From : Kyaw Moe
Rambo 4 ဇာတ်ကားမှ ကျက်သရေမရှိသော မင်းဌေးဆိုသူ၏ သရုပ်ဆောင်ပုံ
ဗိုလ်မှူးမင်းဌေးဆိုသူမှာABSDF မြောက်ပိုင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံအဖြစ် နေရာယူထားသူ ဖြစ်သည်။ KIA၏ခိုင်းစေချက်ကြောင့် ကင်မရာတစ်လုံးဖြင့် ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများအား ရိုက်ယူပြီး တရုတ်အင်တာနက် လိုင်းကို အသုံးပြုကာ သတင်းတင်ပြနေရသူလည်းဖြစ်သည်။ ဗိုလ်မှူးမင်းဌေးဆိုသူမှာ အခြားသူမဟုတ်ပေ။ Rambo-4 ရုပ်ရှင်ကားထဲမှ မြန်မာစစ်ဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့သူဖြစ်သည်။ သရုပ်ဆောင်ပါရမီ လုံးဝမရှိသော်လည်း ၄င်းဇာတ်ကားရိုက်ပြီးချိန်မှစတင်ပြီး
ကိုယ့်ကိုကိုယ် ဒါရိုက်တာ/ သရုပ်ဆောင်တစ်ယောက် အဖြစ်ခံယူခဲ့သူလည်း
ဖြစ်သည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီး လိုင်ဇာ
ဌာနချုပ်အနီးသို့ အစိုးရတပ်များ ရောက်ရှိလာချိန်တွင် KIA မှ
တရုတ်ကင်မရာတစ်လုံး ၀ယ်ပေးပြီး ၀ါဒဖြန့်ရန် ဗွီဒီယိုများ
ရိုက်ကူးခိုင်းရာမှ မျောက်အုံးသီးရသလို ဖြစ်ခဲ့သည်။
ဗိုလ်မှူးမင်းဌေးသည် ၄င်းကိုယ်ပိုင် Facebook အကောင့်မှ တိုက်ပွဲသတင်းများအား ဗွီဒီယိုဖြင့် အချိန်နှင့်အပြေးညီ တင်ပြနိုင်ခဲ့၍ သတင်းဌာနများ၏ စောင့်ကြည့်စာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော် ၄င်း၏ အူကြောင်ကြောင်နိုင်လှသော အမူအကျင့်များအား ကြာရှည်စွာ ဖုံးအုပ်နိုင်ခဲ့ခြင်းမရှိပေ။ ဇန်န၀ါရီလ ၇ ရက်နေ့တွင် ၄င်း၏ Facebook Wall ပေါ်တွင် တင်ထားသော တပတ်အတွင်း UN အဖွဲ့များ ရောက်လာမည်။ ကချင်ပြည်နယ်အား NO-Fly Zone အဖြစ်သတ်မှတ်ပေးမည်ဟု ရေးသားချက်အား တွေ့ရှိရသည်။ ဗိုလ်မှူးမင်းဌေး အနေဖြင့် မဖြစ်နိုင်သော အကြောင်းအရာများအား ၀ါဒဖြန့်သည့်အနေဖြင့် တင်ပြထား၍ ၄င်း၏ စိတ်နေစိတ်ထား မှန်ကန်မှုမရှိကြောင်း သိလိုက်ရသည်။
UN မှ သတ်မှတ်ပေးသော No-Fly Zone သတ်မှတ်ချက်မှာ ဒေသတစ်ခုအတွင်း Genocide ကဲ့သို့ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊
ဆူပူအကြမ်းဖက်မှုများကြောင့် ဒေသအာဏာပိုင် အစိုးရအနေဖြင့် ထိန်းသိမ်းရန်
မတတ်နိုင်သည့် အခြေအနေသို့ရောက်ရှိပြီး UN မှ ၀င်ရောက်ထိန်းသိမ်းပေးရန်
တင်ပြမှသာ လုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ပေးသည်။
ထိုသို့ဆုံးဖြတ်ရာတွင်လည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅
နိုင်ငံလုံး ထောက်ခံပေးမှသာ ဆုံးဖြတ်နိုင်သည်။ နိုင်ငံတစ်ခုခုမှ
ကန့်ကွက်ပါက No-Fly Zone အဖြစ်သတ်မှတ်ခွင့် မရရှိနိုင်ပါ။ ထို့အတူ UN
တပ်များ ဒေသတစ်ခုအတွင်း ၀င်ရောက်လိုပါက ၄င်းနိုင်ငံအစိုးရ၏
ခွင့်ပြုချက်ရရှိမှသာ ၀င်ရောက်ခွင့်ရှိသည်။ ၄င်းအချက်များအား ABSDF မှ
ဗိုလ်မှူးအဆင့်ဆိုသူက မသိခဲ့ခြင်းလား၊ ဗဟုသုတမရှိခဲ့ခြင်းလား၊
အကြောင်းရင်းအား သေချာမသိပဲ ၀ါဒဖြန့်ရပြီးရော ဆိုသလို လုပ်မယ်ဆိုရင်ဖြင့်
ဗိုလ်မှူးအဆင့်ဆိုတာနဲ့ မတန်ပါဘူး။ ဒါပေမယ့်လည်း ABSDF လိုအဖွဲ့မျိုးမှာက
ရာထူးဆိုတာ ကိုယ်လိုချင်တိုင်း၊ ကိုယ်စိတ်ရှိတိုင်း ရနိုင်တာမဟုတ်ပါလား။
ဒီတော့လည်း ယခုကဲ့သို့ အရှက်စွာမဲ့စွာယူထားသော ရာထူးနှင့်လိုက်အောင်
အခြေအမြစ်မရှိသော စကားများကို ပြောဆိုရဲတာလည်း ဖြစ်ပါသည်။
ကချင်ပြည်နယ်နှင့် ပတ်သတ်ပြီး လက်ရှိ အကြမ်းဖက်လူမဆန်သောလုပ်ရပ်များကို
KIA အဖွဲ့ကသာ ဆောင်ရွက်နေကြောင်း မြန်မာပြည်သူအားလုံးမှ သိရှိပြီး
ဖြစ်သည်။ UN အနေဖြင့် ကချင်အရေးကိစ္စအား လုံခြုံရေးကောင်စီတွင်
တင်ပြဆွေးနွေးသည့်အဆင့်သို့ မရောက်ရှိသေးပါ။ UN အတွင်ေးရးမှူးချုပ်
ဘန်ကီမွန်းမှ စိုးရိမ်မိသည် ဆိုသောအဆင့်သာရှိသည်။ အစိုးရအား
တရားဝင်ထုတ်ဖော်ပြောဆို တားမြစ်သည့် အဆင့်သို့လည်း မရောက်ရှိသေးပါ။
အစိုးရအနေဖြင့်လည်း KIA ဌာနချုပ် လိုင်ဇာအား တိုက်ခိုက်မည်ဆိုပါက အလွယ်တကူ
တိုက်ခိုက်နိုင်သည်။ UN အဖွဲ့များရောက်ရှိလာချိန်အထိ
စောင့်ဆိုင်းရန်မလိုပေ။ UN အနေဖြင့် No-Fly Zone သတ်မှတ်ရန်မူကား
အချိန်များစွာကြာပေအုံးမည်။ UN တပ်ဖွဲ့ဆိုသည်မှာလည်း အစိုးရ တပ်များကဲ့သို့
အမြဲအသင့် ဖွဲ့စည်းထားခြင်းမရှိပဲ လိုအပ်မှသာ သက်ဆိုင်ရာနိုင်ငံများအလိုက်
စုစည်း ခေါ်ဆောင်ရခြင်းဖြစ်သည်။ စုစည်းပြီးပါက
ဝင်ရောက်အကူအညီပေးရမည့်နိုင်ငံမှ
သက်ဆိုင်ရာအာဏာပိုင်များ ထံမှ ခွင့်ပြုချက်ရယူရမည်။ ဤအချက်များ
ပြည့်စုံမှသာ ၀င်ရောက် အကူအညီပေးနိုင်မည်ဖြစ်သည်။ ထိုသို့ ဖြစ်လာရန် အချိန်
တစ်နှစ်ခန့် ကြာပါသည်။
ထို့ကြောင့်အခြေအမြစ်မရှိသော ရူးကြောင်ကြောင် စကားများကို ငါ့စကားနွားရပြောဆိုတတ်သော မင်းဌေး၏ ပြောဆိုချက်များသည် အဆင့်အတန်းမရှိပဲ ၀ါဒဖြန့်ရုံသက်သက်သာဖြစ်ကြောင်း ၊
သူတောင်းစား ခွက်ပျောက်မှာ ကြောက်သလို၊ ဒါရိုက်တာရူး/မင်းသားရူး မင်းဌေး
ကင်မရာကိုင်ခွင့်ပျောက်မှာ စိုးရိမ်သဖြင့် ပြောဆိုခြင်းများဖြစ်ကြောင်း
တင်ပြလိုက်ရပါသည်။
www.MyanmarExpress.net
Rambo 4 ဇာတ်ကားမှ ကျက်သရေမရှိသော မင်းဌေးဆိုသူ၏ သရုပ်ဆောင်ပုံ
ဗိုလ်မှူးမင်းဌေးဆိုသူမှာABSDF မြောက်ပိုင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံအဖြစ် နေရာယူထားသူ ဖြစ်သည်။ KIA၏ခိုင်းစေချက်ကြောင့် ကင်မရာတစ်လုံးဖြင့် ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများအား ရိုက်ယူပြီး တရုတ်အင်တာနက် လိုင်းကို အသုံးပြုကာ သတင်းတင်ပြနေရသူလည်းဖြစ်သည်။ ဗိုလ်မှူးမင်းဌေးဆိုသူမှာ အခြားသူမဟုတ်ပေ။ Rambo-4 ရုပ်ရှင်ကားထဲမှ မြန်မာစစ်ဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့သူဖြစ်သည်။ သရုပ်ဆောင်ပါရမီ လုံးဝမရှိသော်လည်း ၄င်းဇာတ်ကားရိုက်ပြီးချိန်မှစတင
ဗိုလ်မှူးမင်းဌေးသည် ၄င်းကိုယ်ပိုင် Facebook အကောင့်မှ တိုက်ပွဲသတင်းများအား ဗွီဒီယိုဖြင့် အချိန်နှင့်အပြေးညီ တင်ပြနိုင်ခဲ့၍ သတင်းဌာနများ၏ စောင့်ကြည့်စာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော် ၄င်း၏ အူကြောင်ကြောင်နိုင်လှသော အမူအကျင့်များအား ကြာရှည်စွာ ဖုံးအုပ်နိုင်ခဲ့ခြင်းမရှိပေ။ ဇန်န၀ါရီလ ၇ ရက်နေ့တွင် ၄င်း၏ Facebook Wall ပေါ်တွင် တင်ထားသော တပတ်အတွင်း UN အဖွဲ့များ ရောက်လာမည်။ ကချင်ပြည်နယ်အား NO-Fly Zone အဖြစ်သတ်မှတ်ပေးမည်ဟု ရေးသားချက်အား တွေ့ရှိရသည်။ ဗိုလ်မှူးမင်းဌေး အနေဖြင့် မဖြစ်နိုင်သော အကြောင်းအရာများအား ၀ါဒဖြန့်သည့်အနေဖြင့် တင်ပြထား၍ ၄င်း၏ စိတ်နေစိတ်ထား မှန်ကန်မှုမရှိကြောင်း သိလိုက်ရသည်။
UN မှ သတ်မှတ်ပေးသော No-Fly Zone သတ်မှတ်ချက်မှာ ဒေသတစ်ခုအတွင်း Genocide ကဲ့သို့ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊
ကချင်ပြည်နယ်နှင့် ပတ်သတ်ပြီး လက်ရှိ အကြမ်းဖက်လူမဆန်သောလုပ်ရပ်များက
ထို့ကြောင့်အခြေအမြစ်မရှိသော ရူးကြောင်ကြောင် စကားများကို ငါ့စကားနွားရပြောဆိုတတ်သော မင်းဌေး၏ ပြောဆိုချက်များသည် အဆင့်အတန်းမရှိပဲ ၀ါဒဖြန့်ရုံသက်သက်သာဖြစ်ကြောင်း
Posted in: တိုက်ပွဲသတင်း



7 comments:
သူပုန်ဗိုလ်မှူးဆိုပိုမှန်ပါလိမ့်မယ်
ဗိုလ်မှူး မင်းဌေး က လည်း ကွာ ဒီလောက် ကေအိုင်အေ အလောင်းတွေပုံ နေ တာ ဘယ် လို လုပ် no FLY လုပ် လို့ ရမှာ လဲ။ အလောင်းတွေ ကိုမြေ မြှပ် ရေဆေး မှNO FLY ZONE ဖြစ်မှာပေါ့ ကွ။ အညှီ ရှိရာ ယင်အုံ မှာ ပေါ့ ။
ABSDFဗိုလ်မှူးမင်းဌေး ဆိုပီး ကချင်စစ်ပွဲနဲ့ပတ်သက်ပီးအာချောင်နေသူက...ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..ေ၇ာ်နယ်အောင်နိုင် လက်အောက်ကကောင်ပါ
ကချင်စစ်ပွဲ၌၀င်တိုက်နေသော ABSDF (မြောက်ပိုင်း)ခေါင်းဆောင် ဦးလှဆိုင် ဆိုသူမှာ...ကျောင်းသားခေါင်းဆောင်..ကိုထွန်းအောင်ကျော်၏ခေါင်းအား သစ်တုံးပေါ်တင်ခိုင်း၍ ကိုယ်တိုင် ရက်၇က်စက်စက် ဓါးမ နှင့် ခုတ်ဖြတ်ခဲ့သူ ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..လှဆိုင်း ဖြစ်ပါတယ်
အဲဒီအချက်တွေကို သတိပြုသင့်တယ်လို့ အကြံပြုပ၇စေ
Yes...we will more fly to bomb your heads of Evil terrorist group
(KIA+ABSDF).Now you all are near to go hell for your nemesis.
မင်းဌေးဆိုတဲ့အကောင်ရုပ်က..ဘယ်လိုကြည့်ကြည့်...ကျက်သရေမရှိတဲ့အ
မင်္ဂလာရုပ်ကြီး
Rambo 4 ကမြန်မာပြည်မှာဘယ်တော့မှရုံတင်ပြမှာလဲ
ရုံပြည့်ရုံလျှံအားပေးကြမှာတော့သေချာတယ်
right
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်