Subscribe to our RSS Feed

အာရှလမ်းမကြီးသုံးခု မန္တလေးတိုင်းအတွင်း ဖြတ်သန်းမည်ဟုဆို


From : ခေတ်လူငယ်

မန္တလေးတိုင်းဒေသကြီး အတွင်းကို အာရှလမ်းမကြီး သုံးခု ဖြတ်သန်းသွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ယနေ့ပြုလုပ်တဲ့ လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ထည့်သွင်း ပြောကြားပါတယ်။ ၂၀၁၅ ခုနှစ်မှာ စတင်ကျင့်သုံးရမယ့် Asian Free Trade Area အတွက် အသုံးပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေးတိုင်းဒေသကြီးကို ဖြတ်သန်းသွားမယ့် အာရှလမ်းမကြီး သုံးခုကတော့ (၁) ၁၆၆၅ ကီလိုမီတာရှည်တဲ့ မြဝတီ၊ ဘားအံ၊ သထုံ၊ ဘုရားကြီး၊ မန္တလေး၊ ညောင်ဦး၊ ပုလဲ၊ ဂန့်ဂေါ၊ ကလေး၊ တမူးလမ်း၊ (၂) ၈၀၇ ကီလိုမီတာရှည်တဲ့ တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ မိတ္ထီလာနဲ့ အာရှလမ်းမကြီး ၁ အတိုင်း တမူးလမ်း၊ (၃) ၄၃၅ ကီလိုမီတာရှည်တဲ့ မန္တလေး၊ မူဆယ်လမ်း တို့ဖြစ်ပါတယ်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ မြန်မာ လေးနိုင်ငံကို ဆက်သွယ်ပေးမယ့် အာရှလမ်းမကြီးတွေဟာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ စုဆုံမှာ ဖြစ်တယ်။ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ ယာဉ်ရပ်နားကွင်း၊ ကွန်တိန်နာရပ်စခန်းတစ်ခု၊ မန္တလေးတိုင်းအတွင်းမှာ နေရာရွေးချယ်ပြီး အချိန်မီ တည်ဆောက်ပေးဖို့၊ ဖြတ်သန်းသွားမယ့် အာရှလမ်းမကြီးတစ်လျှောက် စံချိန်စံညွှန်းမီလမ်းတွေ၊ လမ်းအမှတ်အသားတွေ၊ နားနေဆောင်တွေ၊ Service ပေးဖို့ နေရာတွေ ကြိုတင်စီစဉ်ပေးဖို့ လိုအပ်တယ်လို့ ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်