Subscribe to our RSS Feed

ဗုဒ္ဓ ဆင်းထုတော်များ ကို ကြက်ချေးဖြင့်သုတ်မှု

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဗုဒ္ဓဆင်းထုတော်များကို အမည်မသိသူများက မဖွယ်မရာ ပြုလုပ် ထားခဲ့သဖြင့် ဒေသခံ ဗုဒ္ဓဘာသာများ အကြား အထူး မကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။


The-Buddha-images-perverted-by-muslim

စစ်တွေမြို့ အာဂျိတ်တောင်ကုန်း သင်္ချိုင်းဟောင်း အနီးရှိ သရက်ဦး ဘုန်းတော်ကြီးကျောင်းတွင် ဘုရားကြီး ၃ ဆူ၏ မျက်နှာတော်များကို ကြက်ချေး ရေနံများဖြင့် မဖွယ် မရာ သုတ်လိမ်း ထားပြီး မျက်နာ နဖူးတော်တွင်လည်း မထင်မရှား ရခိုင်လို "ခွီး" ဆိုသော စာလုံးကို ရေးသား ထားသည်ဟု သိရသည်။

၎င်းပြင် အမြင့် ၄ ပေ ကျော်ရှိသော ရခိုင်ဘုရင် စန္ဒသူရိယ၊ ရှင်သီဝလိနှင့် ဇီဝက ဆင်းတုတော် များ၏ မျက်နာများကိုလည်း ကြက်ချေး ရေနံများဖြင့် လိမ်းကျထားသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ မဖွယ်မရာ လုပ်ထားခြင်းကို စက်တင်္ဘာလ ၂၃ ရက်နေ့က ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" ဒီလို လုပ်တာက ဒီလ ၂၃ ရက်နေ့မှာပါ။ အခု ဒေသခံ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုလုပ်တဲ့ အပေါ်မှာ အတော်ကို မကျေမနပ် ဖြစ်နေကြတယ်။ အနီးအနားက မွတ်ဆလင် ဘာသာဝင်တွေ လုပ်တယ်ဆိုပြီး ထင်နေကြတယ်။ ဒီကိစ္စ ပြည်နယ် ၀န်ကြီးချုပ်ထိ တက်တိုင်ထားတယ်။ ပြေပြေလည်လည် မဖြေရှင်း နိုင်ရင် ပြဿနာ ကြီးထွား လာနိုင် ပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားပြီး နောက်ပိုင်း ယခုအခါ မသင်္ကာမှုဖြင့် ဒေသခံ မွတ်ဆလင် (၅) ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု သူက ပြောသည်။

"အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ မသင်္ကာမှုနဲ့ ဒေသခံမွတ်ဆလင်လူမျိုး ၅ ဦးကို အမှတ် (၁) ရဲစခန်းမှာ ခေါ်ယူစစ် ဆေးနေတယ်လို့ သိရပါတယ်။ လူတွေကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်" ဟု ပြောသည်။ ယခုလိုလုပ်ရပ်မှာ ယခင်ကတခါမှ မဖြစ်ပွား ခဲ့ဖူးကြောင်းနှင့် ယခု လုပ်ရပ် အပေါ် ဗုဒ္ဓ ဘာသာဝင် များက အထူး ခံပြင်းနေကြောင်း သိရသည်။

ယခု လုပ်ရပ်အပေါ် ဘာသာရေး အဓိဂရုဏ်း ဖြစ်အောင် အာဏာပိုင်များပ ဖန်တီးခြင်းလည်း ဖြစ်နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။

" အခု စစ်တွေမှာ ဘာသာရေး အဓိဂရုဏ်းတွေ ဖန်တီးနိုင်လာတဲ့ အခြေအနေရှိတယ်။ သတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ သရက်ဦး ဘုန်းတော်ကြီးကျောင်းက ဘုရားကြီးကို မဖွယ်မရာ လုပ်ထား တာတွေ အာဏာပိုင်တွေလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်မှာ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေတဲ့ အတွက် ဘာသာရေး အဓိဂရုဏ်း မဖန်တီးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး" ဟု သူက ပြောသည်။

ယခု လုပ်ရပ်မှာ အနီးအနားမှ မွတ်ဆလင်များက ပြုလုပ်သည်ဟု သတင်းထွက်နေပြီး ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်များက အထူး မကျေမနပ် ဖြစ်နေကြောင်း သတင်း ရရှိသည်။

Myanmar Express

5 comments:

ဒီအဖြစ်အပျက်မျိုး ရှိတယ်ဆိုတာ မယုံနိုင်စရာပါပဲ ။ ဘယ်သူ. ဘယ်သူ. ရယ်လို. သေချာမသိပဲ မစွပ်စွဲသင့်ပေမယ့် ထိုက်သင့်တဲ့ ဒဏ်တန်ပြန်ပါလိမ့်မယ် ။ ဒီလို လုပ်တဲ့သူတွေဟာ ခွေးတိရိစ္ဆာန်ထက်တောင် ယုတ်ညံ့သော အမျိုးအနွယ်များက ဆင်းသက်လာကြသူတွေဆိုတာ သိသာနေပါတယ် ။ ဗုဒ္ဓဆင်းတုတော်ပုံ ခြေထောက်ချိတ် တက်ထိုင်နေတဲ့ သကောင့်သားပုံကို ဖေ့ဘွတ်မှာ မြင်ဖူးခဲ့သလို ၊ အနောက်တိုင်းသူ ၃ ယောက်ပုံကိုလည်း တွေ.ခဲ့ပါတယ် ။ ခရစ်ယာန်တွေကိုးကွယ်တဲ့ ယေရှု.ပုံကို အဲ့လိုလုပ်မယ်ဆို ကြည်နူးနိုင်ပါမလား ။ အလာ တို. ၊ မိုဟာမက်တို.ကို အဲ့လို လုပ်မယ် ဆိုရင် ပျော်စရာကောင်းပါ့မလား ဆိုတာ ကိုယ့်ဘာသာနဲ.နှိုင်းယှဉ်ပြီး ဆင်ခြင်သင့်ပါတယ် ။ တခါတလေကျတော့လည်း သည်းခံခွင့်လွှတ်ခြင်းဆိုတာ တချို. လူတွေနဲ. မတန်သလိုပါပဲ ။ လုပ်တဲ့သူကို အမြန်ဆုံးဖော်ထုတ် ထိထိရောက်ရောက် အရေးယူနိုင်ပါစေ ။

SV

ဘာသာရေးကို တန်ဘိုးမထားသူတွေကတော့ ဘယ်ဘုရားကိုမဆို
စော်ကားမှာပါပဲ။ ဗုဒ္ဓဆင်းတုတော်သာမက ခရစ်တော်ပုံကိုလည်း အမျိုးမျိုးမထီမဲ့မြင်ပြုကြတာပဲ။ ကမ္ဘာပေါ်မှာ ဘယ်ဘာသာတရားကိုမှ မယုံကြည်ပေမယ့် သူတပါးကိုးကွယ်မှုကို လေးစားသူတွေရှိသလို မယုံကြည်လို့ စော်ကားလိုက်မယ်ဆိုတဲ့ သိမ်ဖျင်းတဲ့စိတ်တွေလည်း ရှိတတ်ကြပါတယ်။ မိမိတန်ဘိုး မိမိလုပ်ရပ်က ဆုံးဖြတ်ကြပါလိမ့်မယ်။

သောက်ကုလား...တော့ချီးခြောက်ကောက်စားရတော့မယ်...

ခွေးမျိုးတွေ အသိစိတ် အသိတရား မရှိတဲ ကောင်တွေ သေရင်တောင် အသေဆိုးနဲ့သေမယ့်ကောင် သူများဘာသာကိုမ စော်ကာနဲကွ .....ကိုယ့်ဘာသာကျမှ ဒေါသထွက် မနေနဲ ခွေးမျိုတွေရ

ဘယ်သူလုပ်တာလဲ .....ဘာကြောင့်လုပ်တာလဲ..
ဗမာပြည်မှာ ဘာသာမျိုးစုံကို လွှတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ပေးထားတရ်..လွှတ်လပ်စွာ သာသနာ ပြုခွင့်တွေ ပေးထားတာဘဲ..........
ဒီလိုကြီးးသက်သက်ရမ်းကားးတာတော့....လုံးဝမကြိုက်ဘူးးးးး....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်