ပြင်သစ် နိုင်ငံခြားရေး ရာနှင့် ဥရောပရေးရာဝန်ကြီး မစ္စတာ ALain juppe သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်ထိ တရားဝင် ခရီးလာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ပြင်သစ် သံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။ ထို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး၏ ခရီးသည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးခရီး ဖြစ်သည်။ ထိုခရီးတွင် ပြင်သစ်ဝန်ကြီးသည် မြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် အာဏာပိုင်များ ၏ အမျိုးသားပြန်လည်သင့် မြတ်ရေး ၊ လူ့အခွင့်ရေးနှင့် တိုင်းရင်းသားရေး ၊ ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြင့်စွာ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် အားပေးရန် ဖြစ်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံခြားရေး နှင့် ဥရောပရေးရာဝန်ကြီး မစ္စတာ ALain juppe ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးသည် ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရှိပြီး အတိုက်အခံ ကိုယ်စားလှယ်များနှင့်လည်းတွေ့ဆုံမည်ဟု သိရသည်။ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ဝန်ကြီးသည် သမ္မတကြီး ဦးသိန်းစိန် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ဥက္ကဌ များနှင့် တွေ့ဆုံရန်ရှိသည်။
ရန်ကုန်တိုင်းမ်

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်