Subscribe to our RSS Feed

မြန်မာ-ဂျပန် နှစ်နိုင်ငံ လွှတ်တော် အချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး အမြင်ချင်း ဖလှယ် ဆွေးနွေး

From :မြဝတီ


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဂျပန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီး မစ္စတာ တာရိုအာဆို ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ လက်ခံ တွေ့ဆုံရာ၌ မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လွှတ်တော် အချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးစိုးသာ၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဦးလွန်းသီ၊ဦးလှမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။


  www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်