Subscribe to our RSS Feed

ပြည်ပရောက် မြန်မာများ အမိမြေသို့ အဆင်ပြေလွယ်ကူစွာ ငွေလွှဲနိုင်ရန်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် အဖက်ဖက်မှ စီမံဆောင်ရွက်နေသလို ပြည်တွင်းရှိ ပြည်သူများသာမက ပြည်ပမှာ နေထိုင် အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာနိုင်ငံသား များအကျိုးစီးပွားအတွက်ပါ ဖြည့်ဆည်း ဆောင်ရွက် ပေးလျှက်ရှိပါတယ်။

ယခုလည်းပဲ ကျင်းပပြုလုပ်လျှက်ရှိသော အမျိုးသားလွှတ်တော်အစည်းအဝေး၌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းက ပြည်ပမှာ နေထိုင်လုပ်ကိုင်လျှက်ရှိကြသော မြန်မာပြည်သူ ပြည်သားများ မိမိမြန်မာနိုင်ငံသို့ ငွေပြန်ပို့ရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် မလေးရှားနိုင်ငံ၌ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီဘဏ်၊ ထိုင်းနိုင်ငံ၌ ကမ္ဘောဇဘဏ်၊ စင်္ကာပူ၌ သမ၀ါယမဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တို့ကို ပြည်ပငွေလွှဲ လုပ်ငန်း ဆောင်ရွက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ အဆိုပါ လုပ်ငန်းကို ဖေဖော်ဝါရီလနှင့် မတ်လအတွင်းမှာ စတင်ပြုလုပ်နိုင်ဖို့
သတ်မှတ်စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ငွေလွှဲပို့ရာတွင်လည်း အဆိုပါနေ့၌ ပေါက်သော နိုင်ငံခြားငွေပေါက်ဈေး အတိုင်း လွှဲပို့ငွေများကို ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဘဏ်များလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် ပြည်ပရောက်မြန်မာတွေ ကြုံတွေ့နေရတဲ့ ယခင်ငွေလွှဲရမှာ အလိမ်ခံရခြင်း၊ ဈေးနှိမ်ခံရခြင်း၊ စိတ်ချယုံကြည်ရမှု မရှိခြင်း စတဲ့ အခက်အခဲတွေကို ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ယခုလို ပြည်တွင်းရှိ ပြည်သူများသာမက ပြည်ပရောက် မြန်မာပြည်သူ ပြည်သားတွေရဲ့ အခက်အခဲ၊ လိုအပ်မှုတွေကို ဖြေရှင်းဆောင်ရွက်ပေးနေတာဟာ လက်ရှိအစိုးရအဖွဲ့ရဲ့ ပြည်သူပြည်သား တွေအပေါ် ထားတဲ့ စိတ်ရင်းစေတနာတွေ ဖြစ်ပါကြောင်း ရွှေမြန်မာမှ တင်ပြအပ်ပါတယ်။

http://goldenmyanmarnews.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း

Myanmar Express

4 comments:

ဒီပိုက်စံအပုံလိုက်ဓာတ်ပုံကို ရန်ကုန်မှာ ခဏခဏတွေ.ရပါတယ်။
ဦးတေဇ ရဲ့ပိုက်စံဆိုပြီး အားလုံးပြောကြတယ်။
တကယ်တော့ မက်ဆီကိုမှာ ဘိန်းရောင်းအဝယ်လုပ်သူတွေထံမှ ဖမ်းမိတဲ့ငွေတွေပါ။
အရှေ.က ဒေါ်လာမဟုတ်တဲ့ငွေတွေက မက်ဆီကိုပယ်ဆိုတွေပါ။
ဒီပိုက်စံအပုံက ဒေါ်လာ ၂ဝ၅သန်းတန်ပါတယ်။
(http://www.usnews.com/usnews/news/badguys/070322/jackpot_seizures_of_drugs_cash.htm)

(http://www.amazingdata.com/images/2e7db2828510_EEC7/shockingdrugmoneyMexico11.jpg)

ကျနော်သိရှိရတဲ့သတင်းအရတော့...ဒီငွေအစုအပုံဟာမက္ကဆီကိုကဖမ်းမိ
တဲ့ငွေ..မဟုတ်ပါ။Golden Triangle မှာရှိသော Casino Hotel တစ်ခု၏ငွေတိုက်ခန်းထဲမှငွေများသာဖြစ်ကြောင်းပါ။ရှေ့ကငွေအပုံ
ကလဲမက္ကဆီကိုပီဆိုငွေမဟုတ်ပါ၊မော်စီတုံးပုံခပ်နှိပ်ထားတဲ့တရုတ်ပိုက်ဆံ
ယွမ်ငွေများသာဖြစ်ကြောင်းပါဗျာ။မူးယစ်ရာဇာတွေနွှဲလေ့ရှိတဲ့ဟိုတယ်တစ်ခု
ပါဘဲ။အဲဒီဟိုတယ်ကကာစီနိုဝိုင်းမှာဝင်ရောက်လုပ်ကိုင်နေကြတဲ့ရှမ်းမ
လေးများ၊လားဟူနဲ့အခါတိုင်းရင်းသူအပျိုချောလေးများထံမှသိရှိရကြောင်းပါ။တွေ့တယ်...မြင်ပြီမဟုတ်လား...မြန်မာတွေရဲ့ကောလဟလ..
သူတစ်ပါးကိုသွားပုတ်လေလွင့်ပြောဖို့ဆိုဖို့...။

ပြန်တော့မှာ ခုမှ လုပ်ပေးတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်