From : ကရင်ပြည်နယ်သားတစ်ဦး
ဘားအံ ဖေဖော်ဝါရီ ၂ ကရင်ပြည်နယ် ဦးကရေခီးကျေးရွာမှာဇန်န၀ါရီလ(၃၁)ရက်နေ့ကကျင်းပခဲ့တဲ့(၆၃)နှစ်မြောက် ကရင် တော်လှန်ရေးအခမ်းအနားမှာ KNUခေါင်းဆောင်ကြီး စောတာမလာဘောရဲ့ မိန့်ခွန်းကို ကျွန်တော်တို့
နားထောင်လိုက်ရပါတယ်။ အဲဓိကကတော့ ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့မူ(၄)ချက် လက်ကိုင်ထားရမယ်-ဆိုတဲ့သဘောထားတွေအများကြီးတွေ့ရပါတယ်။ ပြီးတော့လဲ အစိုးရနဲ့ ဆွေးနွေးပွဲ ဟာခိုင်မာမှု မရှိသေးကြောင်း၊ မပြေလည်ရင် လက်နက်ဆက်ကိုင်ပြီးတိုက်ပွဲဝင်ရမယ်ဆိုတဲ့အကြောင်းတွေ ပြောဆိုသွားပါတယ်။ ဒီလိုမျိုးပြောဆိုသံ ကြားရတော့ ကရင်တိုင်းရင်းသားတစ်ဦးအနေနဲ့ တော်တော်လေးပဲ စိတ်မချမ်းမသာ ဖြစ်ခဲ့မိပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမသဘော တူညီချက် (၅)ချက် လက်မှတ်ရေးထိုးပြီးဖြစ်။ နှစ်ဖက်နားလည်မှုတည်ဆောက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားရန်နိုင်ငံတော်သမ္မတညွှန်ကြား……ဆိုတဲ့နိုင်ငံတော်အစိုးရရဲ့ တရားဝင်ကြေညာချက်ကို ကြားသိရတဲ့အတွက် ကျွန်တော်တို့ကရင်ပြည်နယ်အတွင်းမှာ အကောင်းဆုံးအခြေအနေတွေဖြစ်ပေါ်လာ တော့မည်ဆိုပြီး အားလုံးက ၀မ်းသာပျော်ရွှင်နေကြပါတယ်။ KNUဘက်က ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကိုယ်တိုင် သဘောတူ လက်မှတ်ရေးထိုးတာဖြစ်တဲ့အတွက် အခြေအနေဟာ ရာခိုင်နှုန်းပြည့် ကောင်းနေပြီလို့ မှတ်ယူလို့ ရပါတယ်။
ဒါပေမဲ့ KNUဥက္ကဋ္ဌစောတာမလာဘောရဲ့(၆၃)နှစ်မြောက် ကရင်တော်လှန်ရေးနေ့မိန့်ခွန်းနားထောင် ပြီး ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေအတွက် သံသယ၀င်ခဲ့မိပါတယ်။ စိတ်မကောင်းခြင်းလည်းဖြစ်မိ ပါတယ်။ကျွန်တော်တို့တစ်သက်၊ နောင်မျိုးဆက်သစ်တစ်သက် ကရင်ပြည်နယ်မှာ သေနတ်သံတွေ တိတ်မှ တိတ်ပါတော့မလား၊ ကျွန်တော်တို့လူမျိုးတွေ ဒီမိုကရေစီရဲ့အရသာ(လွတ်လပ်ခြင်း၊တရားမျှတခြင်း)ကို ဘယ်တော့များမှစံစားရပါ့မလဲဆိုတဲ့ အတွေးအမြင်တွေဖြစ်ပေါ်လာပါတယ်။
ကျွန်တော်တို့ကရင်ပြည်နယ်ကြီးတစ်ခုလုံး စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ နေထိုင်ခွင့်ရအောင် လုပ် ပေးစေချင်ပါတယ် ဥက္ကဋ္ဌကြီးစောတာမလာဘောခင်မျာ။ KNUခေါင်းဆောင်ပိုင်းနဲ့ လူတစ်စုကကြီးပွားချမ်း သာပြီး ကရင်လူထုအများက စားရမဲ့သောက်ရမဲ့ ချို့ချို့တဲ့တဲ့နေထိုင်နေရတာဟာ အဓိကစစ်ပွဲတွေကြောင့် ဖြစ်ပါတယ်။ စစ်ပွဲတွေရှိမနေဖို့ဆိုတာ တစ်ဦးနဲ့တစ်ဦး တစ်ဖက်နဲ့တစ်ဖက် သံသယကင်းရှင်းဖို့လိုပါတယ်။ အစိုးရဖက်က ကမ္ဘာသိကြေညာပြီး ငြိမ်းချမ်းရေးလုပ်ဆောင်နေချိန်မှာ ကျွန်တော်တို့ကရင်ပြည်နယ်မှာလဲ ငြိမ်းချမ်းချင်ပါတယ်။ကရင်ပြည်နယ်ကိုလဲ တိုးတက်လာစေချင်ပါတယ်။
ဒီကနေ့အုပ်ချုပ်နေတဲ့ အစိုးရကို KNUအနေနဲ့ သံသယမ၀င်သင့်တော့ဘူးလို့ ထင်ပါတယ်။ ပြည်သူ့ ဆန္ဒ၊ ပြည်သူသဘောကျ လုပ်ဆောင်နေပါတယ်။ ကချင်ပြည်နယ်မှာ သိန်းပေါင်းများစွာအကုန်ကျခံပြီး တည် ဆောက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားလိုက်တာ တစ်ခုထဲနဲ့ ဒီအစိုးရကို ကျွန်တော်တို့ယုံကြည်လို့ ရပါတယ်။ နှစ်ပေါင်းများစွာ ရန်သူလိုဆက်ဆံနေတဲ့ အနောက်နိုင်ငံတွေ ကိုယ်နှိုက်က ဒီအစိုးရရဲ့ လုပ်ဆောင် ချက်ကိုအသိအမှတ်ပြုပြီး စီးပွားရေးပိတ်ဆို့မှုတွေ ရပ်ဆိုင်းလိုက်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်လာတာ တွေဟာ နိုင်ငံတော်အတွက် အကောင်းတွေ ဖြစ်ပါတယ်။
နိုင်ငံတော်မှာ အကောင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အချိန်မှာ ကျွန်တော်တို့ကရင်ပြည်နယ်မှာလဲ အကောင်းတွေဖြစ်ပေါ်အောင် ကရင်အမျိုးသားအစည်းအရုံး(KNU) အနေနဲ့လုပ်ဆောင်ပေးစေချင်ပါတယ်။ နှစ်ပေါင်း(၆၀)ကျော်လက်နက်စွဲကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့ကြီး၊ မြန်မာပြည်မှာသက်တမ်းအရှည်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးဆိုတဲ့ ဂုဏ်ထူးဝိသေသတွေဟာ ကရင်လူမျိုးတွေကို လုံးဝ(လုံးဝ) အကျိုးမပြုတော့ ပါဘူး။
စောဘဦးကြီးရဲ့မူ(၄)ချက်ဆိုတာ ၁၉၄၉ခုနှစ်ကပြောခဲ့တဲ့စကားတွေပါ။ ဒီကနေ့၂၀၁၂ခုနှစ် နဲ့ ပြောရမယ်ဆိုရင် ခေတ်နောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ်အယူအဆဖြစ်ပါတယ်။ဒါကြီးကိုလက်ကိုင် ထားပြီးပြောပြောနေလို့ ကျွန်တော်တို့ကရင်လူမျိုးစုအားလုံးက သဘောကျနေတယ်လို့ မထင်လိုက်ပါနဲ့။
လက်နက်စွဲကိုင်တဲ့လုပ်ရပ်ဟာ စစ်အစိုးရအုပ်ချုပ်နေတဲ့အချိန်မှာ အကြောင်းပြလို့ကောင်းပေမဲ့ အခုလက်ရှိအစိုးရဟာ ဒီမိုကရေစီအစိုးရဖြစ်ပါတယ်။ မည်သူမဆို ပြည်သူ့ကိုယ်စားလှယ်အဖြစ်ဝင်ရောက် အရွေးခံနိုင်တဲ့ ဒီမိုကရေစီခေတ်ရောက်နေပါပြီ။ ဒီကနေ့ KNUခေါင်းဆောင်ပိုင်းတွေအနေနဲ့လဲ ကရင်လူထု အကျိုးတကယ်သယ်ပိုးချင်တယ်ဆိုရင် တရားဝင်ပါတီထောင်ပြီး ကိုယ်စားလှယ်အဖြစ်ဝင်အရွေးခံနိုင်ပါပြီ။ လက်နက်ကိုင်စွဲနေမယ်ဆိုရင် ကျွန်တော်တို့ ကရင်ပြည်နယ်၊ ကရင်လူမျိုးတွေ အခြားတိုင်းရင်းသားတွေ ထက် ညံ့ဖျင်းနေပါလိမ့်မယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပဏာမသဘောတူညီချက် ချက်ကိုလူသိ ရှင်ကြားလက်မှတ်ရေးထိုးပြီးကာမှ (၆၃)နှစ်မြောက် ကရင်တော်လှန်ရေးနေ့မှာ KNUဥက္ကဋ္ဌကြီး စောတာမလာဘောရဲ့ ကရင်လူမျိုးများ၏ ဘ၀တိုးတက်ရေးကိုအလေးမထားဘဲ ခေတ်နောက်ပြန်ဆွဲ နေတဲ့အတွေးအခေါ်ကနေပေါ်ထွက်လာတဲ့စကားများကြောင့် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်မှာကို ကျွန်တော်တို့ ကရင်လူထုကြီးတစ်ရပ်လုံးက အလွန်ပဲစိုးရိမ်ကြောင့်ကြ နေကြ ပါတယ်။
Myanmar Express

3 comments:
ကရင်လူမျိုးတွေဟာ ချစ်စရာ ကောင်းပြီး သဘေ မနော ပြည့်ဝတဲ့
တိုင်းရင်းသား လူမျိုးတွေ ဖြစ်ပါတယ်။ဒါပေမဲ့လည်း ၀ါဒစွဲကြီးလွန်းတယ်။
ကိုယ်ပိုင် စဉ်းစားတွေးခေါ်နိုင်မှုအားနည်းတယ်။ သူများပြောတာ နားယောင် လွန်းတယ်။အဲ့အတွက် အမြဲတမ်း မျိုးချစ်စိတ် ရှေ့ တန်း တင်တာ တစ်လွဲ ဖြစ်ပြီး ပြည်တွင်းစစ် အမြဲဖြစ်နေရတယ်။ ကရင်တွေ ကချင် ကို အတုယူသင့်တယ်။ ကရင် ခေါင်းဆောင်တွေ ခုချိန်ခါဟာ
ကရင်ပြည်နယ် တစ်ခုလုးံ အခွင့်ရေးတစ်ရပ် ဖြစ်တဲ့ အတွက် ခေတ်
နောက်ပြန်ဆွဲမနေပါနဲ့ ရှေ့ ကိုတက်ပါ။
Pls consider about peace, and stability at Kayin State
စောသာဖောင် ---
သောက်ရူး တာမလာဘော။ စာမတတ် ပေမတတ် ငကန်း။ ကရင်ပြည်နယ် ကောင်းစားရေး၊ ကရင်လူမျိုး ကောင်းစားရေး လာလုပ်မနေနဲ့ ။ သောက်ရူး တာမလာဘောမှာ ဘာပညာ အရည်အချင်း ရှိလို့ လဲ။ ဒင်းတို့ ကြောင့် ကရင်လူထုတွေ ပေးဆပ် ရတာ များပြီ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်