ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့ရှိ သြစတေးလျသံရုံး ဒုတိယတာဝန်ခံ Ms. Ruth Stewart သည် ဖေဖော် ၀ါရီလ ( ၉ ) ရက်နေ့ ညနေပိုင်း (၄) နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့ရှိ သြစတေးလျသံရုံး ဒုတိယတာဝန်ခံ Ms. Ruth Stewart မှ လာရောက်တွေ့ဆုံစဉ်

ယင်းသို့တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒလမ်းစဉ်များ၊ မြန်မာနိုင်ငံ၌ နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှု အခြေအနေများ၊ နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်နေ မှုများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင်ဒေသအကျိုး၊ လူထုအကျိုး လက်တွေ့ဆောင်ရွက်နိုင်သူများအား စိစစ်ရွေးချယ်မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပါသည်။
၎င်းနောက် သြစတေးလျသံရုံး ဒုတိယတာဝန်ခံ Ms. Ruth Stewart က သိလိုသည်များကို မေးမြန်ရာ ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး က အသေးစိတ် ရှင်းလင်းပြောကြားကြောင်း သိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်