Subscribe to our RSS Feed

လက်နက်ချ အလင်းဝင်လာသည့် ကေအိုင်အေ (၆)ဦးတွင် မြင်းခြံ တောင်သာဘက်မှ (၄)ဦး၊ လီဆူး (၂) ဦး ပါဝင်

From : http://www.oppositeyes.info/2012/12/blog-post_226.html

ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ကေအိုင်အေတပ်ရင်းမှ ထွက်ပြေးလာသော မြင်းခြံတောင်သာမှ (၄) ဦး၊ လီဆူး လူမျိုး(၂) ဦး စုစုပေါင်း(၆)ဦးအား လက်နက်ငယ်များနှင့် အတူ မြန်မာ့တပ်မတော်ထံသို့ လက်နက်ချ အလင်းဝင် ခဲ့ကြောင်း သိရသည်။

အဆိုပါ(၆) ဦး၏ ပြောပြချက်အရ ၄င်းတို့သည် ရွှေတွင်းလုပ်သားများ ဖြစ်ကြောင်း၊ ကေအိုင်အေမှ ဧရာဝတီ မြစ်ရိုးတစ်လျှောက် ရွှေလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးမည် ဆိုသဖြင့် အင်ဂွန်း တစ်ဝိုက်တွင် ရွှေလုပ်ငန်းများ လုပ်ဆောင်ရန် လုပ်ငန်းရှင်များက ခေါ်ဆောင်လာခဲ့ကြောင်း၊ ရွှေမှော်လုပ်ငန်းများ လုပ်ကိုင်ရန် ဆိုပြီး လာရောက်သည့် ၄င်းတို့(၆)ဦး အပါအ၀င် လူပေါင်း(၁၅၀) ခန့်အား ကေအိုင်အေ လက်နက်ကိုင်များမှ အတင်း ဖမ်းဆီး၍ စစ်တိုက်ရန် စေခိုင်းခဲ့ကြောင်း ပြောပြခဲ့သည်။

၎င်းတို့အား စစ်သင်တန်းများ သင်ကြားပေးခဲ့ခြင်း မရှိဘဲ မီးကျိုးမောင်းပျက် လက်နက်ငယ်များသာ ပေး၍ အသေခံ ခုခံခိုင်းရန် ခြိမ်းခြောက်စေခိုင်းခဲ့ကြောင်း၊ လဂျားယန်း ဒေသသို့ တပ်မတော်(လေ) မှ လေယာဉ်များ ပျံသန်းစဉ်တွင် မိမိတို့အား လိုင်ဇာကို ကာကွယ်ရမည် ဆိုပြီး အားလုံး စုစည်းပြီး ခေါ်ဆောင်ခဲ့ကြောင်း၊ မိမိတို့မှ စုပေါင်းကြံစည်ပြီး ပစ်ခတ် ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း၊ အခြားထွက်ပြေး သူများလည်း တောထဲတွင် တကွဲ တပြား ရှိနေသေးကြောင်း ၄င်းတို့က ပြောခဲ့သည်။
ဓာတ်ပုံများ ရပါက ဆက်လက်ဖော်ပြပါမည်။
 www.MyanmarExpress.net
 

1 comments:

အမြင်မှန်ရသူတွေကိုကြိုဆိုတယ်ဗျာ။သမ္မတကြီးအနေနဲ့ဖြစ်နိုင်ပါကလက်နက်ချတဲ့KIAတပ်သားတွေရဲ့သတင်းကိုတရားဝင်ထုတပြန်ခြင်း(လိုအက်ပါက)သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြင့်KIA MEDIAများကိုပြန်လည်တုံ့ပြန်သင့်ပါတယ်။ဒါမှသာပြည်သူတွေလည်းသတင်းမှန်သိရပြီးKIAထဲမှာဂွမ်မော်တို့ကိုကြောက်လို့သေနတ်မကိုင်ချင်ဘဲကိုင်နေရသူတွေအနေနဲ့လည်းအမြင်မှန်တွေထပ်ရလာနိုင်ပါကြောင်း။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်