့ကို လာနှိပ်စက်တဲ့ကောင်တွေကို အော်ဟစ်ကြိမ်းမောင်းတယ်။

 နောက် တယောက်က ရဲလင်း ရဲလင်း ဆိုတဲ့အသံကြားတယ်။ အသံတွေဆူညံနေ တယ်။ နောက်  အသံ ကြားတယ်.မျိုးဝင်းပြေးလာတယ်။ကျမအရှေ့မှာထိုင်ချတယ်။
ကျမ သူ့ကို မကြည့်ဘူး။ခေါင်းတအားငုံ့ပြီး မျက်လုံး တအားပိတ်ထားလိုက်တယ်။ မျက်စိစည်းထားတာ ကျွတ်နေပြီလေ .. ထောင်စည်းကမ်းချထားတယ်လေ. မျက်စိစည်းထား
တာပြေရင် အသကုန်အနွှာခံရတယ်လေ ။ ကျမမျက်နှာကို သူ ဆွဲမော့ကြည့်တယ် ။ ဟာ .မင်းကွာ.. ပြောတယ်။

ကျမနားကထထွက်သွားတယ် ။ ပြီး ချက်ခြင်း ပြန်ထိုင်တယ်။ ကျမလက် ခုံထဲကသွေးတွေ .. ရာသီဥတုက တအားအေးတယ် မို့လား။ သွေးတွေ ခဲပြီး ဂျယ်လီ လိုဖြစ်

နေပြီ။ မျိုးဝင်းက  ကျမ လက်ထဲကသွေးတွေ သုတ်ပေးသွားတယ်။ဆေးဆရာမတွေ လာကြတယ် ။

မျိုးဝင်း ထောင်အပြင်မှာဘဂျမ်းတို့ အုပ်စုကို တခုခုလုပ် နေသံကြားတယ်။ ကျမ ဆီ ကျမသူငယ်ချင်း ဆေးဆရာမပေါ့နော. ဘောက်မိုင်လာကြည့်
တယ်။ အဘောက် ..သိပ်ချစ်ဖို့ကောင်းတယ် .။ ရုပ်လည်းတအားချောတယ်. စိတ်ထားလည်းတအားကောင်းတယ်။

သူကမှာတယ်။ နောက်နေ့ ကို မျက်နှာရေမထိနဲ့ဦးတဲ့။ သူ KIA မှာ မငယ်အတွက် ဆေးသွားမေးပေးမယ်တဲ့ ။ တကယ်ဘဲ .. နောက်နေ့ ဘောက်မိုင်လာတယ်။
ကြက်ဥ အကာ အဖြူ နဲ့ တကယ့်ပျားရည်စစ်စစ်ပေါ့နော ..ေ၇ာစပ်ထားတာလေးနဲ့ မှန်မှန်လာလိမ်းပေးခဲ့တယ်။

မျက်နှာလုံးဝ ပျက်စီးပြီ ထင်ခဲ့တာ ..တော်တော် အခြေအနေ ကောင်းလာတယ်။


အဲ့ဒီညပေါ့နော.. နောက်မှ သိတာ ..ကိုရဲ ( ကိုရဲလင်း) ကိုလည်း KIA ဆေးရုံ တင်လိုက်ရတယ်တဲ့၊ သူ့ခေါင်းက ဘဂျမ်း(အောင်သန်း) ထုလိုက်တာဟက်တက်ကွဲသွားတာ အခြေအနေ တော်တော်ဆိုးတာ။ အထဲကိုတော်တော်နက်နက်ဝင်သွားတယ်ပြောတယ် ။ ကျမဆို သူ့ကို လက်လွှတ်ရပြီထင်နေတာ။ကံကောင်းတယ်။ ကံကောင်းကြပါတယ်လေ

..အဲ့ဒီညက လို့ဘဲ ကြံဖန်ကျေးဇူးတင်ပေးရမလားမသိဘူး။ထောင်ထဲ ဝင်ရမ်းနေတာ မျိုးဝင်းကို အကြောင်းကြား
တဲ့သူရှိပေလို့။ မဟုတ်လို့ကတော့ အောင်သန်းလက်ချက်နဲ့ ထောင်ထဲမှာအလောင်းဘယ်နှစ်လောင်းထပ်နေမလည်းဘဲ။


နောက်တော့ မျိုးဝင်းကစည်းကမ်းချက်ထုတ်လိုက်တယ်။ ထောင်ကုန်းကို ခွင့်မရှိရင်မတက်ဘူးပေါ့နော။
ဒါနဲ့ပေါ့နော. ကျမ ပြန်ဆက်ပြောမယ် ။


အဲလို ကိုချိုကြီးကို လက်ဖြတ်ပြီးတော့ ကိုချိုကြီးကို သွေးသွင်းပြီး ဆေးကုပေးတယ်။ အဲဒီတုန်းက မခင်ချိုဦးက ဆန်ပြုတ်လေးပြုတ်ပြီး ကိုချိုကြီးကို သွားတိုက်ရှာတယ်။ ခင်ချိုဦးက ကိုချိုကြီး သနားပါတယ်တဲ့… ဆန်ပြုတ်ပြုတ်ပေးရအောင်ဆိုပြီး ပြုတ်ပေးရှာတယ်။ သူ့ကိုတော့ ကျမတို့ကလည်း စပါယ်ရှယ်လုပ်ပေးကြတာပေါ့လေ မရှိ ရှိတာလေးတွေနဲ့ ဆန်ပြုတ်လေး ပြုတ်ပေးခဲ့တယ်။

နောက် သူ့နားကို သွားပြီး … အကို ထ…သောက်ပါလို့ လေ။

ကိုချိုကြီးကတော့ တအားကို စိတ်ဓါတ်ကျသွားခဲ့ပြီ။ သူတို့သေမယ် အသတ်ခံရမယ်ဆိုတာ သိနေပြီလေ၊ အဲဒီအတွက် စိတ်လည်း ပြင်ဆင်ထားပြီလို့ ကျမ ထင်တယ်။ အဲလိုဖြစ်နေတော့ ကျမက ကိုချိုကြီးကို ပြောရတယ်။

အကို..ထ ပါ သောက်ပါလို့..ကျေးဇူးပြုပြီးတော့ အကိုရယ် ကျနော်တို့စိတ်ချမ်းသာအောင် တဇွန်းလေးဖြစ်ဖြစ် ထသောက်ပါလို့ ပြောပြီး သူ့ကို ခွံကျွေးတယ်။
သူ့ကို ခွံ့ကျွေးတော့ သူက အေးတဲ့…ငါ့ညီမတွေ စိတ်ချမ်းသာအောင် ဆိုပြီး တဇွန်း နှစ်ဇွန်း ထပြီး စားပြရှာတယ်။
အဲဒါတွေ ပြီးတော့ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက်ခေါင်းဖြတ်ပြီး သတ်တဲ့ ခေါင်းဖြတ်သတ်တာတွေဖြစ်ခဲ့တယ်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါ၇ီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ ဖြစ်ခဲ့တာပဲ။သိပ်ကို ရင်နာဖို့ကောင်းတယ်။ မြန်မာပြည်ရဲ့ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ဖို့အတွက် တောခိုလာတဲ့ ကျောင်းသားတွေကို ထောက်လှမ်းရေးတွေလို့ စွပ်စွဲပြီး အချင်းချင်း ခေါင်းဖြတ်သတ်ကြတဲ့ နေ့။ ကျောင်းသားတော်လှန်ရေးသမိုင်းမှာ သွေးစွန်းတဲ့ နေ့ပဲ။


အဲလို လူသတ်ပွဲကြီး မဖြစ်ခင်မှာ ထောင်သားတွေကို ကျင်းကြီးကြီး တူးခိုင်းထားတယ်။ ကျမတို့ ထောင်ကုန်းနဲ့ နီးနီးလေး မြင်နေရတယ်။
အဲဒီကျင်း အကြီးကြီးကို အားလုံးက ၀ိုင်းတူးပေးရတယ် ယောင်္ကျားလေးတွေ အကုန် လူခွဲပြီး တူးပေးရတယ်။ပြီးတော့ ပြောသေးတယ်၊ အဲဒီ ကျင်းကြီး တူးပြီးရင် မင်းတို့အားလုံး အဲဒီမှာ နေဖို့တဲ့…အဲဒီမှာ နေရမှာတဲ့…အဲလိုလည်း ပြောကြတယ်။ အဲလိုမျိုး ကျင်းတူးနေတဲ့ သူတွေကို လာလာပြောတော့ ကျမလည်း အဲဒီ ကျင်းကြီးကို ကြည့်ကြည့်ပြီး စိတ်တော်တော်ညစ်တယ်။ လန့်လည်း လန့်တယ်။ဘာမှန်းလည်း မသိဘူး၊ ဟိုက ခြိမ်းခြောက် ဒီက ခြိမ်းခြောက်နဲ့။

အဲဒီလူသတ်တဲ့နေ့ကတော့ အလုပ်တွေကို အားလုံးကို စောစောသိမ်းခိုင်းတယ်။ အခြားနေ့တွေတုန်းကထက် အလုပ်သိမ်းခိုင်းတာ အရမ်းစောနေတယ်။ နောက် ပေါက်ပြားတွေ တူးရွှင်းတွေ အကုန်လာယူသွားကြတယ်။ ပေါက်တူးတွေကိုလည်း ယူသွားကြတယ်။ ထောင်သားတွေ အလုပ်လုပ်တဲ့ ပစ္စည်းတွေကို အကုန်လာယူသွားကြတယ်။

အဲဒီမှာ ထမင်းချက်နေရင်းနဲ့ ကျမ စိတ်ထဲ တမျိုးကြီး ဖြစ်နေတယ်။ တမျိုးပဲ ၊…တခုခုကို ကြိုခံစားနေရသလိုပဲ ဖြစ်နေတယ်။ အရမ်းထူးထူးခြားခြားကြီး ဖြစ်နေတယ်။ လူသတ်ကုန်းကို ကြည့်တော့လည်း ရဲဘော်တွေက တော်တော်များများပဲ လူသတ်ကုန်းဘက်ကို တက်ကုန်ကြတယ်။နောက် အချိန် ၃နာရီလောက်ပဲ ရှိဦးမယ်။ ထောင်သားတွေ အားလုံးကို အစောကြီးအလုပ်သိမ်းလိုက်တယ်။

နောက် ကျမတို့ကို လာပြောတယ်။ ထောင်သားတွေကို ထမင်းကျွေးတော့ပေါ့။ ထမင်းကျွေးဆိုတော့လည်း ထမင်းကျွေးရတာပေါ့။ ထမင်းကျွေးတဲ့ အချိန်လည်း မဟုတ်ဘူး၊ ဒါပေမဲ ကျွေးဆိုတော့လည်း ကျွေးရတယ်။ ဒါပေမဲ့ ထောင်သားတွေကို သာ ကျွေးရတာ ကျမတို့ ထမင်းချက်တာဝန်ကျတဲ့ မိန်းကလေးတွေ မစားကြရသေးဘူး။ပြီးကျမတအားတွေးနေပြီ။ထောင်ပတ်ဝန်းကျင်မှာ ရဲဘော်တွေ လက်နက်အပြည့်နဲ့ ခါတိုင်းထက်များနေတယ်။စိတ်တွေတအားလှုပ်ရှားနေတယ်။တခုခုဘဲ .. ထူးခြားနေမှန်းသိသာနေတယ်။


ကျမတို့ထမင်းချက်တာဝန်ကျတဲ့ သူတွေကိုလည်း ထောင်ထဲ ၀င်ခိုင်းတယ်။ အဲဒီမှာ ထောင်မှူး ကျမတို့ မိန်းကလေးတွေ ထမင်းမစားရသေးဘူး လို့ ပြောတော့လည်း မရဘူး။ ထောင်ထဲ ၀င်ပေါ့။ အဲဒါနဲ့ ထမင်းမစားရသေးဘူလို့ ပြောတော့ သူက ကျမကို သေချာကြည့်ပြီးတော့ ဘာထူးလို့လဲ တဲ့။ အဲလို ပြောတယ်။အဲဒါနဲ့ ထောင်ထဲ ၀င်ခဲ့ရတယ်။

သိလိုက်ပြီ၊ ငါကတော့ သွားပြီလို့၊ ဒီနေ့တော့ လူသတ်ပြီပဲ သူတို့ လူသတ်ပြီ၊ သူတို့သတ်ပြီ ဆိုရင် ကျမကတော့ သွားမှာပဲ။ သတ်မှာပဲလေ။ ကျမ ဒါပဲ စဉ်းစားနေတာ။
ဘာတတ်နိုင်မလဲ -၀င်လိုက်တာပေါ့လေ၊ ၀င်လိုက်ပြီးတော့ ပုံဆန်နေရာယူနေကြအတိုင်း နေရာယူလိုက်တယ်။နန်းစော၊ နန်းစောဘေးမှာ ကျမ၊ နောက် ခင်ချိုဦး၊ ပြီးတော့ တူးတူးပေါ့။ဒါ ကျမတို့ အိပ်နေကျ ပုံစံလေ။


ပြီးအားလုံးပုံစံထိုင်ကြရတယ်။ မျက်လုံးတွေ လာစည်းတယ်။ ကြပ်နေအောင်တအားဆွဲစည်းတာ။ပြီးလက်နောက်ပြန်ကြိုးတုတ်။ခြေထောက်ကြိုးတုတ်ပေါ့။
လက်နောက်ပြန်တုတ်တော့လည်း ..တအားကြပ်နေအောင် တုတ်တာ . လက်ကောက်ဝတ်ဆိုနာနေရော။တုတ်ပြီးတာနဲ့
အားလုံးကို ဝါးထရံတွေဘက် မျက်နှာမူခိုင်းတယ်။သူတို့က ဘာပြောလဲ ဆိုတော့ အားလုံးကို အသံမထွက်ဖို့ ပြောတယ်။

နောက် သေးပေါက်ချင်တာ ချီးပါချင်တာ ဘာမှ မလုပ်ဖို့ ပြောတယ်။ ရေသောက်ချင်တာလည်း မရှိရဘူး။ ဘာဆို ဘာမှ လုပ်လို့မရဘူး လို့ ပြောတယ်။
ယားရင်တောင် မကုတ်ဖို့ ပြောတယ်။ အသံလုံးဝ မထွက်ရဘူး၊ လုံးဝ မလှုပ်ရဘူးလို့။
ထောင်တခုလုံးက အဲလို ပြောလိုက်ရင် လုံးဝ ငြိမ်တယ်၊ လုံးဝ အသံမထွက်၇ဲ ဘူး။မျက်စိတွေလည်း စီးထားလက်ပြန်ကြိုးတွေ တုတ်ထား၊
ခြေထောက်တွေလည်း ကြိုးချည်ထားတယ်။


လှဆိုင်းအသံကြားတယ်။ထောင်ရွှေ့မယ်ပြောတယ်။ကျမ ရင်တွေတအားခုန်လာတယ်။ သိနေပြီ ။ ဒါပါဘဲ ။နောက်ဆုံးအချိန် ပေါ့နော်။
၇င်ထဲမှာလေ ထုံကြင်မှု့ခံစားနေရတယ်။ မြင်ထားတာဘဲ ။လူသတ်ကုန်းဘက်ကို ပေါက်တူးတွေနဲ့တက်သွားကြတာ။နောက် အခု
လုပ်နေတဲ့အခြေအနေလေ.မသေချင်ဘူး။ဒီပုံစံတွေနဲ့ ။ခံစားချက်မဲ့လာတယ်။ဘာမှမျှော်
လင့်ချက်ဆိုတာမရှိတော့ဘူးပဲလို့ တွေးလိုက်မိတော့တယ်..။


နောက် လူတွေကို ဆွဲခေါ်ထုတ်သွားတဲ့အသံတွေ ကြားနေရတယ်။ ဘယ်သူတွေမှန်းတော့ မသိဘူး။ဒါပေမဲ အသံတွေက ကြားနေရတယ်။ နောက် ခြေသံက ကျမနားရောက်လာရော။ ကျမလေ ခံစားချက်တွေတအားမဲ့နေပြီ။ ကျမနားလာနေတော့ သေချာပြီ ကျမကို လာခေါ်တာပဲပေါ့။
မျှော်လင့်ချက်ကလည်း လုံးဝ မရှိတော့ဘူး။ ကျမကို လာခေါ်ပြီလေ။

ပုခုံးကို လာကိုင်တယ်၊ ပြီးတော့ လက်မောင်းကနေ ဆွဲပြီး ထူတယ်၊ ထူရတယ်။ ကိုယ့်ဟာကိုယ် ထလို့ မရဘူးလေ။
ကျမကို လာထူတာ အောင်စိုး .. ကျားလေးလို့လည်းခေါ်ကြတယ်။သူက ငြင်ငြင်သာသာပဲ မငယ်..ထတဲ့။ ဘယ်သူက ထချင်မှာလဲ။
ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ…ဒါပေမဲ့ ထလိုက်တယ်။


အဲဒီမှာ ခံစားချက်လေ။ တအားခံစားရတယ် အဲဒီအချိန်မှာ။သွားပြီ.ငါ..ဒါဟာ နောက်ဆုံး အချိန်ပဲ ဆိုပြီး စိတ်ထဲမှာ ဟာ ထွက်သွားတာ။ ဘာမှ မရှိတော့ဘူး။ တကယ့်ကို။ခံစား
ချက်တအားမဲ့သွားပြီ .. ထုံကြင်မှု့ကအဆုံးစွန်ရောက်သွားတာပေါ့နော် ။ ဘယ်လို ရှင်းပြရမယ်တောင်မသိဘူး။ ဒီအဖြစ်မျိုးကိုယ်တိုင်ကြုံခဲ့ဘူးသူတွေဘဲခုကျမပြောတာတကယ်နားလည် ခံစားမိမှာ။


အဲ့လိုထိုင်ရာကနေ ထလိုက်တဲ့အချိန်မှာလေ အမေ.အမေ ပေါ့နော် ။ အမေ့ အပေါ်ကို သမီးပြောခဲ့ရ မှားခဲ့တာတွေသမီးကိုခွင့်လွှတ်ပါလို့ အမေ့ကို စိတ်မှန်းနဲ့ တောင်းပန်ရင်း ကန်တော့မိတယ်။ကျမက တကယ်ပဲ အမေ့အပေါ် ကန့်လန့်လုပ်ခဲ့တယ် မဟုတ်လား။

ကျမလေ ကျားလေးကိုပြောတယ်။ ငါ့ကို ဖိနပ်လေးပေးဝတ်ပါလို့။ သူခြေထောက် မှာလာစွတ်ပေးတယ်။ပြီးတိုးတိုးလေးပြောတာ။ မငယ် အသာလေးလိုက်သွားနော်တဲ့။
ကျမ သေလမ်းသွားဖို့ခြေတလှမ်း ရှေ့ထွက်ပြီးပြီ သိလား။ အဲ့အချိန်မှာ တယောက်က မဟုတ်ဘူး မဟုတ်ဘူး မငယ်မဟုတ်ဘူးတဲ့။

ဘာလဲ ..ဘာတွေလဲ.ခံစားချက်က နိမ့်လိုက်မြင့်လိုက်။ ကျမ နန်းစောနဲ့မချိုကြားပြန်ထိုင် လိုက်တယ်။ပြီး ကျမ ကြားတာက မချို ထ..တဲ့။
မိချိုကိုဆွဲထူကြတယ်။ ပြီး ခေါ်ထုတ်သွားတယ် လေ။ ဒါဘဲလေ .. ဒါ ဟာလေ မိချိုနဲ့ပက်သက်တာ ဒါဟာနောက်ဆုံးဘဲလေ . သူကျမဘေး
နားကထွက်သွားတာလေ . တကယ်နောက်ဆုံးသိလား။ သူ့ ရဲ့နောက်ဆုံးအချိန်လေ ။
တွေးမိတိုင်းကျမ နင့်နေအောင်ခံစားရတယ်။ ဒီနေ့အထိပါ ။

လူတွေဆွဲထုတ်သွားကြတာရပ်သွားတယ်။ ထောင်တခုလုံးပြန်တိတ်ဆိတ်သွားတယ်.သိလား။
နောက် နာမည်တချို့ပေါ့ .. လူစစ်တာထင်တယ်။ကျမလည်း သေသေချာချာသဲသဲကွဲကွဲ
မကြားဘူးပေါ့နော် ။

နောက်တော့လေ ..ခြေကျင်းသံလေးတွေ ကြားတယ်။ ခြေကျင်းတချွင်ချွင်နဲ့ သူတို့လှမ်း လျှောက်သွားကြတာလေ။အချိန်မတိုင်သေးဘူး အရွယ်မလင့်သေးဘူး။ အတင်းအဓမ္မ
မပြန်လမ်းကိုလေ.. ရော်နယ်အောင်နိုင်တို့ သံချောင်းတို့တတွေလေ ..ရက်ရက်စက်စက်ပို့ခဲ့ကြတယ်..။ သူတို့ တတွေ တဖြေးဖြေးခြင်း လျှောက်ထွက်သွားတဲ့ အသံ ဝေးသွားရော။

ထောင်တခုလုံးတိတ်ဆိတ်ပြီးကျန်ခဲ့တယ်။တော်တော်ကြာကြာတော့ တာ့မှ သေနပ်သံ ၂ ချက်ကြားတယ်။ နောက်တော့ ပြန်လာကြတဲ့ အသံ ခြေကျင်းတွေ
ထောင်မှာဖြုတ်ချတဲ့အသံ တွေပေါ့ ။ အဲ့ဒီမှာလှဆိုင်း ( အခု လက်ရှိ ABSDF-NB) မှာပေါ့။  သူက ဟာ...ဒီမှာ အများကြိးကျန်နေသေးတာဘဲ ဘာညာပေါ့လေ ပြောသွားသေးတယ်။

တာဝန်အရှိဆုံးကျောင်းသားခေါင်းဆောင်တွေလေ .ကျောင်းသားစစ်စစ် ၁၅ ဦးကိုသမိုင်း ဖျက်ပြီး၇က်ရက်စက်စက်သတ်ဖျက်ပလိုက်ကြတယ်လေကွာ...အဲဒီညက ပေါ့။

(မနန်းအောင်ထွေးကြည် ပြုစုထားသော စာရင်းကို ပူးတွဲဖော်ပြလိုက်ပါတယ်)

** ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရက်စက်စွာ သတ်ဖြတ်ခြင်းခံရသူ ၁၅ ဦး ။**

(၁) မခင်ချိုဦး ( ရန်ကုန်) - ABSDF ( မြောက်ပိုင်း) ရဲဘော်များအရှေ့မှာအသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး သူမ၏တောင်းဆိုမှုအရ မျိုးဝင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။)

(၂) ကိုဋ္ဌေးမြင့်ဝင်း( ရန်ကုန်) သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ မင်းဘာတတ်နိုင်သေးလဲ ဟု အငြိုးတကြီး ကြိမ်းမောင်းခဲ့)

(၃) ကိုမောင်မောင်ကြွယ် (ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၄) ကိုသက်နိုင် ( ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၅) ကိုသာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်)( သေဒဏ်မချခင် ခြေထောက်တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)

(၇) ကိုထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရသည်.မျက်မြင်သက်သေတဦး
အပြောအရခေါင်းမပြတ်သဖြင့်ပြန်ထလာရာပေါက်ပြားနောက်ဖင်ဖြင့် ရိုက်ချသတ်ဖြတ်ခဲ့ သည်ဟုဆိုသည်။)

(၈) ကိုရန်အောင်( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ ။ခေါင်းဖြတ်သောအခါပြန်ထလာသဖြင့်ရင်ဘတ်အားသေနတ်ဘက်နက်ဖြင့်ထိုးသတ်ခံရ)

(၉) ကိုချိုကြီး ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ - သေဒဏ်မချခင် လက်ဖြတ်ခြင်းခံရ ။ခေါင်းဖြတ်သည့်အခါတွင်ထူးခြားတည်ငြိမ်စွာအဖြတ်ခံသွားသည်)

(၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၁) ကိုမောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ - လှဆိုင်းမှ ခုတ်သတ်ခဲ့ )

(၁၂) ကိုအေးမြင့်( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၃) ကိုကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၄) ဦးသောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၅) ကိုတူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ - ထွန်းနွယ်အောင် အားအချုပ်မှ
ဖေါက်လျှင် ပစ်မိန့်ပေးခဲ့သူ )

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး ABSDF ( ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။ သူတို့နှစ်ဦး၏ တောင်းဆိုချက်အရ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။

ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို “ မျိုးဝင်းနှင့်လှဆိုင်း " တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။ လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။


ရှေ့ဆက်ဖော်ပြပေးပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)

ကိုထွန်းအောင်ကျော်

မခင်ချိုဦး
  Myanmar Express 

5 comments:

ကျနော်လဲအဲဒီမြောက်ပိုင်းကိစ္စနဲ့ပတ်သက်တာတွေတော် တော်လေးလေ့လာမိပါတယ် အဖမ်းခံရပြီးလွတ်မြောက် လာသူတွေအားလုံးလဲအသက်မသေဘဲပြန်လာခဲ့ ရတာဘဲ တော်လှပြီဆိုပြီးဒီတိုင်းဘဲထားလိုက်တော့ဆက်မလုပ်တော့နဲ့ ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့အချင်းချင်းအကြောင်း တွေခင်ဗျားတို့ပိုသိပါတယ် ခင်ဗျားတို့အားလုံးအချင်းချင်း မညီညွတ်ကြလို့ဘဲ ရန်ကုန်ကတစ်ဖွဲ့ မန္တလေးကတစ်ဖွဲ့နဲ့ ကြားထဲကညီညီ တို့ကုလားအဖွဲ့ကဒီကိစ္စကိုအကြောင်းပြု ပြီး အဖွဲ့အစည်းတစ်ခုဖြစ်အောင်နဲ့နေရာတစ်ခုရအောင်ကျိုးစားနေကြတယ်ကြာရင်တစ်ကယ်နစ်နာခဲ့သူတွေကမြောက်တွေစောက်ပေါတွေဖြစ်ကြရလိမ့်မယ် အဲဒီကုလားတွေရဲ့ အဓိက target ကိုကျနော်တိတိကျကျသိနေလို့ပါဘဲ

မြောက်ပိုင်းကအရိုးတွန်တဲ့အဖွဲ့တွေပဲ

မျိုးဝင်းဆိုတဲ့လူရဲ့ဓာတ်ပုံတစ်ခါမှမတင်ပြထားဘူးနော်ရှိရင်
တင်ပေးပါဗျာဒီလောက်တောင်ရက်စက်နိုင်တဲ့လူတစ်
ယောက်ရဲ့ပုံပန်းကိုမြင်ဘူးချင်လို့ပါ

မောင်မောင် ညီညီ စိုးစိုး အလကားဆိတ်ဘော ကုလားတွေ ညီညီဆိုတဲ့ ဆိတ်သိုးကုလားအဆိုးဆုံးဘဲ ဟိုမှာမသေခဲ့တာ ဟိုလူ့ဘောစုတ် ဒီလူ့ဘောစုတ် မျိုးဝင်းတို့ သန်းဇော်တို့ ရေတောင်ဆေးစရာမလိုဘူး အလကား ပန်းစုတ်ကုလား ထွီ

အရိုးတွန်တယ်ဆိုတာဘာကိုပြောတာလဲဗျ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်