Subscribe to our RSS Feed

နိုင်ငံခြားသားများအတွက် ဟိုတယ်တိုင်း၌ ATM စက် တပ်ဆင်သွားမည်

From :Myit Makha

နိုင်ငံခြားသားများ မြန်မာငွေအလွယ်တကူ ငွေထုတ်ယူနိုင်ရေးအတွက်
ပြည်တွင်းရှိ အဓိကဟိုတယ်ကြီးများ၌ ATM စက်များတပ်ဆင်
ပေးသွားမည်ဖြစ်ကြောင်း CB ဘဏ်က သိရှိရသည်။

CB ဘဏ်အနေဖြင့် ATM စက်များအား အခု Chartrium Hotel မှာစတင် ချထားပေးပြီး ရန်ကုန်မြို့ရှိ ဟိုတယ်တိုင်းတွင် ATMစက်များတပ်ဆင်ပေးသွား
မည်ဖြစ်ကြောင်းနှင့် Traders, Sedona, Park Royal တို့တွင် တပ်ဆင်ရန်
နေရာရထားပြီးဖြစ်ကြောင်း သိရသည်။

“ ဒီလိုဟိုတယ်တွေမှာ တပ်ဆင်ပေးတာက နိုင်ငံခြားသားတွေက အပြင်ထွက်ပြီး မြန်မာငွေမလဲချင်တော့ဘူး။ ကတ်နဲ့ပဲ ထုတ်ချင်တဲ့
အတွက်ကြောင့်ပါ။ Master Card, Maestro, Cirrus နဲ့ JCBကတ် အသုံးပြုတဲ့ နိုင်ငံခြား သားတွေ မြန်မာငွေ ထုတ်ယူနိုင်မှာပါ" ဟု
CB ဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။

ATM စက်များကို မန္တလေးမြို့ရှိ ဟိုတယ်များတွင်လည်း တပ်ဆင်ပေးရန် စီစဉ်လျက်ရှိကြောင်း၊ Master Card, Maestro, Cirrus, JCB ကတ်များအသုံးပြု၍ POS (Point of Sale) စနစ်ဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင် များ၊ အမှတ်တရပစ္စည်းဆိုင်များ တွင် ငွေပေးချေနိုင်ရန် စီစဉ်လျက်ရှိရာ လာမည့်သုံးလေးလအတွင်း အသုံးပြု နိုင်မည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့၌Maesfro, Cirrus နှင့် JCBကတ်များဖြင့်
မြန်မာ ငွေထုတ်ယူနိုင်သည့်နေရာ (၃၉) နေရာ၌ ATM စက်အလုံးပေါင်း (၄၂)လုံး တပ်ဆင်ထားပြီးဖြစ်သည်။

မန္တလေး၊ပဲခူး၊တောင်ငူ၊ပြင်ဦးလွင်၊ ပျဉ်းမနား၊ မော်လမြိုင်ရှိ CBဘဏ်ခွဲများ၌လည်း တပ်ဆင်ထားကြောင်း သိရသည်။

ပြည်တွင်းစတင် သုံးစွဲနေနိုင်ပြီ ဖြစ်သည် Master ကတ်သုံးစွဲမှုအတွက် လာမယ့်နှစ် ဇန်န၀ါရီလအတွင်း ဟိုတယ်ရှိ ATM စက်များ၌ အသုံနိုင်အောင် စီစဉ်သွားမည်ဖြစ်သည်။

အဆိုပါ Master card တွေကို CB Bank ATM စက်တွေမှာ ထုတ်ယူ
သုံးစွဲနေပြီ ဖြစ်ပြီး ရန်ကုန်လေဆိပ် ဆိုက်ရောက်ဌာနတွင်လည်း ထုတ်ယူသုံးစွဲနိုင်ကြောင်းသိရှိရသည်။

“ ဒီလို Master ကတ်မှ ငွေထုတ်ယူ သုံးစွဲရာ မှာတော့ တစ်နေ့ကို ငွေကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်ပြီး တစ်ကြိမ်ကို ကျပ်သုံးသိန်း ထုတ်ယူနိုင်
ပါတယ်” ဟု CB ဘဏ် မန်နေဂျင်းဒါရိုက်တာက ပြောသည်။

ATM စက်များနှင့် ငွေထုတ်ယူမှုမှာ ဒီဇင်ဘာလ ပထမအပတ်အထိ ထုတ်ယူသုံးစွဲငွေ ကျပ်သိန်း (၉၆၀) ကျော်ရှိနေပြီ ဖြစ်သည်။



   
www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်