Subscribe to our RSS Feed

ရင်နင့်ဖွယ် စစ်မြေပြင်မှ ရေးသောစာများ

From : http://www.oppositeyes.info/2013/01/blog-post_1994.html


ဒီစာတွေကို စစ်သားတစ်ယောက် ရေးခဲ့ပါတယ်။ အတိအကျ ပြောရရင်တော့ ကချင်ပြည်နယ်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ စစ်သား တစ်ယောက်ရေးခဲ့တဲ့ ဒိုင်ယာရီက စာသားတွေပါပဲ။
 

သူ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ သူ စားစရာ မရှိတဲ့ဘ၀ကို ရင်ဆိုင်ခဲ့ရတယ်။ သူနာဖျားချိန်မှာ ဆေးတပ်ဖွဲ့က ပေးတဲ့ စားဆေးလောက်နဲ့ သူကျန်းမာအောင် နေခဲ့တယ်။ သူဟာ သူ့ရဲ့ မိန်းမနဲ့မိသားစုကို အရမ်း ကို သတိရခဲ့ပါတယ်။

သူ့ရဲ့ ဟင်းတစ်ခွက်က တောထဲက ပေါက်တဲ့ မျစ်ကို အချဉ်လုပ်ပြီး စားခဲ့ရတယ်။ နှင်းဒဏ်တွေနဲ့ ကချင်တောင်တန်းရဲ့ ချမ်းစီးတဲ့ ဒဏ်တွေကို သူခံခဲ့ရတယ်။ စိုရွဲနေတဲ့ နှင်းစိုဝတ်တွေကို မီးကင်ပြီး ကျောပိုးအိတ် တစ်လုံးမှာ ပါသမျှ အ၀တ်အထည်တွေနဲ့ သူတိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။
 

ပေ တစ်သောင်းကျော် တောင်ကုန်းကို သူတက်ခဲ့ရတယ်။ သူ ရသင့်တယ်လို့ ထင်ခဲ့တဲ့ ရိက္ခာတွေကို သူစား သုံး ခွင့် မရှိဘူး။ တာဝန်ပေး ခိုင်းစေချက်တွေကို သူမကျေနပ်ဘူး။ ဒါပေမယ့် သူအကုန်လုံးကို ထမ်းဆောင် ခဲ့ တယ်။ နောက်တော့ သူ ဂရုဏာဒေါသောနဲ့ အားလုံးကို မကျေမနပ် ဖြစ်ခဲ့တယ်။
 
သူဒီလောက် အပင်ပန်းခံလုပ်နေတာတောင်မှ အရပ်ထဲမှာ အစိမ်းရောင်ကို မြင်လို့ အထင်သေးတဲ့ သူေ တွ ကို သူ စိတ်တိုတယ်။ ဒီလောက် ပင်ပန်းဆင်းရဲတာကို ဒီအတိုင်း ကြည့်နေရမလားဆိုပြီး လူကြီးတွေ ကို အပြစ် ဆိုမိတယ်။ ငါ့သားတွေ ဘယ်တော့မှ စစ်ထဲ မ၀င်နဲ့လို့ သူရေးခဲ့တယ်။
 

တစ်နေ့မှာတော့ တိုင်းပြည် တာဝန်ထမ်းဆောင်ရင်း သူ့အသက်ကို ပေးခဲ့ရတယ်။ အောင်ပွဲဆိုတာကို သူမမြင် ခဲ့ဘူး။ ငြိမ်းချမ်းရေးဆိုတာ အတွက် အသက်ကို ပေးဆပ်ရင်း မကျေမနပ်ဖြစ်ခြင်းတွေနဲ့ သူဟာ အခု ထိ ကချင် တောင်တန်းတွေကြားမှာ ရှိချင်ရှိနေအုံးမှာပါ။
 
 www.MyanmarExpress.net
 

8 comments:

ကောင်း ရာ သု ဂ တိ ရောက် ပါ စေ
ဟို ဘက် က သူ အ ရပ် ဒေ သ ရာ သီ ဥ တု ဒဏ် ကို ခံ နိုင် ရည် ရှိ ပေ မဲ့ မြေ ပြန့် က လူ တွေ က နှင်း ကိုက် တဲ့ ဒဏ် ကို မ ခံ ပါ ဘူး
ဟို က အော် ဒီ က အော် တာ ကို ဂ ရု စိုက် နေ မှာ ဆို ရင် တပ် တွေ ကို ပြန် ရုတ် သိမ်း ပေါ့ အ လ ကား သွား သေ ခိုင်း နေ သ လို ဖြစ် နေ ပြိ
ရှင်း မှာ ဆို လဲ ကျူ ပင် ခုတ် ကျူ ငုတ် မ ကျန် ရှင်း ဘာ မှ နား မ ထောင် နဲ့
စစ် တပ် မှာ က တိုက် ပွဲ တစ် ခု သွား တိုက် တိုင်း ပြစ် မိန့် ပေး မှ ပစ် ခွင့် ရှိ တာ ပစ် မိန့် တောင်း နေ တုန်း င ပွေး တွေ က အ ရင် ပြစ် ပြစ် သွား တာ နဲ့ ကျ ကုန် တာ
သေ သွား တဲ့ တပ် သား တွေ ရဲ့ ဝတ် ညဥ့် လည်း ငို နေ ပြီး ကျံ ရစ် နေ ခဲ့ ဘိုး ဘွား မိ ဘ ဇ နီး သား တွေ ဟာ တွေ ငို ကြွေး နေ ရ အုံး မှာ မ လွဲ ပါ

အရမ်းရင်နင့်ခံစားရပါတယ်။ အရပ်ထဲမှာ စစ်သားလူရာမဝင် ခဲ့တာကြာလှပါပြီ

တပ်မတော်သားတွေကိုအရမ်းလေးစားပါတယ်။တရားသောစစ်အောင်မြင်ပါစေ။

စ စ် ဆို တာ မ ရှိ သင့် တော့ ပါ ဘ ယ် ဘက် က ပဲ ဖြစ် ဖြစ် ဆုံး ရှုံး ပေး ဆပ် ရ တာ တွေ ဟာ ခါး သီး လွန်း ပါ တယ်

အ စိမ်း ရောင် မုန်း တဲ့ သူ တွေ သူ တို့  နဲ့ ခဏ တွဲ ဘူး မှ သူ တို့ ဘဝကို စာ နာ နိုင် မှာ ပါ ဒီနိုင် ငံ မှာ ခု ဆို အ စိမ်း ရောင် နဲ့ ကင်း တဲ့ မိ သား စု ဆွေ မျိုး အ သိုင်း ဝိုင်း ခပ် ရှား ရှား ပါ ဘာ လာ လာ ခြေ ကန် ညင်း နေ ပြီး စစ် မှု မ ထမ်း မ နေ ရ ဥ ပ ဒေ လာ မယ် ဆို တော့ အ လန့် တ ကြား။ကို ရီ ယား အောက် ဆွဲ တွေ ဒါ မျိုး ကျ မသိ သ လိုနေ

အစိမ်းရောင်တိုင်းမမုန်းပါဘူး အဲဒီအစိမ်းရောင် ပခုံးထက်က ရွှေ ရောင်ပြိုးပြိုးပြက်ပြက် အများကြီးတွေကြောင့် တိုင်းပြည်နာခဲ့တာပါ။

NLD people can dolike this? tell me.. all bull shit..

တော် ပြီ ဟို ဘက် ကို လည်း သ နား ဒီ ဘက် ကို လည်း သ နား ဘယ် သူ မှ လည်း မ ကူ ညီ နိုင် ဘဲ အော် နေ သ လို ဖြစ် ရ တာ ကြာ တော့ ကိုယ် ကို ကိုယ် ရှက် သ လို ဖြစ် လာ ပြိ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်