Subscribe to our RSS Feed

မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုအပေါ် အကောင်းမြင်ကြောင်း ကုလပြော

From : rfa

မြန်မာနိုင်ငံအနေနဲ့ သွားရမယ့် ခရီးဝေးသေးကြောင်း၊ ခြေလှမ်း မှားတွေနဲ့လည်း ကြုံရနိုင်ကြောင်း၊ ဒါပေမဲ့ မိမိအနေနဲ့ အခုထိ ဖြစ်ထွန်းမှုတွေ အပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambir က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ သတင်းဌာန က တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။

Photo courtesy of UN Multimedia.org
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဖြစ်ပါသည်။

အမြဲတမ်းအဆိုးမြင်ပြီး သုံးစားမရတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရအပေါ် ဖိအားတွေ ပိုပြီးပေးစေချင်ကြပါတယ်၊ အခုတော့အခြေအနေက ပြောင်းသွားပါပြီ၊ မြန်မာပြည်မှာ ကုလသမဂ္ဂအနေနဲ့ ပိုမိုဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍ ရှိလာနေပါပြီ၊ မြန်မာပြည်မှာ ကုလသမဂ္ဂ က ဦးစားပေးဆောင်ရွက်မယ့် ကိစ္စတွေလည်းရှိပါတယ်၊ ၂ဝ၁၄ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးကိစ္စ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိစ္စ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကိစ္စတွေမှာ ကုလသမဂ္ဂရဲ့  ပါဝင်ကူညီနိုင်တဲ့ အခန်းကဏ္ဍ ပိုပြီးကျယ်ပြန့်လာနေပါတယ် လို့ မစ္စတာ Vijay Nambir က ပြောပါတယ်။
 
 
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်