Subscribe to our RSS Feed

ကောင်ရွာနဲ့ အောင်လောဒ်လမ်းကြောင်း၌ ကားများကို ကေအိုင်အေက အခွန်ကောက်

From :http://www.kachindailynews.com/2013/01/blog-post_573.html

         တနိုင်းမြို့၊ ကောင်ရာရွာ- (၅)မိုင်- အောင်လောဒ်လမ်းကို ပြေးဆွဲနေသော မော်တော်ယာဉ်များအား ကေအိုင်အို အောင်လောဒ်အုပ်ချုပ်ရေးမှူးမှ အခွန်ကောက်ခံခဲ့သည်ဟု သိရှိရပါသည်။ ကားတစ်စီးကို ၅၀၀၀၀ နှုန်းနဲ့ ဒီဇင်ဘာ ၃၁ရက်နေ့က စပြီး ကောက်ခံနေတယ်လို့သိရှိရသည်။
 

          ကောင်ရာရွာနဲ့ အောင်လောဒ်ရွာသို့ပြေးဆွဲနေသော ယာဉ်မှာ၈စီး၉စီးလောက်ပဲရှိပါသည်။ သူတို့က ပုံမှန်မထွက်ဘဲ ကုန်ပစ္စည်းကိုမူတည်ပြီး ပြေးဆွဲနေတာဖြစ်ပြီး ဆန်နှင့်စားသောက်ကုန်ပစ္စည်းတွေသာ အဓိကတင်ဆောင်ကာ လူတစ်ဦး ၂၅၀၀/၃၀၀၀ နှုန်းနဲ့ပြေးဆွဲနေပါသည်။ အစိုးရတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကုန်ပစ္စည်းတွေတင်ယူမှုနည်းတာပေါ့၊ ခါတိုင်းဆိုရင် တစ်ခေါက်ကို ၁သိန်းပတ်ဝန်ကျင် ရသော်လည်း အခုဆိုရင် ၃သောင်း ၄သောင်းလောက်ပဲရတယ် ဒါပေမယ့် ကေအိုင်အေတို့က အရင်က ကောက်တဲ့ အခွန်ငွေထက် ပိုကောက်ခံနေတာကြောင့် ယာဉ်ပိုင်ရှင်များမှာ အခက်အခဲတွေ့နေရသည်ဟု ယာဉ်ပိုင်ရှင်တစ်ဦးမှပြောဆိုခဲ့ပါသည်။
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်