From : ခေတ်လူငယ်
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ဒီဇင်ဘာ ၉ ရက်က ကျင်းပခဲ့သော “လူငယ်နှင့် စွန့်ဦးတီထွင်ခြင်း” ဟောပြောပွဲ၌ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် အမေရိကန်-မြန်မာ ကုန်သည်ကြီးများအသင်း (USA Myanmar Chamber of Commerce) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဖိလစ်မောင် (ခေတ္တ-မြန်မာနိုင်ငံ) မှ ရန်ကုန်နှင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တို့အား ညီအစ်မမြို့တော်အဖြစ် ပူးပေါင်းနိုင်ရန် ညှိနှိုင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့နှင့် ဆန်ဖရန်စစ္စကိုမြို့ရှိ ရှေးဟောင်း အဆောက်အအုံများသည် တည်ဆောက်ပုံခြင်း နီးစပ်ပြီး ယင်းတို့ကို ထိန်းသိမ်းသွားနိုင်ရန်၊ ရန်ကုန်မြို့ရှိ ကားလမ်းပိတ်ဆို့မှု၊ မြောင်းပိတ်ဆို့မှုကို ဖြေရှင်းပေးနိုင်မည့် စနစ်များ ငလျင်ဒဏ်ခံ အဆောက်အအုံ တည်နိုင်ရန်၊ ကျန်းမာရေးနှင့် ပညာရေး ဗဟုသုတပေးနိုင်ရန် စသည့် အစီအစဉ်များ ပါဝင်ရေးဆွဲထားပြီး ညီအမမြို့တော် လုပ်မည်ဆိုပါက ဆန်ဖရန်စစ္စကိုမြို့ တစ်မြို့လုံးအား တည်ဆောက်ခဲ့သော ပညာရှင်များ ပါဝင်ဆောင်ရွက် မည်ဖြစ်ပြီး ယဉ်ကျေးမှုများ ဖလှယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် ဈေးသည် များအား နေရာ အတည်တကျ ချထားပေးမှု မရှိသည့်အတွက် လမ်းများပေါ်တွင် ရောင်းချမှုများ၊ လမ်းစနစ်များ သေချာစွာ ရေးဆွဲမထားမှုကြောင့် လမ်းပိတ်ဆို့မှုများ၊ မြောင်းပိတ်ဆို့မှုများနှင့် ငလျင်ဒဏ်ခံ အဆောက်အအုံ မရှိခြင်းများကို တွေ့မြင်နေရပြီး အရေးအကြောင်းရှိလာပါက ပျက်စီးဆုံးရှုံးမှု အချိန်မရွေးဖြစ်လာနိုင်၍ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဗဟုသုတများလည်း နည်းပါးနေကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။ ညီအစ်မမြို့တော်အဖြစ် အကောင်အထည်ဖော်နိုင်ရန် ဒီဇင်ဘာလ ပထမပတ်အတွင်း ဆန်ဖရန်စစ္စကို မြို့တော်ဝန်၏ ဇနီးနှင့် မြို့တော်တည်ဆောက်စဉ်က ပါဝင်ခဲ့သည့် အတတ်ပညာရှင်များ၊ အမေရိကန်အခြေစိုက် အမေရိကန်-မြန်မာ ကုန်သည်ကြီးများအသင်း၏ တာဝန်ရှိသူတို့က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် အခြားအစိုးရ အဖွဲ့အစည်းများသို့ ညှိနှိုင်းထားပြီး ဆန်ဖရန်စစ္စကိုမြို့သည် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မြို့ ၂၁ မြို့နှင့် ညီအစ်မမြို့တော်အဖြစ် ဆက်သွယ်ထားပြီးဖြစ်ကြောင်း ပြောသည်။ အဆိုပါ စီမံကိန်းစတင်ပါက ဆန်ဖရန်စစ္စကို မြို့တော်ဝန်မှ ရန်ကုန်မြို့သို့ လာရောက် မည်ဖြစ်ပြီး ခြောက်လ အတွင်း စီမံကိန်း စတင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ကြောင်း ဦးဖိလစ်မောင်က ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
www.MyanmarExpress.net

1 comments:
The sewage pipes in Yangon are terrible. All the sewage pipes should be put indoor so that occupants would fix if the pipes would leaks/etc.
The sewage drainage systems should be in the middle of the street (not at the back yard of the buildings) so that the systems could be cleaned easily and regularly by using equipment.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်