Subscribe to our RSS Feed

စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရန် မြန်မာဘက်မှ လုပ်ဆောင်ပေးစရာများပြီးပြီဟု စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်ပြောကြား


From : ခေတ်လူငယ်

၁၉၉၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ်ထားရှိသည့် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းရန် မြန်မာဘက်မှ လုပ်ဆောင်ပေးရမည့်ကိစ္စအားလုံးကို ဆောင်ရွက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး၏ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က ဇန်န၀ါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်မှ မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုနှင့် စပ်လျဉ်းသည့် သဘောထားသည် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၏ အခြေအနေများပေါ်တွင် မူတည်နေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ “သေချာပါတယ်။ ဒီတစ်ခုပြီးရင်တော့ အမေရိကန် Sanction ရုပ်မှာပါ” ဟု ဒေါက်တာဦးမြင့်က ထပ်မံပြောကြားခဲ့သည်။ မြန်မာအပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်သည့် သဘောထားများသည် ကာယကံရှင်နိုင်ငံများနှင့်သာ သက်ဆိုင်ပြီး မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များအပေါ်တွင် မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်