လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်မြောက်လာတဲ့ လူပေါင်း ၆၅၀ ကျော် ထဲမှာ ဘုရားမှန်း တရားမှန်းသိပြီး ရွှေတိဂုံ ဘုရားကို အရင်ဆုံး ရောက်လာသူကတော့ ဦးခင်ညွန့်ပဲဖြစ်ပါတယ်။ ၁၃ ရက်နေ့မှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့အတူ လွတ်မြောက်လာပြီး ဇန်န၀ါရီလ ၁၄ ရက် နေ့ ည ၉ နာရီခန့် က မိသားစုဝင် များ နှင့် အတူ ရွှေတိဂုံဘုရား သို့  တက်ရောက်ဖူးမြှော်ခဲ့ပါတယ်။
လွတ်မြောက်လာချိန် ချက်ချင်းမှာ သတင်းထောက်များက လောကီရေးတွေ၊ နိုင်ငံရေးလုပ်ငန်းတွေမှာ ဝင်ပါအုံးမှာလား မေးချိန်မှာလည်း ဒီအသက် ဒီအရွယ်က ဘုရားတရားသာ လုပ်သင့်ကြောင်းဖြေကြားခဲ့ပြီး ဘာသာရေးကိုပဲ လုပ်မှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
ရွှေတိဂုံ ကို ရောက်ရှိလာတဲ့ ဦးခင်ညွန့်ကို လူအများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပြီး
" သမီးတို့ကို လူလားမြောက်အောင်မွေးပေးခဲ့တဲ့ ကျေးဇူးရှင်ပါ။ ဒီနေ့ဘုရားကို လာမယ်ကြားလို့ လာစောင့်နေတာပါ။အခုလို ဘဘကို ပြန်တွေ့ ရတာ
ဝမ်းလည်းဝမ်းသာပါတယ်။ " ဟု အိအိငြိမ်း ( ရင်ချင်းဆက် အမြွှာညီအစ်မ ) က ပေါ်ပြူလာနယူးစ် ဂျာနယ် ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဦးခင်ညွန့်ဟာ နိုင်ငံတော် ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဦးခင်ညွန့်တည်ခဲ့တဲ့ ဘုရားတွေ၊ ဆောက်လုပ်လှူတန်းခဲ့တဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေဟာ ရေတွက်လို့တောင် မကုန်နိုင်အောင် မြန်မာနိုင်ငံ အစွန်အဖျားတွေထိ တည်ရှိနေပါတယ်။ ၁၃ ရက်နေ့က လွတ်မြောက်လာသူ ၆၅၀ ကျော်ထဲမှာမှ ဦးခင်ညွန့်ဟာ ပြည်သူလူထုအတွက် အလုပ်အများဆုံးလုပ်ပေးခဲ့သူဖြစ်ပြီး လူထုအပေါ် စေတနာအထားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ တခြား လွတ်လာသူများလိုလည်း ပါးစပ်ကနေ ဟောင်ဖွာဟောင်ဖွာနဲ့ ကြီးကြီးကျယ်ကျယ်တွေ လုံးဝ မပြောတတ်သူ တစ်ဦး ဖြစ်ပါတယ်။

12 comments:
သိပ်မှန်တာပေါ့ MEG ရာ...
မိမိလေးစား ချစ်ခင်ရတဲ့ ဦးခင်ညွန့် ကို အခုလို ပြန်လည်တွေ့ ဆုံရတဲ့ အတွက် အလွန်ဝမ်းသာ မိပါတယ်။ တိုင်းပြည်အပေါ် ပြည်သူလူထုအပေါ် သူထားခဲ့တဲ့စေတနာကြောင့် လဲ စေတနာရဲ့  အကျိုးကို ခံစားရပြီး Myanmar Express မှာလဲ အခုလို တွေ့နေရတာ လို့ ထင်ပါတယ်။ နိုင်ငံရေး မလုပ်ဖူး တိုင်းပြည်အတွက် ကောင်းအာင် လုပ်မယ်ဆိုတဲ့ အလွန်တန်ဖိုးရှိတဲ့ စကားလုံး တစ်လုံးရရှိခဲ့ပါပြီ။ သမ္မတကြီး ဦးသိန်းစိန် နဲ့ လွတ်ငြိမ်းချမ်းသာခွင့် အတွက် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သူ အားလုံးအား အထူးကျေးဇူး တင်လျက်ပါ။
ဦးခင်ညွှန့်သာ ရွေးကောက်ပွဲဝင်ပါရင် သူ့ပဲ မဲပေးမယ် ပါခဲ့မယ်ဆိုရင်ပေါ့
if he participate in election I will vote him. I like him very much
out of all the EX generals in his era he is most educated (not in term of degree but in term of logic and ideals) he had his flaws but out of all the Ex generals he care more of the people than other generals. Many believed if he didn't fail his operations and didn't get arrested he would have willing to work with oppositions and the county would have been progress faster and a few years ahead. anyway i am glad to see he is out and president should hire him as one of the adviser since he is well educated and have good relationship with opposition forces.
may u be happy and healthy, U Khin Nyunt.
ဦးခင်ညွန့်ပြန်လွတ်လာပေးတဲ့အတွက်ဝမ်းသာမိပါတယ်..
အော် တော်တော်သနားစရာကောင်းတဲ့သူတွေ.....အ၀ိဇ္ဇာတွေ ဖုံးနေကြတယ်....
ကျေးဇူးအများကြီးတင်တယ် ဒီဝက်ဆိုက်ကို လူတေက မတရားဘူး တရားမျှတရေး အော်ကြတယ် ဒါပေသိ သူတို့ကတော့ဘာတေလဲ မစင်းစားကြဘူးလေ.ဦးခင်ညွန့် ဘာကောင်လဲ အခု သက်သေပေါ့ ကျေးဇူးတင်ပါတယ် သူကို စာသင်ကျောင်းတေဆောက် ဘာသာရေးတေ တကယ်လုပ်ပြတာ လူကောင်းတယောက်ဆိုတာ သက်သေပါ....
အိအိငြိမ်းလေးက ချစ်စရာလေး..ဟီဟိ
အရေးထဲ..သူက.ဏှာထနေတယ်...ဘူးထမနေနဲ့.စိတ်မဆိုး
ရဘူးနော်..နောက်တာ...
Hote de Sweet Ei Ei Nyein ., I think she is very pretty!
Nar Bu lo pyaw lae ma tat naing bu
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်