Subscribe to our RSS Feed

သံဃာတွေဆန္ဒပြမှု ပြုပြင် ပြောင်းလဲရေး ထိခိုက်နိုင်ဟု ပဓာနနာယက ဆရာတော် မိန့်

From : VOA



လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အင်အားသုံး
အကြမ်းဖက် ဖြို ခွင်းခံရတဲ့အပေါ်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက မတောင်းပန်တဲ့အတွက် မြ
န်မာနိုင်ငံအတွင်းက သံဃာတွေဟာ စီတန်းလှည့်လည် ဆန္ဒပြတာတွေကို ပြု လုပ်လာကြချိန်မှာ အခုလို သံဃာတော်တွေ စီတန်း လှည့်လည်တာဟာ ရန်ကို ရန်ခြင်း ပြန်တုံနှင်းတဲ့ သဘောရောက်နေတာကြောင့် အခုလို ဆန္ဒပြတာတွေ ဆက် မလုပ်ဖို့ မိန့် ကြား လာတဲ့ ဆရာတော်ကြီး တွေလည်း ရှိနေပါတယ်။အခုလို အာဏာပိုင်
တွေကို တောင်းပန်ဖို့ ပြောနေတဲ့ သံဃာတော်တွေရှိနေပြီး၊ ဆန္ဒထုတ်ဖော်
တာတွေ ဆက်မလုပ်ပဲ ရပ်တန့်ဖို့ ပြောလာတဲ့ သံဃာတော် တွေလည်း ရှိနေပါတယ်၊ ဒီအကြောင်း အပြည့်အစုံကိုတော် ဆက်သွယ်မေးမြန်း
ထားတဲ့ ရန်ကုန် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးမှာ ဖြစ်ပါတယ်။

မုံရွာမြို့ ဆားလင်းကြီး ခရိုင်အတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံ
ကိန်းတွေ ရပ်ဆိုင်းပေးဖို့ ဆိုပြီး တောင်းဆိုခဲ့တဲ့ သပိတ်စခန်းက သံဃာတော်တွေကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွင်းခဲ့တာနဲ့
ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်ပြီုး တောင်းပန်ဖို့ မြန်မာနိုင်ငံလုံး
ဆိုင်ရာ ရဟန်းအဖွဲ့ တွေက တောင်းဆိုပြီး ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေ
ကြတာပါ။

အခုလို တောင်းဆိုမှုတွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို ထိခိုက်လာနိုင်တယ် ဆိုပြီးတော့ ရန်ကိုရန်ခြင်းတုံ့နှင်းရာ ရောက်တယ်လို့ ဆရာတော်ကြီးတွေက ပြောဆိုလာခဲ့ပါတယ်။မန္တလေးမြို့ မြဝတီမင်းကြီး
ကျောင်းတိုက် ပဓာနနာယကဆရာတော် ဦးအရိယဝံသာဘိဝံသ သံဃာတော်တွေ ဆန္ဒပြမှုအပေါ် သူ့ရဲ့သဘောထားကို ခုလို မိန့်ပါတယ်။

“အဖဘုရား ဟောတာ ဆုံးမတာ ရှိတယ်လေ။ ငါ့ကိုဆဲရေးခဲ့တယ်။ ငါ့ကိုနှိပ်စက်ခဲ့တယ်။ ငါ့ကို ဒုက္ခပေးခဲ့တယ်။ ဒီလိုအတွေးတွေတွေးကြရင် ရန်ညိုးတွေဆိုတာ ဘယ်တော့မှ ပြေမှာမဟုတ်ဘူးတဲ့။”

အခုလို ဆန္ဒထုတ်ဖော်မှုတွေကို ခဏရပ်ဆိုင်းထားပြီး လက်ပံတောင်း
တောင် စုံစမ်းရေးကော်မရှင်ကတစုံတရာအဖြေထွက်ပေါ်လာမှသာ
တောင်းဆိုမှု တွေပြုလုပ်သွားသင့်တယ်လို့ ဆရာတော် ဦးအရိယဝံသာ
ဘိဝံသက မိန့်ပါသေးတယ်။

“ဒီဟာတွေက ဒေါ်စုပြောထားပြီးပြီပဲ၊ စုံစမ်းစစ်ဆေးရေးတွေ ဝင်နေတယ်။ နောက်ပြီးတော့ ဥပဒေကို နားမလည်ကြတာလို့ ဘုန်းကြီးကတော့ မြင်တာပဲ။”

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ် လက်ပံတောင်
ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဥက္ကဌ လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်း
စုကြည်ကလည်းဆန္ဒထုတ်ဖော် ပြသမှုတွေဟာ အကြောင်းအရင်း
ခိုင်မာဖို့ လိုပြီးတော့အဓိပ္ပါယ်ရှိဖို့ လိုတယ်လို့ လက်ပံတောင်းတောင်
အရေး နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထဲမှာ
ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာရှိပါတယ်။

“ပထမဆုံး အန်တီသိချင်တာကတော့ ဘာအတွက် ဆန္ဒပြနေတာလည်း
ဆိုတာသိချင်ပါတယ်။ အဲ့ဒီ့တော့ ဘာအတွက်ဆန္ဒပြနေတယ်ဆိုတာ သိလို့ရှိရင် ဆန္ဒပြသူတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒပြသူတွေရဲ့ သဘော
ထားတွေကို နားလည်လို့ရှိရင် ပိုပြီးတော့ အဆင်ပြေအောင် လုပ်နိုင်မှာပေါ့။ အဲ့တော့ အဲ့ဒီ့ဟာက ပိုပြီးတော့ အရေးကြီးပါတယ်။ နောက်ပြီးတော့ ကျမတို့အနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားမယ်၊ ဒါပေမဲ့လည်း နားလည်မှုနဲ့ အားလုံးအဆင်ပြေရေး
ကိုလည်း ကျမတို့ လုပ်သွားမှာပါ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာအရေး ဦးဆောင်ကော်မတီမှ ဆရာတော် ဥိးသောဘိတကတော့ သံဃာတွေ ဆန္ဒထုတ်ဖော်တာဟာ တာဝန်ယူ
တတ်တဲ့ အစိုးရတစ်ရပ်၊ လူကြီးလူကောင်းပီသတဲ့ အစိုးရ တစ်ရပ်လို အမှားကို ၀န်ခံဖို့ တောင်းဆိုတာဖြစ်တယ်လို့ မိန့်ကြားပါသေးတယ်။

“ဦးဇင်းတို့ပြောခဲ့ပြီးသားပါပဲ၊ အမှားလုပ်တဲ့သူတွေဟာ အမှားအတွက်
တောင်းပန်ရမယ့်ကိစ္စဖြစ်တယ်။ တောင်းပန်တယ်ဆိုတာ လူ့ယဉ်ကျေးမှုမှာ
အင်မတန်မှ အရေးပါတယ်ဆိုတာ ဦးဇင်းတို့ပြောခဲ့ပြီးပြီ။ဒီမိုကရေစီထွန်းကား
တဲ့နိုင်ငံတွေမှာ တောင်းပန်တဲ့ကိစ္စ အရေးကြီးတယ်။ နောက်တခုက အမှားတခုလုပ်ပြီးရင် ဝန်ချပြီး တာဝန်ယူရဲတဲ့ သတ္တိပေါ့ဗျာ။”

သူတို့ဆန္ဒပြနေရတာဟာ သံဃာထုအတွက် ဖြစ်တယ်ဆိုတာကို ဆန္ဒပြမှုတွေကို မထောက်ခံတဲ့ ဆရာတော်တွေ သိစေချင်တယ်လို့ မိန့်ပါတယ်။

“အခု လုပ်နေတာ တစ်ဦးတစ်ယောက်ကို ခံစားလို့လုပ်နေတာမဟုတ်ဘူး။ သံဃာထုတရပ်လုံးကို စော်ကားနေလို့ လုပ်နေတာ။ ဟုတ်ပြီ။ ဦးဇင်းတို့
နိုင်ငံကို တခြားနိုင်ငံတစ်ခုကနေပြီးတော့ အဲ့လို ရန်စကျူးကျော်မယ်ဆို
လို့ရှိရင် ဦးဇင်းတို့ရဲ့ပြည်နယ်တစ်ခုကို တခြားနိုင်ငံက သိမ်းပိုက်မယ်ဆို
လို့ရှိရင် အဲ့ဒီ့ဘုန်းကြီးတွေ အဲ့ဒီ့စကားပြောမလား၊ အဲ့ဒီ့လူတွေ အဲ့ဒီ့စကားပြောမလားဆိုတာ ဦးဇင်းတို့မေးခွန်းပြန်ထုတ်ချင်ပါတယ်။”

နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဦးဆောင်ပြီး လက်ပံတောင်းတောင်သပိတ်
စခန်းတွေမှာ ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို ပြန်လည်တောင်းပန်ဖို့
ဆိုပြီး မြန်မာနိုင်ငံအနှံ့အပြား က သံဃာတော်တွေ တောင်းဆိုနေကြ
တာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နိုင်ငံတော် သမ္မတ ကိုယ်တိုင်
တောင်းပန်ဖို့ တောင်းဆိုချက်တွေကို မြို့တချို့က သံဃာတော်တွေက စုဝေးပြီးမှာ ဆက်လက်တောင်းဆိုမှုတွေပြုလုပ်ခဲ့ ကြပါတယ်။

  www.MyanmarExpress.net

1 comments:

ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ

လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ

နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်

ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ

တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ

ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ

တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်

ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်

ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး

၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်

လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။

ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ

၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ

နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ

အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............

.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်