၁၃ ရက်နေ့ က အကျဉ်းသား ၆၀၀ ကျော်ကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) နဲ့ လွှတ်ပေးလိုက်ခြင်းအတွက် မြန်မာအစိုးရကို အမေရိကန်သမ္မတ အိုဘားမားက ချီးကျူး ကြိုဆိုလိုက်ပါတယ်။
လက်ရှိအစိုးရနဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ထိရောက်တဲ့ ခြေလှမ်းတွေ ဖြစ်ကြောင်း၊ မြန်မာအမေရိကန် တို့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်လိုကြောင်း၊ ကေအဲန်ယူနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာလည်း အရေးပါတဲ့ကိစ္စတစ်ရပ် ဖြစ်ကြောင်း၊ အကျဉ်းသားတွေ ကို ပုဒ်မ ၄၀၁ နဲ့ လွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးထောပနာ ပြု ကြောင်း စသည်ဖြင့် ရွှမ်းရွှမ်းဝေအောင် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့ ဒီအချိန်ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်မှု အလင်းစက ပိုမို တောက်ပနေပြီဖြစ်ကြောင်း နဲ့ မြန်မာအစိုးရဲ့နဲ့ ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်လိုကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် ရဲများက ပြည်သူများကို ငြုတ်ကောင်းရည်နဲ့ ပက်ဖျန်းစဉ်
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်