From : မြဝတီ
ကုလသမဂ္ဂ၌ အမြဲတမ်း အဖွဲ့ဝင် မဟုတ်သော နိုင်ငံတစ်ခု အဖြစ် အသိအမှတ် ပြုရေး အတွက် ပါလက်စတိုင်း၏ ကြိုးပမ်းမှုအား အမေရိကန် အစိုးရက ကန့်ကွက်မဲ ပေးမည် ဖြ
. Myanmar Express

စ်ကြောင်း
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထပ်လောင်း အတည်ပြု ပြောကြား ခဲ့ပါသည်။ မိမိတို့
အနေဖြင့် ကန့်ကွက်မဲ ပေးမည်ကို ရှင်းရှင်း လင်းလင်း ထုတ်ဖော် ပြောကြားပြီး
ဖြစ်ကြောင်းနှင့် ပါလက် စတိုင်းတို့၏ ကြိုးပမ်းမှု သည် မှားယွင်းမှု တစ်ခုသာ
ဖြစ်ပြီး အစ္စရေး - ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်
စတင်ရန် မိမိတို့၏ ကြိုးပမ်းမှု များအား ပိုမိုခက်ခဲ စေမည်ဖြစ်ကြောင်း
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရ ဗစ်တိုးရီးယား
နျူလန်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့ပါသည်။
ပါလက်စတိုင်း တို့၏ ကြိုးပမ်းမှုအား အပြည့်အဝ ကန့်ကွက်ကြောင်းနှင့် ပါလက် စတိုင်းတို့၏ ကြိုးပမ်းမှုအား ကန့်ကွက် မဲပေးရန် မိမိတို့၏ ဆုံးဖြတ်ချက်အား မည်သည့် အရာကမျှ ပြောင်းလဲ စေမည် မဟုတ်ကြောင်း သူမက သတင်းထောက် များအား ပြောကြားခဲ့ ပါသည်။ ပါလက်စတိုင်း၏ ကြိုးပမ်းမှုအား ထောက်ခံသော နိုင်ငံများနှင့် ပတ်သက်၍ သူမက အဆိုပါ နိုင်ငံများသည် ၎င်းတို့၏ ကိုယ်ပိုင် မူဝါဒများ အပေါ် အခြေခံ၍ ဆုံးဖြတ်ချက် ချခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ကုလသမဂ္ဂ အဖွဲ့ဝင် မဟုတ်သော နိုင်ငံတစ်ခု အဖြစ် အသိအမှတ် ပြုရေး အဆိုအား နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တင်သွင်းရန် မျှော်လင့် ရပါသည်။ ပါလက် စတိုင်းတို့၏ ကြိုးပမ်းမှု အား အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်သော ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ထောက်ခံမှု အများအပြား ရရှိထားပြီး အဓိက ထောက်ခံသူ များမှာ အာရပ်၊ မွတ်စလင်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ဝင် နိုင်ငံများ ဖြစ်ပါသည်။
ပါလက်စတိုင်း တို့၏ ကြိုးပမ်းမှု အား အထွေထွေ ညီလာခံ၌ မဲခွဲ ဆုံးဖြတ်မှု ပြုလုပ် မည်ဟု မျှော်လင့်ရ ပါသည်။ လက်ရှိ အခြေအနေတွင် ပါလက် စတိုင်းအား ကုလသမဂ္ဂ၌ လေ့လာသူ အဖွဲ့အစည်း တစ်ရပ် အဖြစ် သတ်မှတ်ထား ပါသည်။ ပါလက်စတိုင်းအား ဗာတီကန် စီးတီးကဲ့သို့ ကုလသမဂ္ဂ အမြဲတမ်း အဖွဲ့ဝင် မဟုတ်သော နိုင်ငံ တစ်ခုအဖြစ် လက်ခံ လိုက်ပါက ပါလက် စတိုင်းအား အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အဖြစ် သွယ်ဝိုက်သော နည်းလမ်းဖြင့် အသိအမှတ် ပြုမှုရရှိလိမ့် ဖြစ်ပါသည်။
ပါလက်စတိုင်း တို့၏ လက်ရှိ ကြိုးပမ်းမှုသည် အစ္စရေး နိုင်ငံအား တရားစွဲဆိုမှု ပြုလုပ်နိုင်သော နိုင်ငံတကာ ရာဇဝတ် တရားရုံးသို့ ဝင်ရောက် ခွင့်လည်း ရရှိစေမည် ဖြစ်ပါသည်။ အစ္စရေးနှင့် မဟာမိတ် အမေရိကန် တို့ကမူ ကုလသမဂ္ဂ၌ ပါလက်စတိုင်း၏ ကြိုးပမ်းမှုအား ဆန့်ကျင် ကန့်ကွက်ကြောင်း အကြိမ်ကြိမ် ပြောကြားလျက် ရှိသည်ဟု သိရှိရ ပါသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်