From : ခေတ်လူငယ်
ကျန်ရှိနေသေးသည့် အကျဉ်းသားများအား ထပ်မံစိစစ်လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မစ္စတာကွင်တားနားနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ “ပြီးခဲ့တဲ့အပတ်က NLD ဘက်က စာရင်းပေးထားတဲ့အထဲက ကျန်နေသေးတယ်လို့ပြောတယ်။ ကျန်နေသေးတဲ့သူက အခြားပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခံထားရတဲ့သူတွေပါ။ ဒါပေမဲ့ ထပ်ပြီးတော့ ကျန်နေသေးတယ်ဆိုရင် သက်ဆိုင်ရာက စိစစ်ပြီး ဆောင်ရွက်ပေးပါလိမ့်မယ်”ဟု ၄င်းက ပြောကြားခဲ့သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသူများကို NLD မှ စာရင်းပေးသွင်းရာတွင် လူဦးရေ ၄၀၆ ဦးရှိပြီး ဇန်န၀ါရီ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေမှာ အဆိုပါစာရင်းမှ ၃၀၂ ဦးပါဝင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်