Subscribe to our RSS Feed

အခွန်ရုံးများတွင် မသမာမှုများရှိပါက တိုင်ကြားနိုင်


From : ခေတ်လူငယ်

မန္တလေးတိုင်းဒေသကြီး ပြည်တွင်း အခွန်ဦးစီးဌာနမှ အိမ်ခြေရောင်းဝယ်ရေးစာချုပ်များ အခြားအခွန်ကိစ္စရပ်များနှင့်ပတ်သက်၍ မရှိမဖြစ် လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်၍ ငွေကြေးတောင်းခံမှုများရှိပါက တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။ ယင်းကြေညာချက်မှာ “ပြည်တွင်းအခွန်ဦးစီးဌာနသည် ပြည်သူများထံမှ ကောက်ခံရရှိသော အခွန်ငွေဖြင့် နိုင်ငံတော် ကာကွယ်ရေး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လုပ်ငန်းများနှင့် အများပြည်သူအကျိုးပြု လုပ်ငန်းများတွင် သုံးစွဲလျက်ရှိကြောင်း၊ အခွန်ပေးဆောင်ခြင်းသည် နိုင်ငံသားတစ်ယောက်အနေဖြင့် အနိမ့်ဆုံး တာဝန်ထမ်းဆောင်ခြင်းဖြစ်သောကြောင့် ဂုဏ်သိက္ခာရှိရုံသာမက အများအကျိုးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် မိမိဝင်ငွေ၏ တစ်စိတ်တစ်ဒေသဖြင့် မွန်မြတ်သောလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။ မန္တလေးမြို့ပေါ် မြေအရောင်းအဝယ်စာချုပ်များ အခွန်ငွေမှန်မှန်ကန်ကန် ပေးသွင်းရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး မိမိဝန်ထမ်းများ လာဘ်ယူမှုများမရှိရေးတို့အတွက်လည်း တိုင်းဒေသကြီး အခွန်ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်