Subscribe to our RSS Feed

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းများ လုပ်ဆောင်သွားမည်


From : ခေတ်လူငယ်

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ထုတ်ပေးခြင်းလုပ်ငန်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက စီမံချက်အဆင့်-၂ အဖြစ် သတ်မှတ်ကာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံချက်ကို မိုးပွင့်အဆင့်-၂ စီမံချက်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ပြီး ယခင် မိုးပွင့်အဆင့်-၁ စီမံချက်ကဲ့သို့ ဖြေလျှော့နည်းလမ်းများနှင့် သတ်မှတ်နှုန်းထားများအတိုင်း အများပြည်သူတို့ အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဓာတ်ပုံရိုက်ခ၊ မိတ္တူကူးခ၊ သွေးစစ်ခများကိုလည်း ဈေးနှုန်းကြီးမြင့်မှု မရှိစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းများမှ ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်သည်။ ယခင် မိုးပွင့်အဆင့်-၁ စီမံချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၅၉၅၃ ကတ်ထုတ်ပေးခဲ့ပြီး ယခု မိုးပွင့်အဆင့်-၂ စီမံချက်တွင် ဝန်ထမ်းများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌လည်း အင်တိုက်အားတိုက် အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်