Subscribe to our RSS Feed

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ အရေအတွက် များလာ

From : မြဝတီ

မြန်မာ လုပ်သားများ အနေဖြင့် ယူအေအီး နိုင်ငံ၊ စင်ကာပူ နိုင်ငံနှင့် မလေးရှား နိုင်ငံတို့သို့ အလုပ် သွားရောက် လုပ်ကိုင်မှု အများဆုံး ဖြစ်သည်။ မြန်မာလုပ်သား အမျိုးသမီး အများစုမှာ ယူအေအီး နိုင်ငံရှိ စူပါမားကတ် များတွင် အရောင်းစာရေး အနေဖြင့် သွားရောက် လုပ်ကိုင်ကြကြောင်း၊ အမျိုးသားများ အနေဖြင့် Trolly Boy များ၊ စင်ကာပူ နိုင်ငံရှိ သင်္ဘောကျင်း လုပ်ငန်းများ၊ မလေးရှား နိုင်ငံရှိ စက်ရုံများတွင် အလုပ် လုပ်ကိုင်မှု များကြောင်း သိရသည်။ ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင် လိုသူများ အနေဖြင့် ပျမ်းမျှ ဝန်ဆောင်ခ ယူအေအီး နိုင်ငံ၌ ငွေကျပ် ရှစ်သိန်းဝန်းကျင်၊ မလေးရှား၌ ငွေကျပ် ခုနစ်သိန်း ဝန်းကျင်နှင့် စင်ကာပူ၌ ငွေကျပ် ၁၇ သိန်း ဝန်းကျင်ခန့် အေဂျင်စီ များသို့ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။



 www.MyanmarExpress.net
 

1 comments:

သွားကြရမှာပေါ့ကွာပြည်တွင်းမှာလုပ်စားလို့မှမရတာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်