From :
. mrtv4
...
www.MyanmarExpress.net
အက်ပဲထုတ်အိုင်ဖုန်းတွေဟာ
အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်နိုင်တယ်လို့
တရုတ်နိုင်ငံကစွပ်စွဲပြောကြားထာပါတယ်။တရုတ်နိုင်ငံပိုင်ရုပ်သံဌာန
ဖြစ်တဲ့ CCTV ဟာအက်ပဲထုတ်အိုင်ဖုန်းတွေမှာပါဝင်တဲ့ ဖုန်းသုံးစွဲသူရဲ့တည်နေရာကိုပြတဲ့ဖန်ရှင်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ရာရောက်နေတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။
CCTV ဟာဘေဂျင်းမြို့ရှိ တရုတ်ပြည်သူ့လုံခြုံရေးတက္ကသိုလ်ရဲ့ အင်တာနက်လုံခြုံရေးဆိုင်ရာဌာနညွှန်ကြားရေးမှူး "မာဒင်း" နဲ့တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာ "မာဒင်း"ရဲ့ ဖြေကြားချက်တွေကိုဖော်ပြခဲ့တာဖြစ်ပါတယ်။တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာ "မာဒင်း"က နိုင်ငံတော်အဆင့်လျို့ဝှက်ချက်တွေအပါအ၀င် အမှားမခံတဲ့အချက်အလက်တွေကို အိုင်ဖုန်းမှာပါဝင်တဲ့သုံးစွဲသူအလွယ်တကူဖွင့်နိုင်၊ပိတ်နိုင်တဲ့ တည်နေရာမကြာခဏ ဖော်ပြပေးတဲ့ ဖန်ရှင်ကနေစုဆောင်းနိုင်တယ်လို့ CCTV နဲ့ သောကြာနေ့တုန်းပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပြောကြားထားပါတယ်။
အိုင်ဖုန်းနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်အခြေအနေဖြစ်ပေါ်နေတာဟာ အခုတစ်ကြိမ်ဟာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အခုတစ်ပတ်အတွင်းတုန်းကလည်း အက်ပဲဟာအိုင်ဖုန်းမှာထည့်သွင်းထားတဲ့ အသံသိမှတ်စနစ်မူပိုင်ခွင့်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံပိုင် မိုဘိုင်းထုတ်ကုန်ကုမ္ပဏီရဲ့စွပ်စွဲမှုကို ခံခဲ့ရပါတယ်။အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဒီဆော့ဝဲလ်နဲ့ပတ်သက်လို့(၂၀၁၃)ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချိခဲ့တဲ့ IOS7 စနစ်သုံးအိုင်ဖုန်းမျိုးဆက်တွေအားလုံးမှာ အသုံးပြုနိုင်ပါတယ်။ဒါပေမယ့်လည်း အက်ပဲထုတ်ကုန်တွေဟာ တရုတ်နိုင်ငံမှာလူကြိုက်များနေတယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်