Subscribe to our RSS Feed

မီးလောင်ဗုံးသင့် သံဃာများကိစ္စနှင့်ပတ်သက်၍ လူမှုရေးဝန်ကြီးရှင်းလင်းပြောကြား

From :Myit Makha Mediagroup on 6 Dec, 2012

 မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော လက်ပံတောင်းတောင်အရေးကြောင့် မီးလောင်ဗုံးသင့်ခဲ့သည့် သံဃာတော်(၃၇)ပါးအား မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်(၆၂)လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံသို့ ပြောင်းရွှေ့လိုက် ပြီ ဖြစ်သည်။
စင်္ကာပူသို့ သွားရောက်ကုသမည့် သံဃာများအား နိုင်ငံကူးလက်မှတ်ထုတ်မပေးသည့်သတင်းမှာ မဟုတ်မှန်ကြောင်း၊ သံဃာများ၏ မီးလောင်ဒဏ်ရာများသည် မည်သည့် လက်နက်များဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည်ကိုမူ  ၎င်းတို့အနေဖြင့် မသိရှိကြောင်း ၊ မှုခင်းဆရာဝန်များကသာ သုံးသပ်နိုင်ကြောင်း ထိုဒဏ်ရာများမှာ အသားပြန်တက်လာမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
 “မန္တလေးဆေးရုံကြီးက အထက်မြန်မာပြည်ရဲ့ အဓိကဆေးရုံဖြစ်တယ် ၊ အခြားလူနာတွေလည်း နေ့စဉ် လာနေရတယ် ၊ မနေ့က အစာအိမ်ဖြစ်တဲ့လူတို့ အခြားလူနာတွေလာတဲ့ အချိန်ကြတော့ ကုတင်မရှိတော့လို့ အောက်မှာအိပ်နေရတာ သံဃာတွေ ကိုယ်တိုင်မြင်သွားတော့ ပြောင်းဖို့ သဘောတူလိုက်ကြတယ် ”ဟု လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင် က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ ဆရာဝန်များသည် နိုင်ငံတကာဆရာဝန်များနှင့် ရင်ဘောင်တန်းနိုင်ကြောင်း သံဃာများ အားပေးနေသည့် ဆေးဝါးများမှာ (FDA) အသိအမှတ်ပြုဆေးများ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
စင်္ကာပူသွားမယ်ဆိုတာ မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံကိုတော့ ဆရာတော်တစ်ပါးက သူ့ဆန္ဒနဲ့ သူသွားကုတာပါ ၊ နိုင်ငံကူး လက်မှတ်အတွက်လိုအပ်ရင် အကူအညီပေးမယ်လို့ကျွန်တော်တို့က ပြောထားပါတယ်ဟု ၄င်းက ဆက်ပြောသည်။
ယခုကဲ့သို့ ပြောင်းရွှေ့မှုနှင့်ပတ်သတ်၍ ကုသမှုခံယူနေသော ကိုယ်တော်များအရေးကူညီဆောင်ရွက် ပေးနေသူ ဦးသုက ပြောင်းရွှေ့မှုအား ကျေနပ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
ဒီမှာနေရာမဆန့်တော့လို့ ဟိုဖက်ဆေးရုံကြီးကိုပြောင်းပေးမယ်လို့ ပြောတော့ ကိုယ်တော်တွေအားလုံးကလဲ လက်ခံကြပါတယ် ၊ ဘာမှပြောစရာမရှိပါဘူးဟု၎င်းက ပြောသည်။
မန္တလေးဆေးရုံကြီးတွင် အရေးပေါ် ခွဲစိတ်ကုသမှုခံယူရမည့် သံဃာ(၄)ပါး အပါအ၀င် စုစုပေါင်းသံဃာ (၃၁)ပါး ဆက်လက် ကုသမှုခံယူနေသည်။
  www.MyanmarExpress.net

16 comments:

ဆရာ တော် ဘု ရား များ ရှင့် သူ တ ပါး ဘာ သာ အား ရ အောင် မ လုပ် ကြ ပါ နဲ့ ဘုရား နိုင် ငံ တော် အ ကြီး အ ကဲများ အ ကြပ် တွေ့ အောင် မ လုပ် ကြ ပါနဲ့ ဘု ရား သင် ကန်း ဝတ် နဲ့ ဆို တော့ ရဲ တွေ တား ဆီး မှု ကို ပို ရုပ်ဆိုး စေ ပါ တယ် နိုင် ငံ ရေး လုပ် မယ် ဆို ရင် တော့ သင် ကန်း မ စည်း ထား စေ ချင် ပါ ဘူး ဘုရား

ဆရာ တော် ဘု ရား များ ရှင့် သူ တ ပါး ဘာ သာ အား ရ အောင် မ လုပ် ကြ ပါ နဲ့ ဘုရား နိုင် ငံ တော် အ ကြီး အ ကဲများ အ ကြပ် တွေ့ အောင် မ လုပ် ကြ ပါနဲ့ ဘု ရား သင် ကန်း ဝတ် နဲ့ ဆို တော့ ရဲ တွေ တား ဆီး မှု ကို ပို ရုပ်ဆိုး စေ ပါ တယ် နိုင် ငံ ရေး လုပ် မယ် ဆို ရင် တော့ သင် ကန်း မ စည်း ထား စေ ချင် ပါ ဘူး ဘုရား

ဆ ရာ တော် ဘု ရား များ ကို တောင်း ပန် အပ် ပါ တယ် အခြား ဘာ သာ များ အား ရ အောင် မ လုပ် ကြ ပါနဲ့ ဘု ရား နိုင် ငံတော် ကြီး တိုး တက် စေ ချင် ဆို ရင် ဖြင့် သင် ကန်း ဝတ် နဲ့ ရဲ များ ကို နိုင် ငံတော် ကို မ ရင် ဆိုင် ပါ နဲ့ ဘု ရား သင် ကန်း ကို အ ကာ အ ကွယ် ယူ ပြီး နိုင်ငံ ကို ရုပ် ဆိုး အောင် မ လုပ် ပါ နဲ့ဘု ရား

ဆရာ တော် ဘု ရား များ ရှင့် သူ တ ပါး ဘာ သာ အား ရ အောင် မ လုပ် ကြ ပါ နဲ့ ဘုရား နိုင် ငံ တော် အ ကြီး အ ကဲများ အ ကြပ် တွေ့ အောင် မ လုပ် ကြ ပါနဲ့ ဘု ရား သင် ကန်း ဝတ် နဲ့ ဆို တော့ ရဲ တွေ တား ဆီး မှု ကို ပို ရုပ်ဆိုး စေ ပါ တယ် နိုင် ငံ ရေး လုပ် မယ် ဆို ရင် တော့ သင် ကန်း မ စည်း ထား စေ ချင် ပါ ဘူး ဘုရား

Monks stay themselves. U Paing took their lands. That's why they protest their rights. Who starts first?

မ ဆိုတဲ့ မရေ စဉ်းစဉ်းစားစားပြောပါ ဘယ်ဆရာတော်မှ နိုင်ငံရေးမလုပ်ပါ
နိုင်ငံ့အရေးကိုသာ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်
(နိုင်ငံ့အရေး ဆိုရာမှာလဲ မရဲ့အရေးလဲပါတယ်နော်)
နိုင်ငံရေးလုပ်နေပါတယ်ဆိုတဲ့ မတို့ပြောတဲ့ ဘယ်ဆရာတော်ကများပါတီထောင်တာ ၀န်ကြီးလုပ်တာ နိုင်ငံတော်အာဏာလုတာ တွေ့ဘူလား
မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ယှဉ်ကြည်စေခြင်တယ်
ပထမမြန်မာနိုင်ငံကိုတည်ထောင်စဉ်တုန်းကလဲ အနော်ရထာနဲ့အတူ အရှင်အရဟံ ပါခဲ့တယ်၊ တရုပ်က ပထမမြန်မာနိုင်ငံကိုစတင်တည်ထောင်ရာ ပုဂံကိုတိုက်မယ်လုပ်လို့ တရုပ်ပြေးမင်းက မနိုင်လို့ အရှင်ဒိသာပါမောက္ခ ဆရာတော်ကိုဘဲ တရုပ်ကိုသွားပြီး သံခင်းတမန်ခင်းနဲ့ ဆောင်ရွက်ခဲ့တာမို့လား (ဘယ်စစ်တပ်ကများ နိုင်အောင်တိုက်နိုင်လို့လဲ) နောက်အင်္ဂလိပ်ခေတ်တုန်းကလဲ ဦးဥတ္တမတို့ ဦးဝိစာရတို့ အထင်အရှားနော် ဆရာတော်များ (မပြောသလို နိုင်ငံရေးပေါ့) နိုင်ငံအရေးလုပ်ပြီး ဘယ်ဆရာတော်ကများ ငါ့ကို ၀န်ကြီးအဖြစ်ခန့် ငါ့ကို ပါတီထောင်ပေး ငါသမ္မတလုပ်မယ် မပြောဘူးနော် (မ ကြားဘူးလား)အခုက မတို့ကြောင့်ပိုဆိုတာ အခြားဘာသာခြားတွေဝမ်းသာမှာ မတို့ကသံဃာကို ဆန့်ကျင်ကြတာနော် မြန်မာနိုင်ငံကို ကာကွယ်နေတာ စစ်တပ်ကြည့်မဟုတ်ပါဘူး ဘုန်းကြီး(သံဃာ)၊ ကျောင်းသား၊ ပြည်သူ၊ စစ်တပ် ပါ
စစ်တပ်က ကာကွယ်တာက မြင်ရတဲ့အပြင်ရန်ပါ လူသတ်လက်နက်များကို ကိုင်ထားပြီး မြင်ရတဲ့ရန်သူကို သတ်ဖြတ်ပြီးကာကွယ်တဲ့နည်းပါ နောက်ပြည်သူ ပြည်သူက စီးပွားရေး လူမှုရေးနဲ့ အခွန်ပေးဆောင်ပြီး ကာကွယ်ရေးဆိုင်ရာများကို ထောက်ပံ့ထားတာပါ၊ နောက် ကျောင်းသား ကျောင်းသားဆိုတာကတော့ ပညာရည်မြင့်မားအောင်ကြိုးစားပြီး သူများနိုင်ငံနဲ့သာအောင် မသာတောင် တန်းတူလိုက်နိုင်အောင် လုပ်ပြီး နိုင်ငံတော်ကြီးအောက်မကြအောင် ကာကွယ်နေကြတာပါ နောက် သံဃာ သံဃာဆိုတာဟာ မမြင်ရတဲ့ ရန်သူကိုကာကွယ်ပေးရတာပါ ပိုတာဝန်ကြီးပါတယ် သူများဘာသာမလွှမ်းအောင် ပြည်သူပြည်သားတွေကို လောကီရေးတွေနဲ့ကြည့်ရှုပ်ပြီး ကုသိုလ်ရေးတွေမမေ့အောင် သံသရာမနစ်မွန်းအောင်ပေါ့ဗျာ (မ စဉ်းစားကြည့်ပါ သံဃာသာမရှိတော့ရင် ဒီနိုင်ငံဘာဖြစ်သွားမလဲ မြန်မာလူမျိုးတွေဘာဖြစ်သွားမလဲ)အဲဒီလို နိုင်ငံကို ကာကွယ်နေကြတဲ့ အဖွဲ့ထဲမှာ ကျောင်းသား၊ ပြည်သူ၊ သံဃာ သူတို့သည် အပြင်ရန်ကိုသာကားကွယ်ရုံမဟုတ်ဘူး ပြည်တွင်ကရန်ကိုလဲကာကွယ်ရသေးတယ် (ပြောရရင်တော့ မ ရာ လက်နက်အားကိုနဲ့ အနိုင်ကျင့်ခံရတယ်ပေါ့) စစ်တပ်ကတော့လား ဟုတ်ကဲ့ မ အပြင်ရန်ကိုတော့ကာကွယ်ပါတယ် ဒါပေမဲ့......ပြည်သူနဲ့ ကျောင်းသား သံဃာကို သတ်တယ်ဗျ ကြန်တဲ့ကျောင်းသား ပြည်သူ သံဃာက စစ်သားကိုမသတ်ဘူးဗျ
စစ်သားက သတ်တာမှ ရက်ရက်စက်စက် ရွံ့ရွံ့ချွန်ချွန်ပဲ လက်နက်မပါတဲ့ ကျောင်းသား ပြည်သူ သံဃာကို သေနတ်ကြီးနဲ့လေဗျာ

မရေ နောက်များ သံဃာနှင့်ပတ်သက်လာရင် ပြောတော့မယ်ဆို သေချာညွှန်းပါ ဘယ်ကျောင်းတိုက်က ဘယ်ဆရာတော် ဘာလုပ်လို့ဘာပါ ဆိုတာပေါ့ နို့မဟုတ်ရင်တော့ မ သံဃာဂိုဏ်းသင့်လိမ့်မယ် ကြောက်စရာကောင်းတယ်နော် (မကြောက်တက်ရင်တော့မသိဘူးလေ) ဆရာတော်များ သံဃာများ ဆိုတဲ့များနဲ့ မသုံးပါနဲ့ မြန်မာနိုင်ငံမှာ သံဃာတွေကအများကြီးနော် အရေအတွက်နဲ့ ကြည့်ရင်ဖြစ်ဖြစ် မြန်မာနိုင်ငံမှာရှိတဲ့ သံဃာ အားလုံးရဲ့ အလုပ်လုပ်တာကိုကြည့်ကြည့်ပေါ့ဗျာ (24)နာရီလုံး တစ်ပါးမဟုတ်တစ်ပါးတော့ သေချာပေါက် ပရိယတ်(စာပေသင်အံလေ့ကျက်ခြင်းအလုပ်)ပဋိပတ်(တရားအားထုတ်ခြင်းအလုပ်) တစ်ပါးပါးကတော့သေချာပေါက်လုပ်နေမှာပဲ အဲဒီလိုတာ မတို့ မကောင်းအတင်းပြောနေကြရင် တွေးကြည့်ရုံနဲ့တောင် အပြစ်ကကြောက်စရာကောင်းလိုက်တာ သံဃာဆိုတာနဲ့တင် မြန်မာမှာရှိတဲ့သံဃာတင်မကဘူး ဒီကမ္ဘာမှာရှိတဲ့သံဃာပါ အကုန်အကြုံးဝင်တယ်နော် (မ မသိဘူးလား) မြန်မာမှာ နာမည်ကြီးဆရာတော်များကအစ ကမ္ဘာမှာ ရှိတဲ့ရဟန်းအားလုံးက သံဃာပဲ မတော့အပြစ်သင့်နေပြီး မယုံရင် မ ကိုးကွယ်နေတဲ့ ဆရာတော်ဖြစ်ဖြစ် နီးစပ်ရာဆရာတော်တစ်ပါးပါးဖြစ်ဖြစ်မေးကြည့်ပါ(မ က ဗုဒ္ဒဘာသာဆိုရင်ပေါ့)

ဆရာတော် သံဃာတော်နဲ့ သင်္ကန်းဝတ် လူ့အခြောင်သမားတွေကိုတော့ ခွဲခြားတတ်ဖို့ ကောင်းပါတယ်။ နယ်ချဲ့ကိုတော်လှန်ခဲ့တဲ့ သံဃာတွေအကြောင်း ပြောရင် မင်းတုန်းမင်းလက်ထက် ကနောင်မင်းသားကြီးက နိုင်ငံ့တော် ကာကွယ်ရေးအတွက် ရေမြူပ်ဗုံးစမ်းတော့ ဘယ်သူက ဘာပြောလို့ ဘယ်လိုလုပ်ခဲ့ရတယ် ဆိုတာကိုလဲ ပြန်စဉ်းစားကြည့် ကြပါဦး

ရဟန်းအလုပ် ရဟန်းလုပ်ရင် ဘာမှမဖြစ်ပါဘူး ပရိယတ် ပဋိပတ်လုပ်နေတဲ့ကိုယ်တော်တွေ ဘယ်ကိုယ်တော်မှ မီးမလောင်ပါဘူး

ဟုတ်တယ် ထောက်ခံတယ် ကိုယ့်ကျောင်းထဲမှာ ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့ကိုယ်တော်တွေ ဘယ်ကိုယ်တော်မှ မီးမလောင်ဘူး

ဒါဆို ကိုယ့်တိုင်းပြည် အစိတ်အပိုင်းတစ်ခု ဘင်္ဂလီလက်ထဲမပါအောင် ရခိုင်ကို သွားသင့်တယ်။ ဒါမှမဟုတ် ဝမ်ပေါင် သမ္မတနိုင်ငံ ထူထောင်လို့ တိုင်းပြည် မပြိုကွဲ အောင် ကချင်ကို သွားသင့်တယ်။

ဦးဥတ္တမ ဦးဝိစာရ က တိုင်းတစ်ပါးနယ်ချဲ့ကို တော်လှန်ကြတာကွ အခုဘုန်းကြီးတွေက ကိုယ့်လူမျိုး ကိုယ့်သမ္မတကို ပြန်တော်လှန်နေတဲ့သူပုန်တွေကွ မနှိုင်းယှဉ်နဲ့ သိက္ခာချင်းမတူဘူး ဘုန်းကြီးတွေပါတီထောင်ခွင့်ရှိတယ်လို့ တရားဝင်ပြဌာန်းကြည့်ပါလား ဘုန်းကြီးပါတီဆိုပြီးတစ်ဖွဲ့ထပ်တိုးလာမှာသေချာတယ် အဲဒီအခါကြရင် မင်းအမေရဲ့လင်ငယ်ဘုန်းကြီးတွေက သင်္ကန်းတယားယားနဲ့ သမ္မတတက်လုပ်ဖို့စိတ်ကူးယဉ်နေကြမှာ လူတွေက လောဘ ဒေါသ မောဟတွေ များနေရင်တောင် သူတို့က တရားရေဆေးတိုက်ကြွေးပြီး ဖြောင်းဖျရမယ့်အစား သူတို့ကိုယ်တိုင်ကို လောဘ ဒေါသတွေကို ရှေ့တန်းတင်ပြီးမိုက်ပြနေမှတော့ ဘာကြည်ညိုစရာလိုတော့လို့တုန်း လူတွေထက်တောင်ပိုဆိုးနေသေးတယ် နေရာတကာတိုင်း ဘုန်းကြီးတွေလူတွင်ကျယ်ဝင်လုပ်နေရအောင် တိုင်းပြည်အုပ်ချုပ်နေတဲ့ လူပုဂ္ဂိုလ်တွေက စောက်ရူးတွေမို့လို့လား ဘာသွားလုပ်ရတော့မှာလည်း နိုင်ငံရေးလည်း ဘုန်းကြီးတွေဝင်ပါ လူမှုရေးလည်း ဘုန်းကြီးတွေဝင်ပါ အားလုံးဝင်ပါချင်နေတာ လူတွေကတရားဟောပြီး ဘုန်းကြီးတွေကိုပဲ တိုင်းပြည်အုပ်ချုပ်မယ့်တာဝန်လွှဲပေးရတော့မှာလား လူတွေကဘာသွားလုပ်ရတော့မှာလဲ ကိုယ့်နေရာကိုမသိကြတာ အဆိုးဆုံးပဲ ဘုန်းကြီးကိုကပ်မြှောင် လုပ်စားချင်တဲ့ မင်းတို့လိုကောင်တွေကြောင့် တိုင်းပြည်ကရှေ့ကိုရောက်မှာ မဟုတ်တော့ဘူး ဦးနှောက်နဲ့စိတ်ဓာတ်တွေကိုက ချီးဦးနှောက် ချီးစိတ်ဓာတ်တွေပဲ ဘုန်းကြီးမယားငယ်ရဲ့သားလေးရေ

A monk who was speaking on RFA TV, are you crazy? You are demanding you want President U thein Sein and his Government must apologize you and all monks, if President will not apologize, all of you monks will demonstrate general strike, why President needs to apologise you, you think you are Buddha, no way. What ever monks did right or wrong if President has to apologise, no one no Government can manage this country, in Myanmar monks are too much over more than enough, why too many youth monks? You don't want to work, just get free food, free donation and free accommodation. Monks; enough is enough don't do against Government any more, you are trying to make trouble in the country, every where you are going around and against Government and you don't do your job as religious purpose your are leading and going to DEEP HELL.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်