From : dvb
ပြန်ကြားရေးဝန်ကြီးဌာနက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်တင်ထားတဲ့ထဲက ၈ စောင်ကို မတ်လ ၁ ရက်နေ့က စတင်ပြီး ယာယီထုတ်ဝေခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကို နေ့စဉ်ထုတ် သတင်းစာ စုစုပေါင်း ၁၇ စောင် လျှောက်ထားခဲ့တဲ့ထဲက ၈ စောင်ကို ထုတ်ဝေခွင့်ပြုလိုက်တာဖြစ်ပြီး ၆ ခုကတော့ လျှောက်လွှာမှာ လိုအပ်ချက်တွေရှိနေတာကြာင့် အချိန်မှီ ပြန်လည်လျှောက်ထားဖို့ ပြောကြားထားပြီး ၃ စောင်ကိုတော့ စိစစ်ဆဲဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
အခု ထုတ်ဝေခွင့် ရရှိတဲ့ နေ့စဉ် သတင်းစားတွေကတော့
ခေတ်မိုး၊
ရွှေနိုင်ငံသစ်၊
ပြည်ထောင်စုနေ့စဉ်၊
အင်ပါယာ၊
The messengerr
နောက်ဆုံးရနေ့စဉ်သတင်းစာ၊
မြန်မာနယူးဝိခ်နေ့စဉ်
နဲ့
မဇ္ဈိမနေ့စဉ်
တို့ပဲ ဖြစ်ပါတယ်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်