Subscribe to our RSS Feed

မြန်မာကာချုပ် သို့မဟုတ် ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ ရင်ထဲကို အပျော်တွေ ရောက်ရှိစေခဲ့သူ



"ကျွန်တော်တို့ တတွေ တစ်သက်လုံး ခွေးလို ၀က်လို ဆက်ဆံခဲ့ရတဲ့ အဖြစ်က လွတ်မြောက်လာပြီလို့
ခံစားမိတယ်။"

အထက်ပါစကားကို မယုံကြည်ဟန် ဖြစ်နေသော မျက်လုံးများ၊ အံ့သြ၀မ်းသာနေသော မျက်နှာဖြင့်
ထိုင်းနိုင်ငံရောက် ကိုထွန်းနိုင်က ဆိုသည်။ ကိုထွန်းနိုင်သည် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ တရားဝင်
အလုပ်သမား အဖြစ် သွားရောက်လုပ်ကိုင်နေသူ ဖြစ်သည်။  မိသားစုနှင့် ခွဲပြီး ထိုင်းသို့ ရောက်နေသည်မှာ
၅ နှစ်ခန့် ရှိပြီဟု သူက ဆိုသည်။ သူ ပြောသလိုပင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည်
ထိုင်းရဲများ၏ ဒုက္ခပေးခြင်း၊ အလုပ်ရှင်များ၏ မတရား ပြုလုပ်ခြင်း၊ ထိုင်းအစိုးရ၏ နှိမ်ခြင်းကို ခွေးလို
ဝက်လို ခံခဲ့ရသည်။ ယခု ထိုကဲ့သို့ ဘ၀မျိုးမှ လွတ်မြောက်လာတော့မည်ဟု ၀မ်းသာအားရ သူက ဆိုသည်။
အကြောင်းမှာ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ကြေးအနေဖြင့် အရင် ဘတ် နှစ်သောင်း သုံးသောင်းကုန်ကျခဲ့ရာမှ
သက်သာသော ဈေးနှုန်းဖြင့် မှတ်ပုံတင်ပြုလုပ်ပေးနေသောကြောင့် ဖြစ်သည်။

"အရင်ကဆို မှတ်ပုံတင်တော့မယ်ဆို ဘတ် နှစ်သောင်း သုံးသောင်းကုန်တယ်။ လာလုပ်တဲ့ မြန်မာတွေကို
လည်း မတူမတန်သလိုနဲ့ အရမ်းနှိမ်တယ်။ ခုဆို မှတ်ပုံတင်ကြေး ဘတ် ၈၀၊ Permit က ဘတ် ၃၀၀၊ ဆေးစစ်တာက ဘတ် ၅၀၀ နဲ့ အာမခံကြေး ၅၀၀ အကုန်ပေါင်းမှ ဘတ် ၁၃၈၀ ပဲကုန်တော့တယ်။
ဆက်ဆံရေးက အစ အကုန်ပြောင်းသွားတယ်။ နှိမ်တာတွေ မတူမတန်သလို လုပ်တာတွေ ခွင်ဖမ်းတာတွေ
မရှိတော့ဘူး။ တခြားနိုင်ငံခြားသားတွေထက် စာရင် ကျွန်တော်တို့ မြန်မာတွေအပေါ် ပိုတောင်ကောင်းလာသလို ထင်ရပါတယ် "ဟု ကိုထွန်းနိုင်က မှတ်ပုံသွားတင်ခဲ့သည့် သူ၏ အတွေ့အကြုံကို
ဖောက်သည် ချသည်။ 

ကိုထွန်းနိုင်တို့လို ထိုင်းရောက် မြန်မာအလုပ်သမားများကလည်း ထိုင်းနိုင်ငံ၏ မြန်မာအလုပ်သမား
များအပေါ် ပြုမူဆက်ဆံပုံ ပြောင်းလဲ လာမှုကို ၀မ်းသာနေကြသည်။ သူတို့ဆီသို့ ပြောင်းလဲမှုများ
ရုတ်ခြည်း ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးခဲ့သူကား တခြားသူမဟုတ် မြန်မာကာချုပ်ပင်။ မြန်မာကာချုပ်အပေါ် ၀မ်းသာပီတိနှင့် အတူကျေးဇူးတင်နေကြသည်။

"ဒီလို  ငွေသက်သက်သာသာနဲ့ အဆင်ပြေပြေ မှတ်ပုံတင်ရတဲ့ အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒီကို မြန်မာကာချုပ်လာပြီး မြန်မာအလုပ်သမားကိစ္စတရားဝင်ဖြစ်ဖို့ နဲ့ ခေါင်းပုံဖြတ် မခံရဖို့ ထိုင်းကာချုပ်ကို အကူအညီတောင်းသွားတာ တကယ့်ကိုကျေးဇူးတင်မိပါတယ်။ ကမ္ဘောဒီးယားက အလုပ်သမားတွေဆို ဒီလို ဂရုစိုက်ပေးမဲ့သူမရှိလို့ ဟိုတစ်လောကတင် သူတို့နိုင်ငံ ပြန်ကုန်ကြတယ်။ ကျွန်တော်တို့လို မြန်မာပြည်နဲ့ ဝေးနေတဲ့ ပြည်သူတွေအပေါ် ခုလို ဂရုတစိုက်နဲ့
ပြုလုပ်ပေးတဲ့ အပေါ် ရင်ထဲက ကြည်ကြည်နူးနူးနဲ့ ကျေးဇူးတင်မိပါတယ်" ဟု ၎င်းတို့အား
အကူအညီပေးခဲ့သည့် မြန်မာကာချုပ်အပေါ် ကျေးဇူးတင်စကားဆိုသည်။

ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား များကိုလည်း ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ပြောလိုပါကြောင်း၊ ၎င်းတို့တွင် စိုးရိမ် ပူပန်မှုများ ရှိနေကြပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ၎င်းတို့အား စည်းကမ်းနှင့် အညီဖြစ်အောင် ကူညီပေးမည် ဖြစ်ကြောင်း၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tanasak Patimapragorn အား
မြန်မာအလုပ်သမားများ အရေးနှင့် ပတ်သက်၍ ပြောဆိုခဲ့သည်။

 ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း မြန်မာကာချုပ်၏ ပြောဆိုမှုအပေါ်တွင်
အလုပ်သမားကိစ္စအား မိမိကိုယ်တိုင် ကိုင်တွယ် ဆောင်ရွက်ပေးနေပါကြောင်း၊ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လက်ရှိ စီမံချက်အရ တရားဝင်သတင်းပို့ပြီး မှတ်ပုံတင်ထုတ်ပေးထားမည်ဖြစ်ကြောင်း၊ အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးမှု မရှိစေရန်နှင့် အနိုင်ကျင့်ခံရမှု မရှိစေရန်ဖြစ်ကြောင်း၊ ယခင်က တစ်ဦးလျှင် ကုန်ကျစရိတ် ဘတ်ငွေနှစ်သောင်း၊ သုံးသောင်း ရှိနေသော်လည်း လက်ရှိစီမံချက်အရ သက်သာသောနှုန်းထားဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ One Stop Services အရ တစ်နာရီအတွင်း မှတ်ပုံတင်ဆောင်ရွက်နိုင်ကြောင်း၊ ယခုစမ်းသပ်ဆဲကာလဖြစ်ပြီး နောက်နှစ်ရက်တွင် တစ်နိုင်ငံလုံး One Stop Services Center များ ဆက်လက်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ပြောဆိုမှုများအပြီးတွင် ကိုထွန်းနိုင်တို့လို မြန်မာအလုပ်သမားများအပေါ် ထိုင်းနိုင်ငံ၏
ပြုမူဆက်ဆံပုံများ ပြောင်းလဲလာခြင်း ဖြစ်သည်။ မြန်မာအလုပ်သမားများအတွက် One Stop Services Center များကို ကမ်းရိုးတန်း ၂၂ ခရိုင်လုံးတွင် ဖွင့်လှစ်လုပ်ဆောင်ပေးသွားမည် ဖြစ်ပြီး စမုပရာခံ၊
ချကျွန်ဆောင်၊ အယုဒ္ဓယ၊ ပတ္တရား၊ ချွန်ပိုရီ၊ လိုင်ယောင်း၊ ရနှောင်း စသည့် ၇ နေရာတွင် မနက်ဖြန်မှစကာ
ထပ်ဖွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာကာချုပ်၏ ထိုင်းနိုင်ငံချစ်ကြည်ရေး ခရီးစဉ်သည် တပ်မတော်ချင်း ချစ်ကြည်မှုအနေဖြင့်သာမကဘဲ
 မြန်မာအလုပ်သမားများ၏ နှစ်ကာလအတော်ကြာကြာ ခေါင်းပုံဖြတ် အနှိမ်ခံရမှု၊ စိုးရိမ်မှုများစွာဖြင့်
တခြားနိုင်ငံတွင် အလုပ်လုပ်နေရမှုတို့အပေါ် ပြေလျော့စေခဲ့သည်မှာ ကိုထွန်းနိုင် ၏ ဖြစ်ရပ်လေးက
သက်သေထူနေသည်။  ကိုထွန်းနိုင်သာမက ထိုင်းနိုင်ငံတွင် စိုးရိမ်သောကများစွာဖြင့် အလုပ်လုပ်နေရသော သန်းပေါင်းများစွာသော ရွှေမြန်မာများအတွက် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထိုင်းနိုင်ငံ
ခရီးစဉ်သည်  များစွာ အကျိုးရှိစေခဲ့သော ခရီးစဉ်ဟု ဆိုရပေမည်။

ရေးသားသူ။ ။ စစ်အောင်၊ လမင်းငယ်

5 comments:

ခွေးလိုဝတ်​လိုဆက်​ဆံခံရတာနည်း​တောင်​နည်း​သေးတယ်​မင်​တို့ကအ​မေ​ကြော်​ပြီး​ဒွေး​တော်​လွန်းတာကို..ကိုယ့်​နိုင်​ငံ​လောက်​ဘယ်​နိုင်​ငံမှမ​ကောင်းဘူး..သူများနိုင်​ငံသွားပြီးအလုပ်​လုပ်​တယ်​ဆိုကတဲးက.ကိုယ့်​ဘက်​တဘန်းရူံး​နေပြီ..
ပညာရှင်​အ​နေနဲ့မဟုတ်​ရင်​ဘယ်​နိုင်​ငံမှမ​ကောင်းပါဘူ..

အိမ်နီးချင်းနိုင်ငံတွေထဲမှာ ထိုင်းကစိတ်ရင်းအယုတ်ဆုံးပဲ။ မြန်မာနိုင်ငံအပေါ်မှာ အမြဲတမ်းအကောက်ကြံ ချောက်တွန်းဖို့ပဲ စဉ်းစားနေတာ။ ဒီလိုနိုင်ငံမျိုးမှာ ကျွန်သွားခံရတဲ့ မြန်မာတွေဘဝကို စာနာမိပါတယ်။

ဒီကောင်တွေကို ထိုင်းလို့မခေါ်နဲ့ မြန်မာတွေ ရှေးအစဉ်အဆက်ခေါ်ခဲ့သလို ယိုးဒယား(ယုဒ္ဓယ)လို့ဘဲ ခေါ်ကြပါ။ ယိုးဒယားဆိုတာ အရင်ကမြန်မာ့ကျွန်ပါ။ အခုမှ မြန်မာတွေ ယိုးဒယားမှာကျွန်သွားခံနေကြရတာ အရမ်းရင်နာဖို့ကောင်းတယ်။

မအေလိုးတွေတိုင်းပြည်နဲ့လူမိုးမျက်နာဖျကိတဲ့ကောင်တွေဗမာပြည်ပြန်မလာနဲ့အဲဒီမှာသေလိုက်ကြကျွန်စုပ်တွေငါတို့ပြည်မှာဘာလုပ်လုပ်လီးဖြဲပြီးစားလို့ရတယ်အဆင်နဲနဲပြေတယ်ဆိုတော့လဲဝမ်းသာပေးလိုက်မယ်

အပေါ်ကကောင်မင်းဗမာမဟုတ်ဘူးလား ကိုယ့်လူမျိုးချင်း ကိုယ်ချင်းစာကွ ငါတို့က အလောင်းဘုရားလက်ထက်ကဝဠ်ကြွေးရှိတယ်ကွ မင်းအဲဒီတုန်းက ငကြောက်မို့ စစ်မတိုက်ခဲ့လို့ မလာရတာ ဖင်ခေါင်း ကျယ်မနေနဲ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်