From : ရဲဇာနည်
www.MyanmarExpress.net
၂-၁-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ကချင်ပြည်နယ် ၊ ဖားကန့်ဆေးရုံတွင်
မိုင်းထိဒဏ်ရာဖြင့် လူနာ၂ ဦး ရောက်ရှိနေကြောင်း သတင်းအရ ဖားကန့်ရဲစခန်းမှ
တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊
ရှရော်ခရွာနေသူများဖြစ်သည့် မောင်ထွေး(ခ) ယဉ်ထွေး(၂၁)နှစ်နှင့်
ဝင်းချို(၃၀)နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။ စစ်ဆေးချက်အရ
၎င်းတို့ ၂ ဦးသည် ဆိုင်းဂျာဘွန်ကျေးရွာအနီးရှိ မြသောက်ကြယ်
ကုမ္ပဏီစွန့်ပစ်မြေစာပုံသို့ ရေမဆေးကျောက် ရှာဖွေရန် သွားရောက်စဉ်
ဆိုင်းဂျာဘွန်ကျေးရွာ အ၀င်၌ ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့်
မိုင်း(၁)လုံးအား ၀င်းချိုမှ နင်းမိပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး
မောင်ထွေးတွင် ၀ဲဘက်တံတောင် မိုင်းစထိမှန်ဒဏ်ရာ၊ ၀င်းချိုတွင် လက်သန်း၊
လက်သူကြွယ် ပြတ်ရှဒဏ်ရာ၊ ၀ဲဒူးစုတ်ပြဲဒဏ်ရာ၊ ၀ဲတင်ပါး
မိုင်းစထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သတင်းရရှိသည်။
www.MyanmarExpress.net



0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်