Subscribe to our RSS Feed

ကေအိုင်အေနှင့် စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မကြာမီပြုလုပ်မည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သော ကေအိုင်အို၊ ကေအိုင်အေနှင့် စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ တတိယပတ်တွင် ကျင်းပပြုလုပ်သွားရန် ရှိကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ဝင်များက ပြောကြားသည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရာ၌ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးတစ်ပွဲ ဖြစ်ဖို့ ရှိပါတယ်။ သိပ်မကြာတော့ပါဘူး” ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်သောင်းက ပြောကြားသည်။ “သူတို့က နိုင်ငံရေးနည်းနဲ့ အဖြေရှာပြီးမှ အပစ်အခတ် ရပ်စဲချင်တယ်။ ကျွန်တော်တို့က အပစ်အခတ် ရပ်စဲပြီးမှ ကျန်တာကို ထပ်လုပ်ချင်တယ်” ဟု ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။ ကေအိုင်အေ၊ ကေအိုင်အို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သုံးခုကို မြန်မာနိုင်ငံ ပြင်ပတွင် ပြုလုပ်ခဲ့ပြီး ယခုစတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ပြည်တွင်း၌ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခက်ထိန်နန်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်