From : ခေတ်လူငယ်
နောင်ကျင်းပမည့် သင်္ကြန်ပွဲတော်များ၌ သရုပ်ပျက် ဝတ်စားဆင်ယင်မှု မရှိစေရန် တားမြစ်ပိတ်ပင်ရေး အဆိုအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။ ယင်းအဆိုကို သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် ၄ ဦးက ပါဝင်ဆွေးနွေးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်က မြန်မာ့ရိုးရာ သင်္ကြန်ဆင်နွှဲသူများ လိုက်နာရန် စည်းကမ်းချက်များကို ယင်းပွဲတော်မတိုင်မီ နိုင်ငံပိုင် သတင်းစာများမှ ထုတ်ပြန် ကြေညာသွားမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသည့် သင်္ကြန်မဏ္ဍပ်များကို စာရင်းမှတ်သားကာ နောင်နှစ်တွင် ခွင့်ပြုချက် ပိတ်ပင်သည့်နည်းဖြင့် အရေးယူသွားမည်ဟု ဆိုသည်။ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါ်ညိုညိုသင်းကမူ သင်္ကြန်ကာလအတွင်း အမျိုးသမီးများ သရုပ်ပျက် ဝတ်စားဆင်ယင်မှု မရှိစေရန် တားမြစ်ပိတ်ပင်ပါက အမျိုးသားများ မူးယစ်သောက်စားကာ ရမ်းကားမှု မရှိစေရန်လည်း ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေး ခဲ့သည်။ သင်္ကြန်ကာလအတွင်း ခိုက်ရန်ဖြစ်ပွားမှု၊ ကြမ်းတမ်းသည့် ရေကစားမှု၊ တိုင်းရင်းသားစည်းလုံးမှုကို ပျက်ပြားစေသည့် ဆူပူမှုများ မပြုလုပ်ရန် တားမြစ်ထားပြီး မြန်မာ့ရိုးရာနှင့် မဆီလျော်သည့် ဝတ်စားဆင်ယင်မှုများကိုလည်း ကြပ်မတ်စစ်ဆေး မှတ်တမ်းတင်သွားမည်ဟု ဝန်ကြီးဒေါ်စန်းစန်းနွယ်က ပြောသည်။ ယခု ကျင်းပခဲ့ပြီးသည့် ၂၀၁၂ ခုနှစ် သင်္ကြန်ကာလတွင် သရုပ်ပျက် ဝတ်စားဆင်ယင်မှုများ ရှိခဲ့သည့်အတွက် နောင်ကျင်းပမည့် သင်္ကြန်ပွဲတော်များ ယင်းကဲ့သို့ ကိစ္စရပ်များ မဖြစ်ပေါ်စေရန် ယင်းအဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ထပ်လောင်းပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

9 comments:
ဖြစ်သင့်တာကြာပြီ
တရားမဝင် ယမကာရောင်းချနေတာကိုလည်းရှင်းပေးသင့်တယ်။တရာဝင်ရောင်းချနေတဲ့ဆိုင်တွေကိုလည်းသင်္ကြန်တွင်းစည်းကမ်းသီးခြားထုတ်ပြန်သင့်ပါတယ်။
သေချာလိုက်ကြည့်နိင်ပါ့မလာ?
သေချာကြည့်နိင်မလား
ဘာဖြစ်လဲကွာသူတို့ဖာသာဝတ်ချင်သလိုဝတ်ပစေပေါ့
မင်းတို့မကြည့်ချင်ရင်မကြည့်နဲ့ပေါ့ ကြည့်ချင်တဲ့လူတွေ
ကြည့်ကြလိမ့်မယ်အလုပ်အကိုင်မရှိတိုင်းသူများဘာလုပ်
လုပ်ဝေဖန်ရေးနဲ့လေကန်ရေးပဲလုပ်နေကြတယ်..စောက်
ရူးတွေ
သူတို့ဖာသာဝတ်ချင်သလိုဝတ်ပစေပေါ့
မင်းတို့မကြည့်ချင်ရင်မကြည့်နဲ့ပေါ့ ကြည့်ချင်တဲ့လူတွေ
ကြည့်ကြလိမ့်မယ်
ဆိုတဲ့ကောင်
မင်းတာဝန်တော်တော်မဲ့ပါလားကွ
မင်းတို့က ဒီမိုကရေစီဆိုတာ ဒါကိုထင်နေတယ်
တုံးလိုက်ပေ့ ညံ့လိုက်ပါပေ့
ဒီလိုပုံစံဝတ်စားပုံနဲ့
နိုင်ငံခြားတွေက အောက်တမ်းစာနိုက်ကလပ်တောင်
အနားကပ်ရမယ်မထင်နဲ့
ဟေ့ကောင်တောသားစောက်ရူး
မင်းနိုင်ငံခြားရောရောက်ဘူးလို့လား မင်းကမှ
ခေတ်နောက်ပြန်ဆွဲချင်နေတဲ့ငတုံးနဗလိန်းတုံး
ဒီမိုကရေစီနဲ့ခေတ်ဆန်တိုးတက်မှုဆိုတာဘာမှမ
ပတ်သက်ဘူးလဒူရဲ့မင်းအခြောက်ဖြစ်နေလို့ပန်း
သေနေလို့ဆိုရင်လည်းမကြည့်နဲ့ပေါ့ကွာရှင်းတယ်နော်
Good idea.this is myanmar traditional new year.lets maintain our tradition!!!.thx
bastard,mother fucker
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်