Subscribe to our RSS Feed

ရိုဆနာရွာ တွင် ကေအိုင်အေမှ အခွန်ကောက်ခံ

From : http://www.kachindailynews.com/2013/01/blog-post_3593.html

မြစ်ကြီးနား၊ နောင်နန်းရွာ အုပ်စု၊ ရိုဆနာရွာ သို့ ကေအိုင်အေ တပ်မဟာ (၂) ရင်း(၁၁)မှအဖွဲ့တွေ ဒီဇင်ဘာလ ၃၁ရက်နေ့ ည၉နာရီလောက်တွင် ရောက်ရှိလာပြီး အိမ်တစ်အိမ်လျှင် ၃၀၀၀၀ နှုန်းအခွန် ကောက်ခံပြီး ပြန်လည်ထွက်ခွါသွားခဲ့သည်ဟု ရိုဆနာရွာ မှရွာသားတစ်ဦးက ဆိုပါသည်။ နောင်နန်းရွာ အုပ်စုတွင် ကေအိုင်အေ အမာခံတွေက ဘာသာရေးဆုတောင်းပွဲများကိုပြုလုပ်ပြီး ကေအိုင်အေ အဖွဲ့ အတွက် ထောက်ပံ့ရေးဆွေးနွေးပွဲတွေလုပ်နေကြပါသည်။
          ကေအိုင်အေအဖွဲ၏ ရိက္ခာရရှိဖို့နဲ့ အစိုးရတပ်ကို တိုက်ခိုက်ဖို့အတွက် ရွာသားတွေကို ပူပေါင်း ဆောင်ရွက်ဖို့ အတွက် ရွာသားတွေကို ကေအိုင်အေက စည်းရုံးမှုများပြုလုပ်နေသော်လည်း ရွာတွေမှာ အသက် အရွယ်ကြီး တွေနဲ့ ကလေးငယ်တွေသာ ရှိနေတယ်လို့ နောင်နန်းရွာကချင် အဖိုးအိုတစ်ဦး ကပြောဆိုခဲ့ ပါသည်။
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်