Subscribe to our RSS Feed

နိုင်ငံရေး ပါတီတိုင်းသည် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုး ဆောင်ရွက်မည့် မူဝါဒများ ချမှတ် ထားကြသည်ကို တွေ့ရှိ

From : မြဝတီ

ယနေ့ မွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ဥက္ကဋ္ဌများ၏ တွေ့ဆုံ ညှိနှိုင်း အစည်းအဝေး၌ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပေးပို့ တင်ပြ လာသည့် နိုင်ငံရေး ပါတီ အသီးသီး၏ ဖွဲ့စည်းပုံ/ စည်းမျဉ်း မူဝါဒ သဘောထား လုပ်ငန်းစဉ် တို့ကို လေ့လာ ကြည့်လျှင်လည်း နိုင်ငံရေး ပါတီတိုင်းသည် ပါတီစုံ ဒီမိုကရေစီ စနစ်ကို မမှိတ်မသုန် ယုံကြည်ပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုး ဆောင်ရွက်မည် ဖြစ်ကြောင်း မူဝါဒများ ချမှတ် ထားကြသည်ကို တွေ့ရှိ ရပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်လည်း နိုင်ငံရေး ပါတီများသည် နိုင်ငံတော်က ကျင့်သုံးလျက် ရှိသော ''စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီကို ကျင့်သုံး ဖော်ဆောင်ရာတွင် ''အဓိက ကျသည့် နိုင်ငံရေး အင်အားစုများ ဖြစ်သည်ကို လက်ခံ ယုံကြည် ထားပါကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပမှ ဖြစ်စေ ပြည်သူလူထုကို စည်းရုံး ဦးဆောင်၍ ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက် နေကြသည့် အဖွဲ့အစည်းများ ဖြစ်သည်ကိုလည်း အသိအမှတ် ပြုပါကြောင်း၊ ပါတီဝင်တိုင်း အနေနှင့် မိမိအကျိုး၊ ပါတီ အကျိုး ယှဉ်လျှင် ပါတီ အကျိုး၊ ပါတီ အကျိုးနှင့် နိုင်ငံအကျိုး ယှဉ်လျှင် နိုင်ငံ့ အကျိုးကို ဦးစားပေး စဉ်းစား ဆောင်ရွက် သွားကြရန် တိုက်တွန်း လိုပါကြောင်း၊ နိုင်ငံရေး ပါတီတိုင်း၏ နည်းဗျူဟာ (လုပ်နည်း) များသည် တစ်ပါတီနှင့် တစ်ပါတီ မတူ ကွဲပြားကြသော်လည်း မဟာဗျူဟာ (ရည်မှန်းချက်)မှာ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရန်ဆိုသည့် ရည်ရွယ်ချက် ချင်းက တူညီ ကြပါကြောင်း၊ နိုင်ငံတော် တစ်ခုလုံးနှင့် သက်ဆိုင်သည့် အမျိုးသား အကျိုး စီးပွား ကိစ္စများတွင် မတူသည်များ ဘေးဖယ်ထားပြီး တူညီသော ရည်ရွယ်ချက် အတွက် ပူးပေါင်း လုပ်ဆောင်ကြရန် တိုက်တွန်း မှာကြား လိုပါကြောင်း ပြော ကြားသည်



 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်