Subscribe to our RSS Feed

တပ်မတော် ဆေးတက္ကသိုလ် အမှတ်စဉ် (၁၄) ဗိုလ်လောင်း သင်တန်းကျောင်းဆင်းပွဲ အခမ်း အနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

From : မြဝတီ



ရဲဘော်တို့
ဒီကနေ့ တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲ အခမ်း အနားမှာ ရဲဘော်တို့ကို  နိုင်ငံတော်နဲ့ တပ်မတော်က အားထားရတဲ့  တပ်မတော် ဆေးဘက် ဆိုင်ရာ အရာရှိများ ဖြစ်စေရေး အတွက်သိသင့် သိထိုက်တာတွေကို အလေးအနက် မှာကြား လို တယ်။Comrades,

ရဲဘော်တို့
နိုင်ငံတော်ရဲ့ ကျန်းမာရေး ကဏ္ဍအတွက် ဆေးပညာရှင်တွေ မွေးထုတ် ပေးနေသည့် နည်းတူ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်နေတဲ့ မြန်မာ့ တပ်မတော် အတွက် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးဘက် ဆိုင်ရာ တပ်မတော် အရာရှိ ကောင်းများ မွေးထုတ် ပေးရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပ်မတော် ဆေးတက္ကသိုလ်ကို တည်ထောင် ဖွင့်လှစ် ပေးခဲ့တာ ဖြစ်တယ်။

ဒီရည်ရွယ် ချက်နဲ့အညီ ပြည်သူ့ သားကောင်း ရင်နှစ် သည်းချာ တွေဖြစ်တဲ့ ရဲဘော်တို့ကို တပ်မတော် ဆေးတက္ကသိုလ်မှာ နယ်ဘက် ဆေးတက္က သိုလ်များရဲ့ သင်ကြားပို့ချမှု များနဲ့ထပ်တူ ဆေးဘက် ဆိုင်ရာ ပညာရပ်များ၊ သွားကျန်း မာရေး ဆိုင်ရာ ပညာရပ်များကို အခြေခံ ကုထုံးများနဲ့ အခြေခံ ကျန်းမာရေး ကာကွယ် စောင့်ရှောက် မှုတွေ ကျွမ်းကျင် တတ်မြောက်အောင် စာတွေ့လက်တွေ့ သင်ကြား လေ့ကျင့်ပေးခဲ့ပြီး ဖြစ်တယ်။ ဒါ့အပြင် တပ်မတော် အရာရှိ တစ်ဦး ဖြစ်တာနဲ့ အညီ တပ်မတော် သားများ၊ အရာရှိငယ်များ သိသင့် တတ်သင့်တဲ့ စစ်ပညာ အခြေခံ များကိုလည်း တစ်ပါတည်း သင်ကြားပေး ပြီးဖြစ်တယ်။

ရဲဘော်တို့
သင်တန်းဆင်းပြီးရင် ရဲဘော်တို့ဟာ တာဝန်ကျရာ တပ်အသီးသီးမှာ တပ်မတော်သား တွေနဲ့ မိသားစုဝင် တွေရဲ့ ကျန်းမာရေး စောင့်ရှောက် ကာကွယ် ကုသမှု လုပ်ငန်းတွေကို ဆေးမှူး ဆရာဝန် များအဖြစ် လက်တွေ့ကျကျ အနီးကပ် တာဝန်ယူ ဆောင်ရွက်ပေး ရတော့မှာ ဖြစ်တယ်။

ရဲဘော်တို့ တတ်ကျွမ်းတဲ့ ဆေးပညာနဲ့ တပ်မတော် သားတွေ၊ မိသားစုဝင် တွေကို ကျန်းမာအောင် ရောဂါ ကုသပေးရုံ သာမက ကြံ့ခိုင် အောင်လည်း နည်းပေးလမ်းပြ ဆောင်ရွက် သွားကြရမယ်။

စစ်သည် မိသားစုများ အသက်ရှည် ကျန်းမာရေး အတွက် ကျန်းမာရေး အသိနဲ့ နေထိုင် စားသောက် တတ်အောင် ကျန်းမာရေး အသိပညာပေး လုပ်ငန်းတွေကို အစွမ်းကုန် ဆောင်ရွက် သွားကြ ရမှာ ဖြစ်တယ်။

တပ်ဌာနချုပ် တွေမှာသာမက ရှေ့တန်း စစ်ဆင်ရေး၊ လုံခြုံရေး တာဝန်ကျရာ တပ်စခန်း တွေမှာပါ ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိနဲ့ နေထိုင် တတ်အောင် ပညာပေးမှု တွေကို အလေးထား လုပ်ဆောင် ခြင်းဖြင့် ရောဂါ ဘယ ဖြစ်ပွားမှုတွေ၊ မလိုလား အပ်တဲ့ ဆုံးရှုံးမှု တွေကို ကြိုတင် ကာကွယ်နိုင်မှာ ဖြစ်တယ်။

ရဲဘော်တို့
ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့ ဆိုရိုး စကားနဲ့ အညီ လူသားတွေ အတွက် ကိုယ်စိတ်နှစ်ပါး ကျန်းမာဖို့ဟာ အရေးကြီးဆုံး ဖြစ်တယ်။

ကျန်းမာရေး ကာကွယ်ကုသ စောင့်ရှောက် မှုတွေ ဆောင်ရွက် နေကြတဲ့ ဆေးပညာရှင် တွေရဲ့ အခန်းကဏ္ဍ ဟာလည်း အရေးကြီးတယ်။

ဆေးပညာ ရပ်ဟာ ကျန်းမာရေး အဆင့် မြှင့်တင်ခြင်း၊ ရောဂါကြိုတင် ကာကွယ်ခြင်း၊ ရောဂါစစ်ဆေး ရှာဖွေခြင်း၊ ရောဂါ ကုသခြင်း၊ ကျန်းမာမှု ပြန်လည် ထူထောင်ခြင်း၊ သုတေသန ပြုခြင်း အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း အားလုံးနဲ့ သက်ဆိုင်တဲ့ အဖိုးမဖြတ် နိုင်တဲ့ ပညာရပ် ဖြစ်တယ်။

ဆရာဝန် တစ်ဦး အနေနဲ့ လူနာပြုစု စောင့်ရှောက်မှု အတွက် ထားရှိရမယ့် ကာယကံ၊ ဝစီကံ၊ မနောကံ အရည် အချင်းတွေ ဖြစ်တဲ့ အများအကျိုး သယ်ပိုးခြင်း၊ အားကိုးအားထား လောက်ခြင်း၊ ထူးချွန်ခြင်း၊ တာဝန် ကျေပွန်ခြင်း၊ ဂုဏ်သိက္ခာနှင့် အရည်အချင်း ရှိခြင်း၊ အခြား သူများကို လေးစား ခြင်း စတာတွေ ပြည့်စုံအောင် ကျင့်ကြံ ကြပြီး အဖိုးတန်လှတဲ့ ဆေးပညာနဲ့ စစ်သည်တွေ၊ မိသားစုတွေ၊ တိုင်းရင်းသား ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို စေတနာထား ဆောင်ရွက် ကြရမှာ ဖြစ်တယ်။

ရဲဘော်တို့
နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုး တက်စေရန် လူတိုင်း ကျန်းမာ ကြံ့ခိုင်ပြီး စွမ်းရည် မြင့်မားစွာ အလုပ်လုပ် နိုင်ဖို့လိုတယ်။

အသက်ရှည် ကျန်းမာ ကြံ့ခိုင်စွာ နေထိုင် နိုင်ရေး အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင် စားသောက်မှု စနစ်များကို နည်းပေးလမ်းပြ လုပ်ဆောင် သွားကြရမှာ ဖြစ်တယ်။

ကိုယ်၊ စိတ်နှစ်ပါး ကျန်းမာ ကြံ့ခိုင်ပြီး ဥာဏ်ရည် ဥာဏ်သွေးမြင့်မား နေမှ နိုင်ငံတော်ရဲ့ တာဝန်တွေကို ထိထိရောက်ရောက် ထမ်းဆောင်နိုင် မှာဖြစ်တယ်။

ကျန်းမာကြံ့ခိုင်ရေး အတွက် ခန္ဓာကိုယ် ကြီးထွား စေတဲ့ အစာအုပ်စု၊ အင်အားပြည့်ဝ စေတဲ့ အစာ အုပ်စုနဲ့ ရောဂါကာ ကွယ်စေတဲ့ အစာအုပ်စုများ သင့်တင့် မျှတစွာ ပါဝင်အောင် စားသောက် နေထိုင် သွားကြရမှာ ဖြစ်တယ်။

အချို့ နိုင်ငံတွေမှာ ကျန်းမာ ကြံ့ခိုင်ရေး အတွက်  ရှေးယခင် ကတည်းက စားသုံးလာခဲ့တဲ့ အဓိက အစား အစာကို ပြောင်းလဲ စားသုံးခဲ့ကြ တာတွေ့ကြရမှာ ဖြစ်တယ်။

ဒီကနေ့ အခြား နိုင်ငံများနဲ့ ယှဉ်လျင် တို့လူမျိုးတွေရဲ့ ခန္ဓာကိုယ်ဟာ ယခုထက် ပိုမိုကြီးထွား ကြံ့ခိုင်ဖို့ လိုတာ တွေ့ကြရမှာ ဖြစ်တယ်။ တို့နိုင်ငံမှာ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင် စေရန်နဲ့ ဥာဏ်ရည် ဥာဏ်သွေး မြင့်မား စေရေး အတွက် အာဟာရ ဖြစ်စေတဲ့ အစား အစာများ၊ ငါး၊ ဂျုံနဲ့ နို့ စတာ တွေကို ဖူလုံစွာ စားသုံးနိုင်ဖို့ ကြိုးစား ဆောင်ရွက် သွားကြရမှာ ဖြစ်တယ်။  

ရဲဘော်တို့
တပ်မတော်သား ဆေးပညာ ရှင်ကောင်း တစ်ယောက်ဖြစ်ဖို့ အတွက် ရဲဘော်တို့ဟာ အကျင့် စာရိတ္တ နှင့် ကိုယ်ကျင့်တရား ကောင်းရမယ်။

တပ်မတော် သားများ ဖြစ်တာနဲ့ အညီ  စစ်သည်တော် ကျင့်ဝတ် အပါး (၆ဝ)ကို စွဲမြဲစွာ စောင့်ထိန်း ကြပြီး စစ်ဘက်နယ်ဘက် ဥပဒေ စည်းမျဉ်း တွေကို တိကျစွာ လိုက်နာ ကြရမယ်။

ရဲဘော်တို့ဟာ ဆရာဝန် အရာရှိများ ဖြစ်ကြတဲ့ အတွက်လည်း ဆေးဘက် ဆိုင်ရာ ကျင့်ဝတ် သိက္ခာ တွေပါ လိုက်နာ စောင့်ထိန်း ကြရမယ်။

ဆေးပညာ ကျင့်ဝတ် ယေဘုယျ အခြေခံ မူဝါဒများဖြစ်တဲ့ လူနာ၏ ကောင်းကျိုး ဖြစ်ထွန်းခြင်း၊ လူနာ၌ နစ်နာမှု ဆိုးကျိုး မရှိခြင်း၊ လူနာအပေါ် တရား မျှတခြင်းနဲ့ လူနာ၌ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရှိခြင်းတို့ကို အခြေခံထားပြီး ''လူသား အားလုံးရဲ့ ကိုယ် ကျန်းမာရေး၊ စိတ်ချမ်းသာ ရေးကို မိမိအရေးကဲ့သို့ သဘောထားခြင်း၊ ဆေးပညာ သင်ကြား ပေးခဲ့သော ဆရာသမား များအား မိဘသဖွယ် ရိုသေ လေးစားခြင်း၊ လုပ်ဖော်ကိုင်ဘက် ဆေးပညာရှင် များကို ညီရင်းအစ်ကို မောင်နှမကဲ့သို့ လေးစားစွာ ဆက်ဆံခြင်း၊ သမားကောင်း တစ်ဦး၏ ကိုယ်ကျင့် တရားနှင့် မွန်မြတ်သည့် ဂုဏ်သိက္ခာ အစဉ်အလာကို ထိန်းသိမ်းခြင်း၊ ဂီလာန ပုဂ္ဂိုလ်များကို စေတနာ မေတ္တာ ရှေ့ထား၍ လူမျိုး ဘာသာ မခွဲခြားဘဲ စွမ်းစွမ်းတမံ စောင့်ရှောက်ခြင်း၊ ဂီလာန ပုဂ္ဂိုလ်များ၏ အတွင်းရေးကို မဖွင့်ဟခြင်း၊ ဘေးဥပါဒ် ဖြစ်စေမည့် ဆေးဝါး တိုက်ကျွေးမှုမှ ရှောင်ကြဉ်ခြင်း၊ တရားမဝင် ခွဲစိတ်ကုသခြင်းမှ အမြဲတစေ ရှောင်ကြဉ်ခြင်း၊ တတ်မြောက် ထားသည့် ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထား လေးစားစွာ ကာကွယ် စောင့်ရှောက်ခြင်း'' ဆိုတဲ့ ဆရာဝန်များရဲ့ ကတိသစ္စာ ကိုလည်း လိုက်နာ စောင့်ထိန်း ကြရမယ်။

ရဲဘော်တို့
ဒီကနေ့ ၂၁ ရာစုမှာ သိပ္ပံနဲ့ နည်းပညာတွေ အရှိန်အဟုန်နဲ့  တိုးတက် ဖြစ်ပေါ် လာတာကြောင့် ဆေးသိပ္ပံ ပညာ နယ်ပယ်မှာလည်း ရောဂါ ရှာဖွေတဲ့ ပစ္စည်း ကိရိယာတွေ၊ ကုသတဲ့ ကိရိယာတွေ၊ ဆေးဝါးတွေ၊ ကုထုံးတွေဟာ များစွာ တိုးတက် ပေါ်ထွန်း နေတယ်။

ဒီပစ္စည်း ကိရိယာ တွေကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြု တတ်အောင်၊ တိုးတက်တဲ့ ကုထုံး သစ်တွေ၊ ဆေးဝါးတွေနဲ့ ကုသ ပေးနိုင်အောင် လေ့လာသင်ယူ သွားကြရမှာ ဖြစ်တယ်။

ခေတ်မီ ဆေးကုသမှုမှာ အဏုမြူ ဆေးပညာအဖြစ် ရေဒီယို အိုင်ဆိုတုတ်များ အသုံးပြုပြီး ကင်ဆာ ရောဂါ ကုသခြင်း၊ အိုင်ဆိုတုတ် အသုံးပြုပြီး စကင်ရိုက်ခြင်း၊ ရေဒီယိုသရဖီ လို့ခေါ်တဲ့ ဓာတ်ရောင် ခြည်နဲ့ ကင်ဆာကုသခြင်း စတာတွေ ကို ထိရောက်စွာ အသုံးပြုနေကြပြီ ဖြစ်တယ်။

  ဒါကြောင့် တို့တပ်မတော် အနေနဲ့ အဏုမြူ နည်းပညာကို လူအများ သေစေမယ့် လက်နက်များ ဖန်တီး ထုတ်လုပ်ဖို့ မဟုတ်ဘဲ လူအများအတွက် အကျိုးရှိစေမယ့် ငြိမ်းချမ်းစွာ အသုံးပြုနိုင်တဲ့ ဆေးပညာ နယ်ပယ်၊ တက္ကသိုလ် ဓာတ်ခွဲခန်းများမှာ သုတေသန ပြုတဲ့ သိပံ္ပပညာ နယ်ပယ်၊ စွမ်းအင် ဆိုင်ရာ လျှပ်စစ် ဓာတ်အား ထုတ်ယူသုံးစွဲရေး နယ်ပယ်တွေမှာ အသုံးချနိုင်ဖို့ လိုအပ်တဲ့ လေ့လာ သင်ယူ မှုတွေ၊ စမ်းသပ်မှု တွေကိုလည်း နိုင်ငံတကာ စံနှုန်းများနဲ့ အညီ ဆောင်ရွက် သွားကြရ မှာ ဖြစ်တယ်။

ဒါကြောင့် ရဲဘော်တို့ကို တပ်မတော် ဆေးတက္ကသိုလ်က သင်ကြား ပေးလိုက်တဲ့ ဆေးပညာ ရပ်တွေ၊ လက်တွေ့ နယ်ပယ်မှာ ရရှိတဲ့ ကာကွယ် ကုသမှု အတွေ့ အကြုံတွေ၊ ခေတ်မီ ဆေးဝါးတွေ၊ ကုထုံးတွေ၊ ခေတ်မီ ကိရိယာတွေ နဲ့ ပေါင်းစပ်ပြီး ဆေးပညာဆိုင်ရာ ရလဒ်ကောင်းများ ပေါ်ထွန်း လာအောင် သုတေသနပြု အားထုတ်ကြိုးပမ်း ဆောင်ရွက် သွားကြဖို့လည်း တိုက်တွန်းမှာကြား လိုတယ်။

ရဲဘော်တို့
တပ်မတော်သား ဆရာဝန်တွေ ဖြစ်တဲ့ ရဲဘော်တို့ဟာ စစ်ဘက် ခေါင်းဆောင် ငယ်တွေလည်း ဖြစ်တယ်။
 ဒါကြောင့် မိမိကိုယ်ကို ခေါင်းဆောင်မှု အရည်အချင်းတွေနဲ့ ပြည့်စုံ နေအောင် တည်ဆောက် ကြဖို့ လိုတယ်။

မှန်ကန်တဲ့ ခေါင်းဆောင်မှု ပေးပြီး မိမိတပ်ဖွဲ့ဝင် များနဲ့အတူ ပေးအပ် လာတဲ့ ရည်မှန်းချက် တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင် နိုင်ကြရမယ်။
 မှန်ကန်တဲ့ ခေါင်းဆောင်မှု ဆိုတာ မိမိကိုယ်တိုင် ယုံကြည်ချက် ခိုင်မာပြီး လုပ်ရည် ကိုင်ရည်နှင့် လိုက်နာ စောင့်ထိန်း ရမှုများ ရှိရမှာဖြစ်သလို ကွပ်ကဲရတဲ့ တပ်ဖွဲ့ဝင် တွေကိုလည်း စိတ်ဓာတ် ကောင်းအောင်၊ စည်းကမ်း ကောင်းအောင်၊ သစ္စာရှိအောင်၊ စည်းလုံး ညီညွတ်မှု ရှိအောင် တည် ဆောက်ပြီး မိမိရဲ့ ဦးဆောင်မှု နောက်ကို စွမ်းရည် ပြည့်ဝစွာနဲ့ အတူတကွ လက်တွဲပါဝင် လာအောင် ဆောင်ရွက် နိုင်ခြင်းပဲ ဖြစ်တယ်။

ဒါ့အပြင် မိမိရဲ့ ဆေးဘက်ဆိုင်ရာ ပညာရပ်တွေကို ကျွမ်းကျင်မှု ရှိမှသာ လူနာများနဲ့ မိမိတပ်ဖွဲ့ဝင် များ၏ အားကိုး ယုံကြည်မှုကို ရရှိနိုင်မှာ ဖြစ်တယ်။

တပ်မတော် ဆေးတက္ကသိုလ်မှာ ရဲဘော်တို့ကို ဆေးပညာရပ် များအပြင် ခြေလျင် တပ်စုမှူး အဆင့်အထိ စစ်ပညာများကို သင်ကြား လေ့ကျင့် ပေးခဲ့ပြီး ဖြစ်တယ်။ 

အရာရှိများ အနေနဲ့ ခြေလျင် တပ်စုမှူး၊ တပ်ခွဲမှူး သင်တန်းများ ကစလို့ စစ်ဦးစီး တက္ကသိုလ် သင်တန်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းများ အထိ အဆင့်လိုက် ဆက်လက် တက်ရောက် သင်ယူကြရမှာ ဖြစ်တယ်။

ရဲဘော်တို့ အနေနဲ့ သင်ကြား ပေးထားတဲ့ စစ်ပညာတွေကို မမေ့ မပျောက်အောင် အမြဲလေ့ကျင့် နေကြရမှာ ဖြစ်သလို ခေတ်နဲ့အညီ ပြောင်းလဲ လာတဲ့ စစ်နည်းဗျူဟာ တွေကိုပါ အစဉ်လေ့လာ ဆည်းပူးပြီး လိုအပ်လာရင် မိမိတပ်ဖွဲ့ဝင် တွေကို ဦးဆောင် တိုက်ပွဲဝင် နိုင်အောင် လေ့ကျင့် ပြင်ဆင် သွားကြဖို့ မှာကြားလိုတယ်။

ရဲဘော်တို့
နိုင်ငံတော်ကို ဒီမိုကရေစီ စနစ်နဲ့အညီ ခေတ်မီ နိုင်ငံတော် အဖြစ် ဖော်ဆောင် နေချိန်မှာ တို့တပ်မတော် အနေနဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်အပြင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း တွေမှာပါ တတ်နိုင်တဲ့ ဘက်က ပါဝင် ဆောင်ရွက်လျက် ရှိတယ်။

ယနေ့ ကာလမှာ နိုင်ငံတော် အစိုးရရဲ့ ဦးဆောင်မှုနဲ့ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး၊  ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေး လုပ်ငန်းစဉ်များကို စီမံချက်ချမှတ် ဆောင်ရွက် လျက်ရှိတယ်။

ဆင်းရဲ နွမ်းပါးမှုနှုန်း လက်ရှိ ၂၆ ရာခိုင်နှုန်း ကနေ ၂ဝ၁၅ ခုနှစ်မှာ ၁၆ ရာခိုင်နှုန်းအထိ လျော့ကျ စေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိတယ်။
 ရဲဘော်တို့ဟာ တာဝန်ထမ်းဆောင်ရင်း ကျေးလက်ဒေသ အထိ ရောက်ရှိ ကြမယ့် သူများ ဖြစ်သည့် အတွက် မိမိတို့ သိရှိ ထားတဲ့ အသိပညာတွေကို ရောက်ရာဒေသ အသီးသီးမှာ မျှဝေ ခံစားစေပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ကျရေး လုပ်ငန်းစဉ်များမှာ ပါဝင်ကူညီ ဆောင်ရွက် သွားကြ ရမှာ ဖြစ်တယ်။

၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှု၊ ၂ဝ၁ဝ ပြည့်နှစ် ဂီရိမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့မှု၊ ၂ဝ၁၁ ခုနှစ် ရှမ်းပြည်နယ် အရှေ့ပိုင်း တာလေ မြေငလျင် လှုပ်ခတ်မှု၊ ပခုက္ကူ ခရိုင် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရေကြီး နစ်မြုပ်မှုနဲ့ ၂ဝ၁၂ ခုနှစ် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး တို့ရဲ့နေရာအချို့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒဏ် အပါအဝင် သဘာဝဘေး သင့်ရာဒေသ တွေမှာ ရဲဘော်တို့ ဆေးဝန်ထမ်း တပ်ဖွဲ့ အပါအဝင် တပ်မတော်သား များက ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံများနဲ့ အတူ စွမ်းစွမ်းတမံ ပူးပေါင်း ကူညီ ဆောင်ရွက်ခဲ့တယ်။

အလားတူ ၂ဝ၁၂ ခုနှစ် အောက်တိုဘာ လနဲ့ နိုဝင်ဘာလ များမှာလည်း ကချင်ပြည်နယ် ပူတာအို ဒေသ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့  ရခိုင်ပြည်နယ် အချို့ဒေသတို့မှာ တပ်မတော် ဆေးဝန် ထမ်း တပ်ဖွဲ့ရဲ့ အခြေစိုက်နဲ့ နယ်လှည့် ဆေးကုသရေး အဖွဲ့တွေက ဒေသခံ တိုင်းရင်းသား ပြည်သူ တွေကို ဆေးအကာ အကွယ်ပေးရေးနဲ့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက် ပေးခဲ့တဲ့ အတွက် ပြည်သူများရဲ့ စိတ်ဓာတ်ရေးရာနဲ့ လူနေမှု ဘဝ မြင့်မားရေးကို များစွာ အထောက် အကူ ဖြစ်စေခဲ့တယ်။

တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူများရဲ့ အကျိုးစီးပွားကို ထာဝစဉ် သယ်ပိုးနေတဲ့ ပြည်သူ့ တပ်မတော် ဖြစ်တာနဲ့အညီ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို အားသွန် ကြိုးပမ်း ဆောင်ရွက်နေ သလို တည်ငြိမ် အေးချမ်းမှု ရလာတဲ့ ဝေးလံ ခေါင်ဖျား ဒေသတွေက တိုင်းရင်းသား ညီအစ်ကို မောင်နှမများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကစလို့ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေကို အားကြိုး မာန်တက် ဆောင်ရွက်ပေး လျက်ရှိတယ်။

ဒါဟာ တို့တပ်မတော်က တိုင်းရင်းသား ပြည်သူတွေ အပေါ်မှာ ထားရှိတဲ့ စိတ်ရင်း စေတနာ မှန်ကို ပြသနေခြင်း ဖြစ်တယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အလုပ်နဲ့ လက်တွေ့ပြ ဆောင်ရွက် နေခြင်း ဖြစ်တယ်။

ရဲဘော်တို့ အနေနဲ့လည်း တာဝန်ကျရာ ဒေသတွေမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဦးတည်တဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေ၊ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို စေတနာ အပြည့်နဲ့ တက်ကြွစွာ ပါဝင် ဆောင်ရွက် သွားကြဖို့ တိုက်တွန်း မှာကြားလိုတယ်။

ရဲဘော်တို့
နိဂုံးချုပ် အနေနဲ့ ပြောကြား ရရင်-
Comrades,
In conclusion, I would like to urge you all to
-          နိုင်ငံတော်နဲ့ တပ်မတော်က အားထားရတဲ့ ဆေးဘက် ပညာရှင်တွေ ဖြစ်အောင် ကြိုးစား သွားကြပါ။
-          strive to become medical professionals, who can be relied upon by the nation and by the Tatmadaw,
-          စစ်သည် မိသားစု များကို ကုသမှု သာမက ကျန်းမာရေးအသိ ပညာပေး လုပ်ငန်းများ အစွမ်းကုန် ဆောင်ရွက် သွားကြပါ။
-          make utmost efforts to provide health education for the Tatmadaw families apart from carrying out curative measures.
-          စစ်သည်တော် ကျင့်ဝတ်နဲ့ ဆရာဝန်များရဲ့ ပဋိညာဉ် ကျင့်ဝတ်များကိုပါ အလေးထား လိုက်နာ စောင့်ထိန်း သွားကြပါ။
-          adhere to codes of military conduct and the  Hippocratic Oath for medical professionals.
-          အဆင့်မြင့် ခေတ်မီ ဆေးပညာရပ် များကို စဉ်ဆက်မပြတ် လေ့လာ သင်ယူပြီး အစွမ်းထက် သည့် သမားတော်များ ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် သွားကြပါ။
-          do continuous learning to catch up with the modern advanced medical science so that you can become competent physicians and surgeons, and
-          နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များမှာ တက်ြကွစွာပါဝင် ဆောင်ရွက်ပြီး နိုင်ငံတော်နဲ့ တပ်မတော် အတွက် အလုပ် အကျွေးပြု သွားကြပါလို့ မှာကြားရင်း နိဂုံးချုပ် လိုက်တယ်။
-          take active role in the public health care provision and in the national development tasks in order to serve the nation and the Tatmadaw.
-          Thank You
 www.MyanmarExpress.net
 

1 comments:

ကချင် ဘက် က မြန် မာ စစ်သားစာခြောက် ၇ုပ်လေးများကိုေ၇ာ ကုသနည်းသင်ပေးလိုက်ပြိး ပြိလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်