Subscribe to our RSS Feed

ဒီမိုကရေစီနဲ့ မထိုက်တန်သော မြန်မာပြည်သူတို့၏ အကျင့်များ

From : မောင်သာချို

(တစ်)
တန်ဆောင်တိုင်ပွဲတော်ရက်များအတွင်း၌ ဟိုရပ်ကွက်သည်ရပ် ကွက် ဟိုလမ်းသည်လမ်း နေရာ အနှံ့အပြားတို့တွင် နိဗ္ဗာန်ဈေးက လေးများ အလျှိုအလျှိုဆိုသလို ပေါ်၍လာကြသည်မှာ တော် တော့ကို စိတ်ကြည်နူးဖို့ ကောင်း ပါသည်။ လူတွေလူတွေ မဲလက် မှတ်ပေးမည့် နေရာဆီမှာ တန်းစီ ကာ မဲလက်မှတ်ကိုရယူကြ။ ထို့ နောက် ကိုယ့်အိမ်ရှေ့မှာ ကိုယ် တည်ခင်းထားသည့် နိဗ္ဗာန်ဈေး

ဆိုင်ကလေးများရှိရာဆီသို့ ကိုယ် ရရှိထားသည့် မဲနံပါတ်အတိုင်း သွားရောက် ထုတ်ယူကြ။ ဆန် ထုပ်ကလေးတွေ၊ ဆီပုလင်းက လေးတွေ၊ ကြက်သွန်ဖြူနီအထုပ် ကလေးတွေ၊ ဒန်အိုးဒန်ခွက်တွေ၊ ပန်ကာတွေ၊ မီးပူတွေ၊ အ၀တ်အ ထည်တွေ၊ ထီးတွေ၊ ထမင်းချိုင့် တွေ၊ အို .. စုံလို့။ တော်တော့ကို ပျော်စရာကောင်းတဲ့ စိတ်ကူးမျိုး ပါ။ကျွန်တော့်အိမ်နှင့် မလှမ်း မကမ်းလမ်းထိပ်က မဏ္ဍပ်ကလေး ရှိရာဆီမှာလည်း ထုံးစံအတိုင်း နိဗ္ဗာန်ဈေး လက်မှတ်ကလေးတွေ ပေးပါသည်။ လက်မှတ်က ညနေ ၆ နာရီလောက်မှ ပေးမည်ဖြစ် သော်လည်း ၄ နာရီဝန်းကျင် လောက်ကတည်းက တန်းစီသူ များနှင့် ရုတ်ရုတ်သဲသဲစ၍ ဖြစ်နေ ပြီဆိုသည်ကို အသံချဲ့စက်၏ သတိပေးသံများက တစ်ဆင့်အ ချိန် နှင့် အမျှကြားသိနေရပါသည်။ တန်းစီကြပါတို့၊ စည်းကမ်းရှိပါတို့၊ ကြားမဖြတ်နဲ့တို့ ဆိုသည့် သတိ ပေးသံများက ဆယ့်ငါးမိနစ်ကို တစ်ကြိမ်လောက် ပေါ်ထွက် လျက် ..။တစ်ယောက်ပြီး တစ်ယောက် ရှေ့ကို တက်၊ တစ်ရွက်ပြီးတစ် ရွက် မဲလက်မှတ်ကလေးတွေယူ ကာကိုယ်လိုရာဆီသွားလျှင် အ ဆင်ပြေပါလျက် တွန်းထိုးရုန်းကန် လုယက်နေကြတာတွေဟာ ဘာ့ ကြောင့်များလဲဟု ကျွန်တော်အ တွေးဝင်မိပါသည်။

(နှစ်)
တစ်ခါက တယ်လီဖုန်းအ ခွန်များကို တန်းစီ၍ ပေးသွင်းကြ ရစဉ် အလွန်ရှည်လျားကွေ့ ကောက်လှစွာသော မြေလိမ်မြေ ကောက်လူတန်းကြီး တစ်ခုအ တွင်း၌ ကျွန်တော်လည်း ရောက် နေခဲ့ဖူးပါသည်။ နေကပူပူ၊ အခန်း ကကျဉ်းကျဉ်း၊ အမိုးက နိမ့်နိမ့်မို့ လားမသိ ချွေးထွက်လွန်ကာ မူးလဲ သူလဲနှင့် တော်တော့ကို ပေးဆပ် ပြီး တန်းစီကြရသည့် နေ့တစ်နေ့ ဖြစ်ပါသည်။ထုံးစံအတိုင်းပါပဲ။ အချိန်နှင့် အမျှဆိုသလို လူတွေအလျှိုအလျှို ရောက်လာလိုက်ကြတာ။ ငွေ သွင်းကောင်တာ အပေါက်ဝဆီမှာ နှစ်ထပ်၊ သုံးထပ်ဖြစ်၍ နေရာ မည် သည့်လူတန်းက မူလတန်းစီ ထားသည့် လူတန်းလဲဆိုတာ မသိ နိုင်ပါလေတော့။ကျွန်တော်တို့ တော်တော် များများသည် တန်းစီနေသည့် လူတန်းကြီးထဲ၌ တစ်ကြိမ်မဟုတ် တစ်ကြိမ်ဆိုသလို ပါဝင်ဖူးကြသူ များဖြစ်ပါသည်။ မီးရထားလက် မှတ်ရုံထဲ၌ ကျွန်တော်တို့တန်းစီ ဖူးကြပါသည်။ မီတာခပေးသွင်း သည့်နေရာ၌ ကျွန်တော်တို့ တန်း စီဖူးကြပါသည်။ မှတ်ပုံတင် လုပ် သောနေရာ၌ ကျွန်တော်တို့ တန်း စီဖူးကြပါသည်။ ဆိုင်ကယ်လိုင် စင်လုပ်ပေးသော နေရာ၌ ကျွန် တော်တို့ တန်းစီဖူးကြပါသည်။ ကားလိုင်စင်ဝင်သော နေရာ၌ ကျွန်တော်တို့ တန်းစီဖူးကြပါ သည်။ ရုပ်ရှင် ရုံ လက်မှတ်ရောင်း သောအပေါက်ဝ၌ ကျွန်တော်တို့ တန်းစီဖူးကြပါသည်။ သင်္ဘော လက်မှတ်ရောင်းသော ရုံကလေး အတွင်း၌ ကျွန်တော်တို့ တန်းစီဖူး ကြပါသည်။ ကျောင်းလခပေး သွင်းသော နေရာ၌ ကျွန်တော်တို့ တန်းစီဖူးကြပါသည်။ လေဆိပ်သို့ အ၀င်လေယာဉ်ပေါ်သို့ အတက် ၌ ကျွန်တော်တို့ တန်းစီဖူးကြပါ သည်။ သမ၀ါယမ ဆိုင်ကပေးသောဆန်ဆီဆား နို့ဆီဆပ်ပြာများ အတွက် ကျွန်တော်တို့တန်းစီဖူး ကြပါသည်။ နွေရာသီတရားစခန်း ၀င်ဖို့၊ ကိုရင်ဝတ်ဖို့၊ ဦးပဉ္စင်းဝတ် ဖို့ ကျွန်တော်တို့ တန်းစီဖူးကြပါ သည်။ နိုင်ငံကူးလက်မှတ်လုပ်ဖို့ သံရုံးက ဗီဇာဝင်ဖို့ ကျွန်တော်တို့ တန်းစီဖူးကြပါသည်။ အထူးကု ဆရာဝန်ကြီးနဲ့ တွေ့ဖို့ ကျွန်တော် တို့တန်းစီဖူးကြပါသည်။ လူတွေ လူတွေ။ ၀န်ဆောင်မှုနှင့် စားသုံး သူအချိုးအစားမမျှတလေသော အခါဖြစ်မြဲ ဓမ္မတာအတိုင်း ပေါ် ပေါက်လာတတ်သည့် လူတန်း ကြီးများ။

(သုံး)
ကမ္ဘာပေါ်၌တန်းစီသော သူတို့ရှိကြသည်မှာ ဆန်းကြယ် သောကိစ္စမဟုတ်ပါ။ ကုန်း ကောက်စရာ မရှိလောက်အောင် မွဲတေသော နိုင်ငံများ၌ ရှိသလို သန်းကြယ်သူဌေးတို့ ခြေချင်းလိမ် ကာပခုံးချင်းတိုက်နေသော နိုင်ငံ များ၌လည်း ရှိပါသည်။ မဆန်းပါ။ ၀န်ဆောင်မှုနှင့် စားသုံးသူအင် အားအချိုးအစား မမျှတသည့် ကမ္ဘာကြီးပေါ်၌ လူတို့တန်းစီကြ သည်မှာ ဘာမှမဆန်းပါ။ သို့သော် ဘယ်လိုစိတ်နေသဘောထားတွေ နှင့် လူတန်းကြီးထဲမှာ ကိုယ် ရောက်ရှိနေသလဲဆိုသည်က ဆန်းသည်။ အရေးလည်း ကြီးပါ သည်။တန်းစီးခြင်းဓလေ့၊ ထိုလူ တန်းကြီးထဲတွင် မိမိသည်လည်း လူတစ်ယောက်အနေနှင့် ပါဝင်လို သောစိတ်၊ တစ်ယောက်ပြီး တစ် ယောက် တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့တိုး၍ တိုး၍ သွားရသော ဖြစ်စဉ်ကြီးထဲ၌ မိမိသည်လည်း တန်းတူ ရည်တူ ပါဝင်နေရခြင်း အပေါ် ကျေနပ်လက်ခံသော သဘောထားတို့သည် လူသားအ တွက်၊ ထို့ထက်ပိုမို၍ ဆိုရသော် ယဉ်ကျေးသော လူ့အဖွဲ့အစည်း အတွက် အလွန်လိုအပ်လှပါ သည်။တိရစ္ဆာန်တို့ကား တန်းစီ လေ့မရှိပါ။ ထမင်းကျန်၊ဟင်းကျန် များရှိရာဆီသို့ စုပြုံတိုးဝှေ့ကိုက်ခဲ မာန်ဖီကာ ရောက်ရှိလာကြသည့် ခွေးများ၊ ချောင်းထဲမြစ်ထဲကရေကို သောက်ရန် ၀ရုန်းသုန်းကားဖြင့် ဆင်းသက်လာကြသည့် ကျွဲများ၊ နွားများ၊ ငါးကြော်အတိုအစ အ ပိုင်းအတစ်ကလေးများကို စားရန် ညောင်ဝေါင်ဝေါင်သံပေးရင်း ပြေး လာကြသည့် ကြောင်များ၊ အသား တစ်တစ်ပိုင်းတစ်စကို ရရာနေရာ ကနေဆိတ်ဆွဆွဲငင်လုယူနေကြ သည့်ငှက်များ၊ သူတို့အားလုံး၌ တစ်ကောင်ပြီး တစ်ကောင်ဆို သည့်တန်းစီလိုသော စိတ်များ မရှိ ပါလေ။လျင်သူက၊ မြန်သူက၊ လက် ဦးသူက၊ အင်အားကြီးသူက အလို ရှိရာကို ရစတမ်း ဟူသည် တော တိရစ္ဆာန်တို့၏ ဥပဒေသ (Jungle Law) ပဲဖြစ်ပါသည်။ ယင်းသည် တိရစ္ဆာန်တို့၏ တရားမျှတမှု။

(လေး)
ပြင်ပကမ္ဘာနှင့် အဆက်အ သွယ်အထိအတွေ့များသူတို့က ပြင်ပကမ္ဘာကို ချီးမွမ်းခန်းဖွင့်ကြ လေသောအခါ သူတို့၏ တန်းစီ စိတ်ထားကိုပါ မကြင်းမကျန် ထည့်သွင်းအမွှမ်းတင်လေ့ရှိပါ သည်။ အထူးသဖြင့် ဘတ်စ်ကား မှတ်တိုင်များတွင် ဦးသူကပြေး တက်၊ လျင်သူက ပြေးတက်၊ သန် စွမ်းသူက ပြေးတက်သည့်အလုပ် မျိုးကို မည်သူကမှ မလုပ်ဘဲ ထိုသို့ တိရစ္ဆာန်ဆန်ဆန် အောင်ပွဲခံအ နိုင်ယူပုံမျိုးကို စက်ဆုပ်ရွံ့ရှာစရာ အဖြစ် လူတိုင်းလူတိုင်းက သ ဘောထားကြကြောင်း ပြောပြကြ လေ့ရှိပါသည်။ ဘတ်စ်ကား မှတ် တိုင်မှာ လူသုံးယောက်လောက် ရောက်လာသည်နှင့် အလိုအ လျောက် တန်းစီပြီးသားတဲ့။ နိုင်ငံ ကြီးသားတို့၏ လိပ်ပြာ၊ ကျွန်တော် တို့ဆီက ဘတ်စ်ကားမှတ်တိုင်ရှိ လူများကြားသွားလျှင်လဲများသေ သွားကြလေမလားမပြောတတ်။ကျွန်တော်တို့ဆီမှာကတော့ Toll Gate များ၌ပင်လျှင် ““Please Ss”” ဟုဆိုကာ ကားတစ်စီးချင်း တန်းစီဝင်ဖို့ သတိပေးစာတန်းရေး ကပ်ထားရပါသည်။ မီးပွိုင့်များ၌ မူ ကိုယ့်ယာဉ်ကြောကနေ ကိုယ်မ မောင်းဘဲ အခြားယာဉ်ကြောက နေလုယက်ကျော်တက်ကာ တစ် စီးလောက်ဟူသော စကားဖြင့် ရှေ့ သို့တိုးရန် လုပ်ဆောင်သူများက အများအပြားဖြစ်ပါသည်။အလုအယက်တို့၊ နိုင့်ထက် စီးနင်းတို့၊ လျင်သူစားစတမ်းတို့၊ လည်သူစားတမ်းတို့နှင့် စနစ်တ ကျ တန်းစီခြင်းတို့က ပြဒါးတစ် လမ်းသံတစ်လမ်းပဲ ဖြစ်ပါသည်။ဟုတ်ပါတယ်လေ။ တိရစ္ဆာန် တွေရဲ့ သင်ရိုးညွှန်းတမ်းထဲမှာ စနစ်တကျ တန်းစီခြင်း သင်ခန်း စာပါဝင်ပုံမရပါဘူး။ ။

www.MyanmarExpress.net
 

4 comments:

WHAT THE HECK!!!!!
This is the best "BEST" post I have ever read
in 2012.
What a shame that we live in the place,
wheres, fill with jungle rules, in our daily life.

စစချင်းတော့တရုတ်ကိုမဲပြီးတိုက်ခိုက်နေတာ
နောက်ဆုံးတရုတ်ကမသကာမြန်မာပြည်မှာရင်းနှီးမှုတွေမလုပ်ရုံဘဲပေါ့

အခုတဖြည်းဖြည်းနဲ့ ဦးသိန်းစိန်အစိုးရဆီမျှားဦးလှည့်လာပြီ
ဒါဟာသူ့အလိုအလျှောက်ဖြစ်တာမဟုတ်ပါဘူး
အနောက်နိုင်ငံတွေနဲ့ အတိုက်အခံတွေရဲ့ နိုင်ငံရေးအစီစဉ်တခုပါ

အမေရိကန်တွေကမျက်နှာမိတ်ကပ်ရိုက်ပြီး၊မျက်နှာချိုသွေးပြီး၊
မြန်မာအတိုက်အခံတွေကိုတော့မျက်နှာအိုးမဲသုတ်ပြီး
ကခိုင်းတဲ့လုပ်ဇတ်ကြီးတခုပါ

ကိုင်း...အခုဘာလုပ်ကြမလဲ?

၂၀၁၅ မတိုင်မှီ တပ်မတော်မှအာဏာပြန်ယူပြီးအုပ်ချုပ်ဖို့သာရှိတော့ပါတယ်
ဒီလိုဒီမိုကရေစီဆိုတာဘာမှန်းမသိသေးတဲ့
ဒီမိုကရေစီနဲ့မထိုက်တန်တဲ့သူတွေကို
သေနတ်နဲ့အုပ်ချုပ်တာလက်တွေ့အကျဆုံးပါ

*မှတ်ချက်* ဒီမိုကရေစီဆိုတာ၊ဘာပြသနာကိုမဆို
တရားဥပဒေဘောင်ထဲကရှင်းလင်းဖို့ပါ၊
ဒီမိုကရေစီနိုင်ငံမှာလွတ်လပ်စွာဆန္ဒပြနိုင်ပေမဲ့
တရားဥပဒေအရခွင့်ပြုချက်ကိုရယူရမှာပါ။
ဒီလိုဆန္ဒပြတဲ့ခွင့်ပြုမိန့်ထဲမှာ နေရာ၊အချိန်အတိအကျပါတယ်

အခုလိုစည်းကမ်းမဲ့၊ဥပဒေကိုမလေးစားဘဲကိုယ်လုပ်ချင်တာ
လုပ်နေတာဒီမိုကရေစီရဲ့ လမ်းကြောင်းနဲ့ပြောင်းပြန်ဖြစ်နေပါတယ်

ဒါကြောင့်လဲသက်ဆိုင်ရာကတရားဥပဒေနဲ့အညီ
အရပ်သား၊ဘုန်းကြီးမခွဲခြားဘဲဖြိုခွဲရှင်းလင်းရတာဟာအမှန်တရားပါ

ပြည်သူ၊ ဘုန်းကြီး၊ ကျောင်းသား တွေရဲ့အထက်မှာ
နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေဟာအမြင့်ဆုံးပါ
ဘာမှဆင်ခြေဆင်လက်ပေးစရာမလိုပါဘူး
အစိုးရဟာအခြေခံဥပဒေနဲ့အညီလုပ်ဆောင်တာကြောင့်
ဘယ်သူ့ကိုမှကြောက်စရာမလိုပါဘူး။
တရားဥပဒေဆိုတာမှန်ကန်တဲ့သူတွေဖက်မှာအမြဲရပ်တည်နေပါတယ်
.

အရူးဘုံမြောက်နေတဲ့သူကရှိသေးတယ်
နေရာတကာဝင်ပါနေတာမိန်းကလေးတန်မဲ့အရှက်အကြောက်မရှိ
ရခိုင်အရေးကျမတွေ့ ရဘူး။

အဲ့မိန်းမ တကယ့်စရိုက်နော် .. စပယ်ယာ မိန်းမတောင် သမာအာဇီဝ ကျကျနဲ့ နေသေးတယ် .. ဒီမိန်းမ လူထုကိုပဲချစ်သလိုလို .. အသက်ပဲပေးမလိုလို .. အများကြီးမလုပ်နဲ့ ခင်ဗျားနေတဲ့အိမ် တစ်ပတ်တစ်ကြိမ်အရင်ရှင်းထားလိုက်ဦး .. အဲ့ဒီစောက်ကြီးစောက်ကျယ်နဲ့ ပါလေရာငပိချက်လုပ်တာ မျက်စိနောက်တယ်.. တကိုယ်လုံး Discount နဲ့ ငှားစားလိုက်ရမှာ .. ပါးစပ်ပိတ်သွားအောင် .. လ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်