Subscribe to our RSS Feed

KIA အဖွဲ့ဝင် အများအပြား ဆက်လက် အလင်းဝင်နေ

From : kachindailynews


       KIA ခေါင်းဆောင်ကြီးများသည် အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးချက်များအား လက်မခံဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွား စေရန် ဆောင်ရွက်ခဲ့သည်။ KIA အဖွဲ့တွင် ခေါင်းဆောင်များနှင့် လက်အောက်ခံတပ်ဖွဲ့များအကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။ KIA ခေါင်းဆောင်များ၏ လွဲမှားသော ခံယူချက်များကြောင့် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ များ ဒုက္ခရောက်ခဲ့ကြရသည်။ KIA ခေါင်းဆောင်များသည် “ စစ်ပွဲ ကာလတွင် လက်နက်ကိုင်ထားသူသာ အာဏာရှိသည်”  ဟူသော ခံယူချက်ကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးအား မျက်ကွယ်ပြုခဲ့သည်။
         KIA ခေါင်းဆောင်များသည် ကချင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက် ခဲ့သည်။ ဆက်သွယ်ရေးလမ်းကြောင်းများအား ဖျက်ဆီးခြင်း၊ ပြည်သူများအား ညှင်းပန်းနှိပ်စက် ခြင်းစသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန် အမိန့်ပေးခိုင်းစေခဲ့သည်။ ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ ယခုအချိန်အထိ အေးချမ်းမှုမရခဲ့ပါ။ မည်သည့်အချိန်တွင် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားမလဲဆိုသော အတွေး များဖြင့် ကချင်ပြည်သူများ ကြောက်ရွံ့ ထိပ်လန့်နေ ကြရသည်။
         KIA ခေါင်းဆောင်များအတွင်း အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကိစ္စများနှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲ ခဲ့သည်။ KIA ခေါင်းဆောင်များသည်လက်နက်အားကိုးဖြင့်ဒေသခံပြည်သူများအပါအ၀င် KIO ခေါင်းဆောင်များကိုပါ ချုပ်ကိုင်ထားသည်။ေးသခံပြည်သူများသည် KIA အဖွဲ့၏ လုပ်ဆောင်ချက် များအား ရွံရှာမုန်းတီးနေကြသော်လည်း စိတ်မထင်လျှင် မထင်သလို လုပ်တတ်သော KIA ခေါင်းဆောင်များ၏ ရက်စက်သော စိတ်ထားကြောင့် ကြောက်လန့် နေကြရပါသည်။
          KIA အဖွဲ့တွင် မတရားလူသစ်စုဆောင်းခံထားရသူများသာ များပြားသဖြင့် အစိုးရမှ စနစ်တကျ ထိုးစစ်ဆင်ချိန် တွင် အကျအဆုံး များပြားခဲ့ရခြင်းဖြစ်သည်။ KIA တပ်သားသစ်များ၏ ဘ၀မှာ ရှေ့မှာရန်သူ နောက်မှာ ကျည်ဆန်ကဲ့သို့ ဖြစ်နေသည်။ တိုက်ပွဲတွင်နေပါက သေမှာဖြစ်ပြီး ဆုတ်ခွါထွက်ပြေးပါကလည်း သေဒဏ်ပေးခံရမှာ ဖြစ်သည်။ ထို့ကြောင့် KIA လူသစ်များသည် KIA အဖွဲ့မှ ထွက်ပြေးနိုင်ပါက အသက် ရှင်နိုင်ခွင့်ရသေးသည်ဟု ခံယူချက်ဖြင့် အခွင့်သာသည်နှင့် ထွက်ပြေးကြပြီး အစိုးရတပ်များထံ အလင်းဝင် ရောက်လာခဲ့သည်။
         ကချင်ပြည်နယ်အတွင်း KIA ခေါင်းဆောင်များသည် ဒေသခံပြည်သူများနှင့် လက်အောက်အဖွဲ့ များအား ရက်စက်စွာ ပြစ်ဒဏ်ပေးခြင်းစသော အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့သည်။ KIA ခေါင်းဆောင်များ၏ အမိန့်များသည် ကချင် ပြည်နယ် အတွက်ကောင်းကျိုးမရှိသော်လည်း မိမိနှင့် မိသားစုများ၏ အသက် အန္တရာယ်ကြောင့် စေခိုင်းသမျှ လိုက်လံ လုပ်ဆောင် နေကြရသည်။ အချို့မှာ KIA အဖွဲ့ ထံမှ ထွက်ပြေး လွတ်မြောက်လာကြပြီး အစိုးရထံ အလင်းဝင် ရောက်လာကြသည်။ စစ်ပွဲ စတင်ချိန်မှ ယခုအချိန်အထိ KIA အလင်းဝင်အင်အားမှာ (၂၀၀)ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ အလင်းဝင် ရောက်လာသူ အများစုမှာလူမျိုးရေး ခွဲခြားဆက်ဆံခံရမှုကြောင့် သော်လည်းကောင်း၊ KIA ခေါင်းဆောင်များ၏ လွဲမှားသောခံယူချက်များကြောင့် သော်လည်းကောင်း၊ အဖျက်လုပ်ငန်းများကြောင့် ကချင်လူမျိုး များ အတိဒုက္ခရောက်နေခြင်းစသော အချက်များကြောင့် အကြမ်းဖက်လုပ်ငန်းများအားစွန့်လွှတ်ပြီး အလင်းဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရပါသည်။
  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်