Subscribe to our RSS Feed

အိုဘားမားကို လက်အုပ်မချီ၊ ဒက်စမွန်တူးတူးကို ဒူးထောက် မကန်တော့ကြပဲ ဘုရား ထီးတော်တင်နေကြသော ဗိုလ်ချုပ်ကြီးဟောင်းများ



တိုင်းပြည်တာဝန်တွေထမ်းဆောင်နေရပေမယ့် အငြိမ်းစားဗိုလ်ချုပ်ကြီးတွေက ဘာသာရေး လုပ်ငန်းဆောင်တာများမှာ ပါဝင်ဆောင်ရွက်နေပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး၊ ဗိုလ်ချုပ် စိုးလွင် (အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး) တို့က ရွှေဘိုမြို့ မော်ဓောမြင်သာမြို့ထောင့်စေတီ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် အသစ် တင်လှူပူဇော်ပွဲကို တက်ရောက်ကြပုံကို ကြာသပတေးနေ့ထုတ် အစိုးရသတင်းစာများမှာ တွေ့ရပါတယ်။

အလှူရှင်များထဲမှာ ဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)လည်း ပါဝင်တယ်၊ သူက ထီးတော်အသစ် ပြန်လည် တင်လှူ ပူဇော်နိုင်ဖို့အတွက် ငွေကျပ်သိန်းတရာ ပေးပို့ လှူဒါန်းခဲ့တယ် လို့ သတင်းက ဆိုပါတယ်။

ဘုရားပွဲဟာ ကြက်ပျံမကျ စည်ကားခဲ့တယ်လို့ သိရကြောင်း သတင်းမှာ ရေးထားပါတယ်။

ဒီစေတီက အလောင်း မင်းတရားကြီးဦးအောင်ဇေယျရဲ့ သမိုင်းဝင်ကောင်းမှုတော်ပြီး ၂ဝ၁၂ နိုဝင်ဘာ စစ်ကိုင်းငလျင်ဒဏ်ကြောင့် ထီးတော်ကျိုးကြေခဲ့၊ စိန်ဖူးတော် ကွေးညွတ်ခဲ့ကြောင်း သိရပါတယ်။


ဗို

  www.MyanmarExpress.net
 

6 comments:

လူထု ရင် မှာလဲ ဘုရား တည်ပေး ပါ လိုအပ် တဲ့ နေရာ တွေအများ ကြီး.....................

ဝမ်ကြားဘောင်လာမှလက်အုပ်ချီမှာပါ၊၊
ဦးသန်းရွှေတရုက်သွားပြီးဝန်ကြီးချုပ်လီပင်းကိုသွားအရိုအသေသွားပေးတုန်းကအဘခေါ်ပြီးလက်အုပ်ချီမှာသေချာတယ်၊၊

သူကြီးအလှူ ရွာသားကောင်းမှု

မင်း တို့ လို ကောင် စား မျိုး တွေ က အ မေ ရိ ကန် တွေ လောက် ပဲ အ ဖေ ခေါ် ချင် နေ တာ ကိုယ့် တိုင်း ပြည် ရဲ့ ခေါင်း ဆောင် တွေ ကို ကျ တော့ ဘာ လုပ် လုပ် အ ကောင်း မ မြင် ဘူး

အမျိုးဂုဏ် ဇာတိဂုဏ်ကို ဦးထပ်ပန်ဆင်တဲ့သူတွေနဲ့
ကိုယ့်ဆွေမျိုး၊ ကိုယ့်ဇာတိကောင်းဖို့လောက် အရေးထားသူတွေ
ကွာတာပေါ့ဗျာ။
ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့သူတွေ၊
ရှက်ကြောပြတ်နေတဲ့သူတွေ၊
ဖော်လံဖားတွေ၊
ဖျာခင်းသူတွေ
သတိထားကြပါ။
ပြည်သူကြင်နေုတုန်း ပြင်ပါ
ပြည်သူကျဉ်မှဆို အသင်တို့ လွင့်စင်သွားပါလိမ့်မယ်။
( လုလင်- ပြောသည် )

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်