Subscribe to our RSS Feed

အင်တာနက် မလိုဘဲ Ytalk Sofware ဖြင့် ဖုန်းဆက်သွယ်နိုင်

From : mrtv4


အင်တာနက် လိုင်းမလိုဘဲ တစ်ကမ္ဘာလုံးရှိ ဖုန်းများကို ဆက်သွယ် ပြောဆိုနိုင်တဲ့ Ytalk Software ကို စတင် သုံးစွဲခွင့်ပြု လိုက်ပြီ ဖြစ်တယ်လို့ ဒီဇင်ဘာလ
၁၉ ရက်နေ့က ရန်ကုန်မြို့ Myanmar Info-Tech မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Ytune Caller Ring Back Tone စနစ် စတင်သုံးစွဲ ပေးခြင်း အခမ်းအနားနဲ့ Ytalk Individual Service စတင် ဖွင့်လှစ်ခြင်း အခမ်းအနားမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အဆိုပါ Ytalk စနစ်ဟာ ယခင်က အင်တာနက်ဆိုင် တွေမှာသာ သုံးစွဲခွင့် ရှိပြီး ယခု ဒီဇင်ဘာလ မှစတင်ကာ အင်တာနက် မလိုဘဲ ပြည်တွင်းရှိ ကြိုးဖုန်း၊ Mobile Phone များမှာပါ Ytalk Account ဖွင့်ပြီး အသုံးပြု နိုင်တာ ဖြစ်ပါတယ်။ ဒီလို သုံးစွဲဖို့အတွက် ငွေဖြည့်မှု ကိုလည်း အလွယ်တကူ ဆောင်ရွက်လို့ ရပြီး ကုတ်နံပါတ်ကို မိုဘိုင်းဖုန်း အတွင်းသို့ တိုက်ရိုက် ထည့်သွင်း နိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ပခေါ်ဆိုတဲ့ ဈေးနှုန်းတွေ ကိုလည်း လျှော့ချ ထားတယ်လို့ သိရပါတယ်။ ဒီလို လျှော့ချရာ မှာတော့ စင်္ကာပူ ခေါ်ဆိုခ အတွက် တစ်မိနစ်ကို ၁၂ ကျပ်နဲ့ မလေးရှား အတွက် တစ်မိနစ်ကို ၂၅ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ အခုလို ၀န်ဆောင်မှု ပေးမယ့် Ytalk စနစ် အတွက်လည်း ဆားဗစ် ကောင်တာများကို ဖွင့်လှစ် ကာဝန် ဆောင်မှုပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


 www.MyanmarExpress.net
 

6 comments:

ပြည်တွင်း က တမိနစ် ၅၀ ကျပ်..
ပြည်ပက ပိုတောင် ခေါ်ဆိုခတွေ သက်သာနေပါလား
တခုခုတော့ မှားနေပီး ထင်တယ်


........................................

ပြည်တွင်းခေါ်ဆိုခတစ်မိနစ်၅၀ကျပ်ဆိုတာတောင်တကယ်ကအဲ့ဒီအတိုင်းအမှန်မဖြတ်ဘဲအမြဲတမ်းပိုဖြတ်ခံနေရတယ်ဆိုပြီးလူတိုင်းပြောနေကြပြီ
ကျပ်တစ်သောင်းတန်ငွေဖြည့်ကဒ်ထည့်လိုက်လည်းဘာမှဟုတ်တိပတ်တိမပြောလိုက်ရပဲခနလေးနဲ့ကုန်သွားရော ဆက်သွယ်ရေးကတော့တော်
တော်တရားလွန်နေပြီ

Internet အသုံးပြုခ ၂ိကျပ် ၄ိကျပ်အစား ၁၂ိကျပ် ၁၄ိကျပ်တွေ တင်တောင်းနေတာလေ မတရားငွေရှာပြီး မမြတ်လို ပုဂ္ဂလိကလွဲပြီးကောင်းမလား ဆိုးမလားတော့စောင့်ကြည်ရမှာပဲ ဒီထက်ဆိုးလာရင် ဆန္ဒထုတ်ဖော်ဖို့ လိုလာပြန်ပြီး အခုက တောရော မြို့ပါ ပြည်သူတွေအားလုံး ဖုန်းအသုံးလာတော့ ပြည်သူအားလုံးနဲ့ဆိုင်လာပြန်ပြီး ကိုယ့်လူတို့

Internet အသုံးပြူခအစား ၁၂ကျပ် ၁၄ကျပ်တောင်းနေတာ မတရားငွေရှာလဲ မမြတ်တောပုဂ္ဂလိကပေးတာ ကောင်းမလား ဆိုးမလားစောင့်ကြည်ရမယ် ကောင်းမလာရင်ဆန္ဒဖော်ထုတ်ရမှာပဲ ပြည်သူတွေအဆင့်အတန်းမြင့်ဖို့အတွက် ပြည်သူအားလုံးပါဝင်ဆောင်ရွက်ဖို့ကို မမေ့ကြဖို့လိုပါတယ်

international calling card လုပ် ထား တာ မ ဟုတ် လား
မြန် မာ ပြည် က လူ တွေ ကို ထူး ဆန်း အောင် ကြော် ငြာ
ပြ နေ တာ လား။ အရင် က စင်္ကာပူ က လူ တော် တော် များ
များ အ ဒီ လို ကဒ် တွေ နဲ့ ဘဲ မြန် မာပြည် က မိသား စု
တွေ ကို ဆက် သွယ် နေ ကြ ရ တာ
ဖုန်း နဲ့ ဒါရိုက် oversea ခေါ် ရင် ဈေး ကြီး လို့ y talk ကဒ် ကို
ဝယ် ပြီး တ ဆင့် ခံ ပြီး ခေါ် ခိုင်း တာ ပါ
ဘာ အ ထူး အဆန်း လုပ် ပြီး အင်တာ နက် မလို ဘူး လေး
ဘာ လေး နဲ့ နား လှည့် ပါး ရိုက် နေ တာ လား

နားမ လ ည်ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်