From :
.. Min Thit
ဇူလိုင်လ ၁၀ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ၏ Facebook တွင်ဖော်ပြခဲ့သော အစိုးရအရာရှိကြီးတစ်ဦး၏ကား လမ်းပြောင်းပြန်ရပ်သည် ဆိုသည့်သတင်းမှာ မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသာ ဖြစ်ကြောင်း နီးစပ်သူများနဲ့ မျက်မျက်များက ပြောကြားလိုက်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးနေမျိုးအောင် မှ ဘုရားသွားစဉ် လူကြီးတစ်ဦး၏ ကားကို တွေ့ခဲ့ကြောင်း၊ လမ်းပြောင်းပြန်ရပ်သဖြင့် ရဲနှင့် ပြဿနာတက်သည်ကို လူကြီးကားဆိုပြီး ချိန်းခြောက်နေကြောင်း ဘုရားပေါ် ခြေအိတ်မချွတ်ပဲ တတ်နေကြောင်း ၎င်း၏ Facebook တွင် ရေးသားခဲ့တာဖြစ်ပါတယ်။
ဦးနေမျိုးအောင်၏ ရေးသားမှုနှင့်ပတ်သက်ပြီး ကားပိုင်ရှင်နှင့် နီးစပ်သူ တစ်ဦးမှ ဦးနေမျိုးအောင်၏ ပြောဆိုမှုများမှာ အဓိပ္ပါယ်မရှိ စွပ်စွဲချက်များဖြစ်ကြောင်းကို အခုလို ပြောပါတယ်။ “ကြံ့ဖွံ့အမတ် ဦးနေမျိုးအောင်ပြောတဲ့ လူကြီးကားဆိုတာ မဟုတ်ပါဘူး.. ကျွန်တော့သူငယ်ချင်း တစ်ယောက်ရဲ့ကားပါ.. ဘာရာထူးကြီးမှလည်း မဟုတ်ပါဘူး.. သာမန်ပြည်သူ တစ်ဦးပါ.. သူငယ်ချင်းက အဲဒီကားနဲ့ ဒီနေရာကို မကြာမကြာ လာတတ်ပါတယ်..” လို့ဆိုပါတယ်။
“ပြဿနာတက်တယ်လို့တော့ မဟုတ်ပါဘူး.. ညာဖက်ယာဉ်ကြောမှာ ပိတ်နေလို့ ဘယ်ဘက်မှာ ခဏ ရပ်တာပါ.. တခြားကားတွေနဲ့ တခြားလူတွေလည်း ဒီလိုပဲသွားနေတာပါ.. အဖိတ် ဥပုဉ် ရက်တွေမှာ လူကျတော့ ရဲကထိန်းပေးတာတော့ရှိတယ်… ရဲနဲ့အဆင်မပြေဖြစ်စရာ အကြောင်းလည်း မရှိပါဘူး..” လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဖြစ်စဉ်အကြောင်းအရာ သေသေချာချာမသိပဲ နားစွန်နားဖျားကြားတာကို လူမှုကွန်ယက်ပေါ်တွင် မဆင်မခြင်ရေးသားနေမှုများ အတွက် စိတ်ပျက် မိကြောင်း၊ ပြည်သူတွေကို မဲလိမ်ပြီးဖြစ်လာတဲ့ အမတ်ဖြစ်တာကြောင့် လိမ်ရတာ အကျင့်ပါနေတာ ဖြစ်နိုင်ကြောင်း နဲ့ လူမှုကွန်ယက်ပေါ်မှာ ပေါက်ကရရေးသား ပြောဆိုမှုများ လုပ်နေခြင်းဟာ နိုင်ငံမှာအရေးပါတဲ့ လွှတ်တော်အမတ် တစ်ဦးအနေနဲ့ မသင့်တော်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။
.. www.MyanmarExpress.net

5 comments:
NEUTRAL COMMENTS
1-ALL DRIVERS MUST STRICTLY OBEY THE TRAFFIC RULES AND SAFETY OF THE ROADS.
2-EVERYBODY MUST FOLLOW THE RULES.
3-NO EXEMPTION AND NO EXCUSE.
4-MANY PEOPLE ARE MISUSING BY ALL MEANS
FOR THEIR PERSONAL GAINS AND BENEFITS.
5-THIS KIND OF BAD HABITS ARE DEEP ROOTED
FOR MANY YEARS.
6-PEOPLE MISUSING THE POWER AND OVERRULING EVERYTHING AS THEY LIKE.
7-ALL PEOPLE NEED TO STOP ALL THE
BAD HABITS AND FOLLOW THE RULES AND
REGULATIONS.
8-THIS IS THE DUTY OF ALL GOOD CITIZEN.
9-POLICE AND ALL LAW ENFORCEMENT
OFFICIALS NEED TO TAKE ALL KIND OF LEGAL
ACTIONS AS PER EXISTING RULES AND
REGULATIONS.NO EXEMPTION.
10-MYANMAR NAING GAN DAW NEED EVERYBODY DO HIS/HER CITIZEN DUTIES.
11-NOW A DAY PEOPLE ARE SHOUTING,
PROTESTING AND FIGHTING TO GAIN BENEFITS
AND TO ENJOY
DEMOCRACY,
HUMAN RIGHTS,
FREEDOM OF PRESS,
FREEDOM OF SPEECH, AND
FREEDOM OF WORSHIP.
12-BUT IT IS NOT POSSIBLE IF PEOPLE ARE
DISOBEY,DISORGANIZE AND STILL BEHAVING
ALL KINDS BAD HABITS.
NO BODY FOLLOW THE RULES IN BURMA. AND NEVER WILL. LOL..
ကြံဖွတ်ကတော့သူများမကောင်းကြောင်းပြောရမယ်ဆို...ထိပ်...
အဲ့လို စောက်ရူးက လွှတ်တော်ထဲရောက်နေတာဆိုတော့ကာ
No one is above the law.
No (number) one is above the law.
No, one is above the law.
Which one correct?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်