From : popular
စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။ ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေ သူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို အင်တာနက်ပေါ်တင်မည်ဟု ခြိမ်းခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ”အစ ကတော့ မသိ ဘူးပေါ့၊ နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၄င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက ”ဒီအမှုဖြစ်တာ ဟုတ်ပါတယ်၊ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်၊ တရားရုံးကို အမြန်ဆုံးတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါ တယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။ ရန်ကုန်မြို့ စမ်းချောင်းနေ တရားခံဟု ယူဆရသူ အမျိုးသမီး ငယ်က ခြိမ်းခြောက်၍ ရယူထား သော ငွေစုစုပေါင်း သိန်း ၅ဝ နှင့် ရန်ကုန်ရိုးမဘဏ်မှမထုတ်ရသေး သည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက် ၍ ရထား သောငွေဖြင့် ပင်ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈ဝ ခန့်တို့ကိုတရား လို ကျောင်းသူ ၏ မှတ်ပုံတင်နှင့်အတူ သိမ်းဆည်း ရမိ ခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူးဦးဇော်လွင်နှင့် အမှုစစ်ရဲအုပ်ဦးဇော်လှိုင်ထွန်း တို့ထံမှ သိရသည်။”ပြည်မြို့က နွေဦးကံ့ကော် အဆောင်မှာ ဖမ်းမိတယ်။ သူနဲ့အ တူလက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိ ပါတယ်။ အဲဒီအထဲမှာ အခြားမိန်း ကလေးတွေရဲ့ ဝတ်လစ်စလစ်ပုံ တွေကိုပါ တွေ့ခဲ့ရပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်း ကပြောသည်။ တရားလို ကွန်ပျူတာတက္က သိုလ်ကျောင်းသူသည် ၂ဝ၁ဝ ပြည့် နှစ်သြဂုတ်လ ၁ဝ ရက်နေ့မှစ၍ ၂ဝ၁၁ ခုနှစ်အထိ စုစုပေါင်းငွေသိန်း ၅ဝဝ ခန့်ကို တရားခံဟုယူဆရသူ ထံအကြိမ် ကြိမ်ပေးအပ်ခဲ့ရကြောင်း ထိုငွေများကို ပြည်မြို့ရှိ ရိုးမဘဏ်မှ ရန်ကုန်သို့လွှဲပြောင်းခဲ့ရသည့်အပြင် မှတ်ပုံတင်ကိုပါ ပေးထားခဲ့ရကြောင်း အိမ်ရှိမီး ခံသေတ္တာအတွင်းမှ စိန်နှင့် ရွှေများအကုန်လုံးကို SURE ကား ဖြင့်ခိုးထုတ်ယူခဲ့ရန် အကြပ်ကိုင် ခြိမ်းခြောက်လာသဖြင့် ဖွင့်ပြောမှ အလုံးစုံသိခဲ့ရပြီး ရဲစခန်းသို့တိုင် ကြားခဲ့ရကြောင်း တရားလိုနှင့်နီးစပ် သူကပြော သည်။ တရားလိုနှင့် တရားခံဟုယူ ဆရသူ အမျိုးသမီးတို့သည် ၂ဝ၁ဝ မတ်လတွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ဇူလိုင်လတွင် တရားခံဟုယူ ဆရသူ အမျိုးသမီးသည် ပြည်မြို့သို့ ရောက်ရှိလာကာ အိမ်ငှားနေထိုင် ပြီးနောက် အဆိုပါ အိမ်၌တရားလို အားစိတ်ကိုမေ့မြောစေသော ပီကေ ကျွေးကာ အဝတ် များချွတ်၍ဓါတ်ပုံ ရိုက်ယူခဲ့သည်။ထို့နောက် ဓာတ်ပုံကို အင်တာနက်တင် မည်ဟုခြိမ်းခြောက် ကာငွေညှစ်ခဲ့သည်ဟု တရားလိုနှင့် နီးစပ်သူကပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ အဆိုပါအမှုဖြစ်စဉ်နှင့်ပတ် သက်၍ ”ဒါက မကောင်းတဲ့လုပ်ရပ် တစ်ခုပဲ။ ပိုဆိုးတာက ဓာတ်ပုံပြပြီး ငွေခြိမ်းခြောက်တာ ဆိုတော့ တော်တော်အောက်တန်း ကျတယ် မိန်းကလေးတစ်ယောက် ဘဝလမ်း ဆုံးသွားနိုင်တဲ့ အမှုတစ်ခုဖြစ်တဲ့ အတွက်နောက်လူတွေ ဆက်မ လုပ်နိုင်အောင် ထိရောက်တဲ့ ပြစ်ဒဏ်ချ မှတ်သင့်တယ်”ဟု ပြောသည်။
Myanmar Express

25 comments:
ဟာ..ဘာလို့ ကောင်မလေးပုံတင်ထားတာတုန်း..သူ့ ပုံမဟုတ်ဖူးမလား...ဟုတ်ရင်တော့ဖျက်ပေးလိုက်ပါဗျာ..နော်...
ကဲ ဘယ်လိုနေကြမလဲ........ဓါတ်ပုံထဲက ကောင်မလေးပုံကို ဘာလို့ သိသာအောင်တင်ထားပါလိမ့်နော်
အဲ .... ကျွန်တော်ကတော့ ဆန့်ကျင်ဘက်ပဲမြင်တတ်တယ်။ မှားရင်လည်းခွင့်လွှတ်ပေးပါခင်ဗျာ။ တရားလိုကောင်မလေးက ငွေအဲဒီလောက် အများကြီး ခိုးထုတ်ထားတာကို အဆိုပါ ကောင်မလေး မိဖများက မသိဘူးလားခင်ဗျာ။ အဲဒီလောက် ငွေတွေကိုရော သေချာမသိမ်းဘူးလား ခင်ဗျာ။ ကျွန်တော်တို့က တော့ နောက်ကွယ်မှာ ထူးဆန်းတဲ့ အမှု အသွားအလာ ရှိနေတယ် လို့ သံသယ၀င်မိပါတယ် ခင်ဗျာ။
ကျွန်တော့်ရဲ့ သံသယမှား/မှန်ကိုလည်း ထောက်ပြဝေဖန် သုံးသပ် ဆုံးမ နိုင်ပါတယ်ခင်ဗျာ။ သတ္တ၀ါအားလုံး ငြိမ်းအေးချမ်းသာ နိုင်ကြပါစေ...........
ဟုတ်တယ်နော်.....သာမန်မိသားစုတွေအတွက်က အဲဒီလောက် ပမာဏ ဟာ များပါတယ်။
မင်းတို့ကသတင်းရေးတာလား။
မင်းတို့ကပါ ၀ိုင်းပြီးတင်ပေးတာလား။
အပေါ်ကဘယ်သူ့ပုံလဲကွ
ဟေ့လူတွေ
ကောင်မလေးပုံ မြန်မြန်ဖယ်ကြပါဗျာ ...
မတော်ပါဘူး..
ဟေ့လူတွေ
ကောင်မလေးပုံ မြန်မြန်ဖယ်လိုက်ကြပါဗျာ..
ခင်ဗျားတိုလုပ်ပုံက မဟုတ်သေးပါဘူး
မတော်ပါဘူးဗျာ ..
ဟေ့လူတွေ
ကောင်မလေးပုံ မြန်မြန်ဖယ်လိုက်ကြပါဗျာ..
ခင်ဗျားတိုလုပ်ပုံက မဟုတ်သေးပါဘူး
မတော်ပါဘူးဗျာ ..
သတင်းတွေ့တိုင်းယုံရမလား.........သူများပုံတွေလျှောက်တင်ထားရင်ဘယ်လိုလုပ်မလဲ ကိုယ်မှမသိတဲ့ဟာကို.။မယုံဘူးကွာ။
နောက်ကွယ်မှာ လှည့်ကွက်ရှိနေမယ်လို့ ခန့်မှန်းရင် သဘောကျပါ့မလား။
နွားလောက် အသိတရား မရှိတဲ.ကောင်
နွားကမှ လူကိုကောင်းကျိုးပြုသေးတယ်
နွားလောက်မှအသိမရှိတဲ.ကောင် ကို ငါ အပြစ်မပြောပါဘူး
အသိမရှိတဲ.နွား က မေးတဲ.မေးခွန်းကို နွားမဟုတ်တဲ. ဒို.က ပြန်ဖြေလည်း အဲ.ဒီ ငနွားက နားလည်မှာမဟုတ်ဘူး
ဖြစ်ပျက်တာကတော. ပြည်မြို. မှာဆို တာ ဟုတ်ပါတယ် ...... ဒါပေမဲ. အခုတင်ထားတဲ. ကောင်မလေး မဟုတ်ပါဘူး ကောင်မလေး မိဘ များ က ရှက်လွန်းလို. ပိုက်ဆံ ပေးပြီး တစ်ခြားတစ်ယောက် ပုံ တင်ထားတာ ပါ
ယုံကြည်စေချင်ပါတယ် .........
ကောင်မလေး ပုံဆိုရင် မတင်ပါနဲ့ဗျာ...။
ကောင်မလေးက အင်တာနက်ပေါ်မှာ သူ့ပုံပါမှာ ကြောက်လို့ ငွေ-500 နီးပါး ပေးခဲ့ပြီးပြီ။ ဘာလို့ ခင်ဗျားတို့ကိုယ်တိုင်က သူ့ပုံကို လူအများ ဖတ်လို့ရတဲ့ သတင်းထဲ ဖော်ပြရတာလဲ။ ကာယကံရှင်ရဲ့ ပုံဆိုရင်တော့ ဖျတ်ပေးပါ။
အခြားပုံကို အစားထိုးတယ် ဆိုတော့ အစားထိုး ဖော်ပြထားတဲ့ ကောင်မလေးကို တော့ သိန်း 500 မပေးဘူးလား။ သနားပါတယ်။ သူ့မှာဖြင့် နေရင်းထိုင်ရင်း ကြော်ငြာခံနေရတယ်။
တရားလိုကောင်မလေးပုံဖြစ်မလားကွယ်။ သတင်းမှာစိတ်ကိုမေ့မြောစေတဲ့ပီကေကျွေးပြီးဓာတ်ပုံရိုက်ပါတယ်တဲ့။ ပုံမှာပါတဲ့ကောင်မလေးကရီတောင်ပြနေတာ။ ကာယကံရှင်မိန်းကလေးပုံမယဟုတ်လောက်ပါဘူး ...
ကြာတယ်ဗျာ မြန်မြန်ဖျက်ပေး ကောင်မလေးပုံနဲ့ မသင့်တော်ပါဘူးဗျာ
အွန်လိုင်းတွင် အချိန်ပို ဝင်ငွေရှာချင်သူများ အတွက့်
http://www.earnparttimejobs.com/index.php?id=4385512
thai girl's photo...don't worry d mo sout yuu myar
ကောင်မလေးပုံကိုဖျက်လိုက်ပါလား။ ကြည့်ရတာစိတ်မကောင်းလို့ပါ။ မိန်းကလေးတွေလည်း သတိထားကြပါနော်။ ဒီလို အကျင့်မကောင်းတဲ့ လူတွေ လောကကြီးမှာ အများကြီး ရှိတယ်လို့ထင်တယ်။
ကောင်မလေးပုံကိုဖျက်လိုက်ကြပါနော်။ လောကကြီးမှာ ဒီလို အကျင့်ယုတ်ပြီး မိုက်ရိုင်းတဲ့ လူမဟုတ်တဲ့ သူတွေ ရှိတာ စိတ်မကောင်း စရာဘဲ။
ကျေး ဇူး ပြု ပြီး မိန်း က လေး ပုံ ကို ဖယ် ရှား ပေး ပါ ရန် မေ တ္တာ ရပ် ခံ ပါ သည် လူ ကြီး မင်း တို့ သည် လည်း
ဓါတ် ပုံ ပါ မိန်း က လေး ၏ အ ရှက် နှင့် သိ က္ခာ ကို ကာ ကွယ် လို လိမ့် မည် ဟု ယုံ ကြည် ပါ သည်
ဟူးး ကြောက်ရင် ၂ခါ သေရတာပါလားး
ဘယ္သူမျပ ု မိမိအမှုပေါ့
ကာယကံရှင်၏ သဘောတူညီချက်မပါရှိဘဲ ဓာတ်ပုံသုံးစွဲခြင်းသည် လူကြီးလူကောင်းများရဲ့ လုပ်ရပ်မဟုတ်ပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်