Subscribe to our RSS Feed

ဆော်ဒီအာရေးဗီးယားရောက် မြန်မာ ဗုဒ္ဓဘာသာ ၁၂ ဦး၏ အသက် အန္တာယ် စိုးရိမ်နေရ

From : narajia

ဆော်ဒီ အရေးဗီးယားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာ နိုင်ငံသား ၂၆ ဦးထဲမှ ဗုဒ္ဓဘာသာဝင်  ၁၂ ဦး၏  အသက် အန္တာရယ် စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သတင်း  ရရှိသည်။

teach-english-sudia

သူတို့ ၁၂ ဦးသည် တစ်ခြား မြန်မာနိုင်ငံသား ၁၄ ဦးနှင့် အတူ အလုပ်သမား အေဂျင်စီ တစ်ခုနှင့်  ကုမ္ပဏီ တစ်ခုတို့၏ ပူးပေါင်း လိမ်လည်မူဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျေလာမြို့သို့ ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၁၇ ရက်နေ့တွင် အလုပ် လုပ်ရန် ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ရောက်ရှိလာသည်မှာ ၂နစ်ကြာမြင့် လာခဲ့ပြီ ဖြစ်သော်လည်း ကုမ္ပဏီ၏ လိမ်လည်ခိုင်းစေမူကြောင့် နေရေး စားရေး ကအစ အဆင်မပြေ ဖြစ်ကာ ဒုက္ခ မျိုးစုံကို ရင်ဆိုင် ခံစားနေကြရသည်ဟု ဆိုသည်။

ယခုအခါ အချိန်ကြာမြင့်လာပြီး  နိုင်ငံကူး လက်မှတ်ကိုလည်း ကုမ္ပဏီက သိမ်းဆည်းထားပြီး passport stay card များလည်း မရှိသဖြင့် ဆိုဒီ ရဲများကိုလည်း ကြောက်လန့်ကာ  အပြင် မထွက်ရဲဘဲ အိမ်ထဲတွင် ပုန်းအောင်းနေကြရသည် သိရသည်။

အခြေအနေ ပိုမို ဆိုးဝါးလာသည်မှာ ရခိုင်ပြည်နယ်တွင် ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော အရေးအခင်း နောက်ပိုင်းတွင် ဖြစ်သည်ဟု ဆိုသည်။  မြန်မာနိုင်ငံမှ ရောက်ရှိနေသူ ၂၆ ဦးအထဲမှ  ဗုဒ္ဓဘာသာဝင် ၁၂ယောက်ကို သတ်ပစ်ရန် ခြိမ်းခြောက်မူများ ထွက်ပေါ်နေ၍ ဖြစ်သည်ဟု ဆိုသည်။

ဆော်ဒီအာရေးဗီးယား နိုင်ငံရှိ မောင်းတောမြို့နယ်မှ ရောက်ရှိနေသူ  မွတ်စလင် အများစုက ဗုဒ္ဓဘာသာဝင် ၁၂ ဦးအား အပြင်ထွက်ပါက သတ်ပစ်ရန် ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။

ထိုသို့ ခြိမ်းခြောက်ထားသဖြင့်  ဗုဒ္ဓဘာသာဝင် ၁၂ယောက်ကို အကူအညီပေးနေကြသော ဘူးသီးတောင်နှင့်  မောင်တောမြို့မှ တချို့  မွတ်ဆလင်များမှာ  ခြိမ်းခြောက်မူကို ကြောက်လန့်ကာ  ပြဿနာဖြစ်မည်ဟု ပြောဆိုပြီး ယခုအခါ ဆက်လက်မကူညီနိုင်ပဲ ရှိနေသည်ဟု ဆိုသည်။
သို့အတွက် ဗုဒ္ဓဘာသာဝင် ၁၂ယောက်မှာ နေစရာ စားစရာ မရှိ၊ အလုပ်အကိုင်လည်း မရှိ၊ အပြင်ကိုလည်း မတွက်ရဲဘဲ ကြောက်လန့်စွာ ပုန်းအောင်းနေထိုင်နေကြရပြီး ဒုက္ခမျိုးစုံကို ခံစားနေကြရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဋ္ဌာန အမျိုးမျိုးကို အသနားခံ အကူ အညီတောင်း တိုင်တန်းစာများပို့ ထားသော်လည်း သက်ဆိုင်ရာ အေဂျင်စီနှင့် မိသားစုဝင်များကို အကြိမ်ကြိမ် စုံစမ်း စစ်ဆေးရုံက လွဲပြီး မြန်မာ၂၆ယောက်၏ မြန်မာပြည် ပြန်နိုင်မည့် အရေး အတွက် အကူအညီများ မရရှိခဲ့ဟု ဆိုသည်။
ဆော်ရီအာရေးဗီးယားရှိ မြန်မာ သံရုံးကို မြန်မာ ၂၆ယောက်၏ ဒုက္ခ ပြဿနာအား ဖြေရှင်းပေးရန် အတွက် အသနားခံစာ အကူအညီ တောင်းစာများကို တယ်လီဖုံး၊ ဖက်စ် fax များဖြင့်အမျိုးမျိုး ဆက်သွယ်ပြီး အကူအညီ တောင်းခံသော်လည်း အကြောင်း အမျိုးမျိုး ပြကာ မကူညီနိုင်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။
ဗုဒ္ဓဘာသာဝင် ၁၂ယောက် အနေဖြင့် ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် အသက်အန္တာရယ် အရမ်း စိုးရိမ် နေရပြီး ဒုက္ခမျိုးစုံ ရောက်နေကြောင်း  မြန်မာ နိုင်ငံသို့ အပြန်ဆုံး ပြန်လိုကြောင်း  မြန်မာသံရုံးကို အကူအညီ တောင်းရန် ကြိုးစား သော်လည်း သံရုံးအနေဖြင့် လက်ခံစကား ပြောချင်စိတ် မရှိဘဲ ဖြစ်နေသည်ဟု ပြောသည်
မြန်မာနိုင်ငံမှ အလုပ်သမား ၀န်ကြီးဋ္ဌာန၏ ဆွေးနွေးမူဖြင့် မြန်မာ ၂၆ ယောက် ပြသနာကို ကုမ္ပဏီနှင့် ဖြေရှင်းပြီး မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်နိုင်ရေး အတွက် အေဂျင်စီမှ ကိုယ်စားလှယ် တစ်ယောက် ရောက်ရှိ နေသော်လည်း ညှိုနှိုင်းမူ မရဘဲ အချိန်သာ  ကြန့်ကြာနေသည်ဟု သိရသည်။
ယခုအခါ ဗုဒ္ဓဘာသာ ၁၂ယောက်၏ အသက်အန္တာရယ်မှာ တစ်ရက်ထက် တစ်ရက် စိုးရိမ်စရာ အနေအထားသို့ ရောက်ရှိနေသဖြင့် မြန်မာ အစိုးရ အပါအ၀င် မြန်မာနိုင်ငံသားများ အနေဖြင့် သူတို့ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိရေး အတွက်  တတ်နိုင်သည့်ဘက်မှ အကူအညီပေး ကြရန် မေတ္တာရပ်ခံထားသည်။

  www.MyanmarExpress.net
 

13 comments:

Save our people ....harry up.No time....President

သိပြီလား အဲဒါပြည်သူတွေနိုင်ငံသားတွေအတွက်အလုပ်လုပ်နေတဲ့အစိုးရ လို့ ကိုယ့်ကိုကိုယ်ပြောတဲ့အစိုးရ ဝန်ထမ်းဇာတိ အမှန်ပဲ။ လုပ်ပေးနိုင်စွမ်းရှိသူများ ဝိုင်းပြီးဖေးမ ကြပါ။

သံရုံးရဲ့ဇာတိအမှန်ကိုအခုသိကြပြီလား။သူကအခွန်ရုံးဘဲဟာ။

so what is myanmar embassy doing? useless as always?

ကိုယ့် နိုင် ငံ ကိုယ် ဘဲ ရ တဲ့ အလုပ် ဘဲ လုပ် ကြ စမ်းပါ ဘာ သာ မတူ လူ မိုး မတူ တွေ ငါ တို့ ဘာ သာ နဲ့ လူ မိုး က သာ သ နား တတ် ညှာ တာ တတ် တာ ပါ

သိရသလောက်က ဒီလူတွေ ဆော်ဒီရောက်တော့ မြန်မာပြည်မှာလို အလုပ်ရှင်ကိုဂျစ်ကန်ကန် လုပ်လို့ ကန်ထုတ်လိုက်တာလို့သိရတယ် ပြီးတော့ အလုပ်ရှင်က ရဲကိုတိုင်ထားတယ် သံရုံးက တရားဝင်ကူညီရင် ဆော်ဒီဥပဒေ အရ ရဲကဒီလူတွေ ကို အရင်ဆုံးဖမ်းပြီး ထောင်ထဲထည့်လိမ့်မယ် ပြီးမှအမှုစစ်မှာ ထောင်ထဲရောက်ရင် အကုန်သေကုန်လိမ့်မယ် လက်သယ်ပေါ်မှာ မဟုတ်ဘူး
လက်ကြောတင်းတင်း အလုပ်လုပ်မစားဘဲ တွေ့သမျှလူတွေဆီမှာ လက်ဖြန့် တောင်းစားနေလို့ လူတွေက မသနားကြဘူး နိုင်ငံရေးယောင်ယောင် လုပ်စားနေကြတာ သူတို့အထဲကတစ်ယောက်က အခုထိတရားဝင် အလုပ်လုပ်နေတုံးဘဲ သူတို့ကိုပို့တဲ့ အေးဂျင့်မှာအဓိက တာဝန်ရှိတယ်
အေးဂျင့်ကလာရှင်းမှ အလုပ်ရှင်နဲ့ ရှင်းလို့ရမှာ အေးဂျင့်က ရန်ကုန်က ကုလား
လို့သိရတယ် ဒီလူတွေအေးဂျင့်ကို မြှပ်ထားတယ်

သွားချင်ပါအုံးလား...မွတ်စလင်နိုင်ငံကို...

အောက်က ဆော်ဒီသတင်းကို ဖတ်လိုက်ရင် ဆော်ဒီရဲ့ မတရားတဲ့ ဥပဒေကို တွေ့လိမ့်မယ်
Expatriate threatens suicide to get visa
Saudi Gazette- Saturday, January 12, 2013 12:30 AM
TAIF — In an attempt to draw public attention and exercise pressure on his sponsor to grant him an exit-re-entry visa, an Arab expatriate in Taif on Wednesday climbed a tall pole in a street and threatened to jump.
Civil Defense rescuers were able to persuade the expatriate to come down from the pole. He was then arrested and referred to the Bureau of Investigation and Prosecution for disturbing the public.

နောက်တစ်ခု ထပ်ပြီးဘတ်ကြည့် လိုက်ပါဦး မြန်မာတွေလဲ အဲဒီလို လုပ်ကြပေါ့

Kin of stranded Nepali workers kidnap Saudi recruitment agent
Saudi Gazette report- Saturday, January 12, 2013 1:07 AM
HAIL — A Saudi national who works in a labor recruitment office was kidnapped and held for a week in the Nepalese capital of Katmandu.
The kidnappers demanded the release of two domestic workers in Saudi Arabia in exchange for his release, Al-Watan newspaper reported.
Relatives of the Saudi national had Nepali workers based in the Kingdom assist them with opening up a channel of communication with the kidnappers. However, the kidnappers refused to release the Saudi until they were assured the domestic helpers would be returned to Nepal.
According to the family, they told the kidnapers that the Saudi was in need of medical assistance due to an illness. The kidnappers then took him to a local hospital.
A relative of the kidnap victim, Yousuf Al-Zuhair, told Al-Watan daily after a relative of a Nepali worker held in Hail managed to smuggle the victim from the hospital and place him on a flight to China and then to the Philippines.
However, the Saudi ambassador in Nepal, Abdullah Al-Busairi’s report conflicts with the above scenario.
The Saudi man was already negotiating with the kidnappers to return two Nepali domestic helpers from Hail, he said. The ambassador told the Saudi national that the Saudi is responsible for his own decisions, and backed off.
And then, the Saudi was later released after he reached an agreement with the kidnappers to send one domestic helper immediately and the other later after his safe return to the Kingdom. The kidnappers released the Saudi, who then left Katmandu.

ူလူ့ အ ခွင့် အ ရေး ဆို တဲ့ အ ဖွဲ့ ဘယ် ရောက် နေ လဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်