Subscribe to our RSS Feed

မုဒိန်းမှုအတွက် ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွား

From : voa


အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံလိုက်ရတဲ့ အမျိုးသမီးနဲ့အတူ အဖော်ပါလာတဲ့ အမျိုးသားက သူကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ပြီးတဲ့နောက် ဒီအပေါ် လူထုရဲ့ စိတ်ဝင်စားမှု နည်းနေတာနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေအပေါ် မကျေနပ်တာကြောင့် နယူးဒေလီမြို့မှာ စနေနေ့က ကန့်ကွက် ဆန္ဒပြပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အမျိုးသားရဲ့ ထွက်ဆိုချက်အပေါ် ရဲတပ်ဖွဲ့က လက်မခံပါဘူး။

သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး လမ်းဘေးမှာ အ၀တ်အစားမပါဘဲ သွေးသံရဲရဲနဲ့ ပစ်ချထားခဲ့ပေမဲ့ ၂၅ မိနစ်ကျော်ကြာမှာ သူတို့ကို ကူညီဖို့ ရဲတွေ ရောက်လာတယ်လို့ အဓမ္မကျင့်ခံလိုက်ရတဲ့ အမျိုးသမီးရဲ့ မိတ်ဆွေက ပြင်သစ် သတင်းဌာနနဲ့ အိန္ဒိယအခြေစိုက် Zee တီဗွီ သတင်းဌာန တို့ကို သောကြာနေ့က ပြန်ပြောင်း ပြောပြခဲ့တာပါ။

ရဲတွေ ရောက်လာတဲ့အချိန်မှာလည်း ဒီအမှုကို ဖြေရှင်းဖို့ ဘယ်ရဲစခန်းရဲ့ အပိုင်း ဖြစ်တယ် ဆိုတဲ့အပေါ် အချင်းချင်း ငြင်းခုန်နေကြပြီး သူတို့ကို အနီးဆုံး ဆေးရုံကို ပို့မပေးဘူးလို့ ဥပဒေလမ်းကြောင်း အခြေအနေအရ အမည်နဲ့ ရုပ်ပုံ ဖော်ပြလို့မရနိုင်တဲ့ အဲဒီ အမျိုးသားက ပြောပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အချိန်မီ အကူအညီပေးနိုင်ခဲ့တဲ့အကြောင်းနဲ့ သူတို့ထံ အကူအညီတောင်းတဲ့ ဖုန်းခေါ်ပြီး မိနစ် ၃၀ အတွင်း သူတို့နှစ်ဦးကို ဆေးရုံပို့ပေးလိုက်နိုင်တဲ့အကြောင်း ဒေလီရဲတပ်ဖွဲ့ရဲ့ ပူးတွဲ ရဲမင်းကြီး Vivel Gogia က စနေနေ့မှာ သတင်းထောက်တွေနဲ့ တွေ့ပြီး ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြန်လည် ဖြေရှင်းခဲ့ပါတယ်။


 www.MyanmarExpress.net

1 comments:

မြန်မာ express ရေ
၈၈ ချီးထုပ် ဂျင် မီ ရဲ့ မိန်းမ ကြီး နေရာ တကာ ပါလေရာလုပ်ပြီး မင်းသားမင်းသမီးတွေကြားထဲ ဝင်ပြီး အခမ်းအနားတွေ တက်လိုက် ပွဲတွေ တက်လိုက် နဲ့ popular တက်လုပ်နေတာ တွေ ဓာတ်ပုံနဲ့တကွ ဆုံးမပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်