Subscribe to our RSS Feed

စွန့်ပစ် အမှိုက်များမှ မီသိန်း ဓာတ်ငွေ့ထုတ်လုပ် သွားရန် စီစဉ်လျက်ရှိ

From : mrtv4


စွန့်ပစ် အမှိုက်များမှ တဆင့် မီသိန်း ဓာတ်ငွေ့ ထုတ်လုပ်ဖို့ စီစဉ် သွားရန် ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အသုံးပြုတဲ့ စွန့်ပစ် အမှိုက်မှ စွမ်းအင် ထုတ်ယူတဲ့ စနစ် Waste to Energy အရ အမှိုက်ပုံမှ တဆင့် မီသိန်း ဓာတ်ငွေ့ကို ထုတ်ယူမှုဟာ လေ့လာချက်တွေ အရ အကောင်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ မီသိန်းဓာတ်ကို Generatorနဲ့ အပူပေးပြီး မောင်းနှင် ပါက လျှပ်စစ်ဓာတ် ထုတ်လုပ်နိုင်ပြီး အဆိုပါ စနစ်ဟာ ပြည်တွင်းနဲ့ ကိုက်ညီတဲ့ အတွက် အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်နည်းလမ်း တစ်မျိုးမှာ အမှိုက်ပုံမှ ထွက်တဲ့ မီသိန်း ဓာတ်ငွေ့များကို စုပြီး ပြန်လည် သန့်စင်ကာ CNG သဘာဝ ဓာတ်ငွေ့ ပြန်လည် ထုတ်လုပ်တဲ့ နည်းလမ်း ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ဖို့နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တွေကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန အနေနဲ့ တင်ပြထား တယ်လို့ သိရပါတယ်။ အဆိုပါ ခွင့်ပြုချက် ရရှိပါက နိုင်ငံပိုင် သတင်းစာများမှ တဆင့် လုပ်ငန်းရှင် များကို တင်ဒါခေါ်ယူ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။




  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်