From :
Soccer Myanmar
အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယအဆင့် ၀င်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသမီး ယူ-၁၉ အသင်းသည် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် အိန္ဒိယ အသင်းကို (၈-၀)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရကာ
ခြေစစ်ပွဲ နောက်ဆုံး အဆင့်သို့ တက်ရောက် သွားပြီ ဖြစ်သည်။
မြန်မာ အသင်းအတွက် ဂိုးများကို ၀င်းသိင်္ဂီထွန်းက (၉၊ ၄၅)မိနစ်၊ ခင်နွေးနွေးရွှေက ပွဲချ
Myanmar Express

ိန်
(၂၆)မိနစ်၊ နီလာဝင်း (၄၇၊ ၆၄၊ ၈၃)မိနစ်များတွင် ဟက်ထရစ်၊ အေးအေးမိုးက
(၆၁)မိနစ် တွင် အသီးသီး သွင်းယူပေးခဲ့ပြီး ကျန်တစ်ဂိုးကို အိန္ဒိယ နောက်ခံလူ
ဆာဟိုက ပွဲချိန် (၁၈)မိနစ် ကတည်းက ကိုယ့်ဂိုးကိုယ် သွင်းယူပေးခဲ့ခြင်း
ဖြစ်သည်။
ဒုတိယ အဆင့် ခြေစစ်ပွဲကို အောင်မြင်သွားခဲ့သည့် မြန်မာအသင်းသည် တစ်ဖက်အုပ်စုမှ ခြေစစ်ပွဲ အောင်မြင်လာမည့် အသင်းနှင့်နောက်ဆုံး
အဆင့် ခြေစစ်ပွဲကို ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အနိုင်ရပါက နောက်ဆုံးအဆင့် ပြိုင်ပွဲများသို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

2 comments:
This is Real Myanmar.Fight for your country and for your Glory.
မြန်မာနိုင်ပြီ ဒို့မြန်မာနိုင်ပြီ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်