Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူး အစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူးအစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်၊ နံနက် ( ၉ ) နာရီက နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၌ ကျင်းပသည်။

သဘာပတိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့်အမှာစကား ပြောကြားစဉ်

ရှေးဦးစွာ သဘာပတိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့် အမှာစကား ပြောကြားပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး မှ ပါတီပိုင်းဆိုင်ရာများ ရှင်းလင်းတင်ပြသည်။


ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ ပါတီပိုင်းဆိုင်ရာများ ရှင်းလင်းတင်ပြစဉ်

ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီများမှ ပါတီအတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များက မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီ များ၏ ဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးကြသည်။


အထူးအစည်းအဝေးသို့ တက်ရောက်လာသူများအား တွေ့ရစဉ်

အဆိုပါ အထူးအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီများမှ အတွင်းရေးမှူးများ၊ ဖိတ်ကြားထား သူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ( ၈၁၀ ) ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်