From : News Week
KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်သည်
KIA တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်လုပ်ကြံမှုကြောင့် ဒဏ်ရာရရှိ နေကြောင်း၊ ယခုလ(၃)ရက်နေ့က
သတင်းထွက်ပေါ်ခဲ့သော်လည်း KIA မှ ၎င်းသတင်း မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ သို့သော်
လိုင်ဇာသို့ ရောက်ရှိနေသည့် အမည်မဖော်လိုသူ သတင်းထောက် တစ်ဦးမှ ပြောဆို ရာတွင် “ ဗိုလ်ချုပ်
ဂမ်ရှောင် ဒဏ်ရာရလို့ ဆေးရုံတက်ကုသနေတယ်လို့ ကျွန်တော်တို့ တိကျ တဲ့သတင်း ရထားပါတယ်၊
ခြေထောက်နဲ့ ပေါင်မှာ ဒဏ်ရာရပြီး လိုင်ဇာ ဆေးရုံအထူးခန်းမှာ ကုသနေပါတယ်၊ ဘာ့ကြောင့်
ဒဏ်ရာရတယ်ဆိုတာ မသိရပေမယ့် လိုင်ဇာ ဆေးရုံ တွင် တက်ရောက်ကုသနေသည်မှာ မှန်ကန် တယ်”လို့
၎င်း သတင်းထောက်မှ ပြောဆိုခဲ့ပါသည်။
ဇန်န၀ါရီ(၃)ရက်နေ့တွင် လိုင်ဇာသို့
ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် KIA ဒုစစ်ဦးစီးချုပ် ဂွန်မော်တို့
တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုသို့ ဆွေးနွေးရာတွင် ငြိမ်းချမ်းရေး ရနိုင်မည့် နည်းလမ်းများကို
ပွင့်လင်းစွာ တိုင်ပင်ခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်န၀ါရီ(၄)ရက်နေ့တွင်လည်း ဗိုလ်ချုပ် ဂမ်ရှောင်နှင့်
ဆက်လက်ဆွေးနွေး သွားမည်ဟု သိရသည်။
KIA ခေါင်းဆောင်များနှင့် မိသားစုများသည်
မြန်မာစစ်တပ်များ လိုင်ဇာအနီးသို့ ချဉ်းကပ် လာပြီးသည့်နောက်ပိုင်း တရုတ်နိုင်ငံသို့
ပြောင်းရွှေ့ကာ တရုတ်နိုင်ငံတွင်းမှ စစ်ဆင်ရေးများကို ကွပ်ကဲလျက် ရှိကြောင်း၊ ယခုလ(၃)
ရက်နေ့တွင် News Week သတင်းဂျာနယ်တွင် ဖော်ပြထားသည်။


4 comments:
မသေသေးဘူးလား
သူတောင်းစားကြီးမြန်မြန် သေမှအေးမှာ
နဖူးတဲ့တဲ့မှန်ရမှာ ပစ်တဲ့ကောင်တွေအသုံးကိုမကျဘူး လက်နဲ့ပေါင် ပဲထိအောင်ပစ်ရတယ်လို့ နောက်တစ်ခါနဖူး နဲ့ ရင်ဝ ကိုမှန်အောင်ပစ်ရမယ်
K I A စစ်သားများအားလုံးသိထားရမဲ့ အချက်ဖြစ်တယ်။
ဂမ်ရှောင် ရေ မင်းနေရမဲ့ရက်သိပ်မကျန်တော့ဘူးနော်။လေးဖက်ထောက်ပြီးထွက်လာခဲ့ရင်တော့အသက်ချမ်းသာပေးမယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်